
သူ့အား ပိုင်နက်ကျူးလွန်မှု၊ ခြိမ်းခြောက်မူ ပုဒ်မများဖြစ်ကြသည့် ၄၅၁ နှင့် ၅၀၆ တို့ဖြင့် ဖြစ်ကြောင်း ဇနီးဖြစ်သူက ပြောဆိုသည်။
မင်းပြားမြို့နယ် တရားရုံးတွင် မမျှတမှုများရှိနိုင်၍ တရားရုံး ပြောင်းလဲရန် မြောက်ဦးခရိုင် တရားရုံးကို အယူခံတင်ခဲ့ရာ မြောက်ဦးခရိုင်တရားရုံးမှ မြေပုံ တရားရုံးကို အမှုအား ဆက်လက် စစ်ဆေးရန် လွဲပြောင်းခဲ့ပြီး ယနေ့ ဇန်ဝါရီလ ၂၈ ရက်နေ့တွင် အမှုနှစ်ခုဖြင့် ထောင် (၁) နှစ်ချလိုက်ခြင်း ဖြစ်ကြောင်း ဦးလှအောင်ညွန့် ဇနီးဖြစ်သူက ပြောသည်။
ဦးလှအောင်ညွန့်အား ပိုင်နက် ကျူးလွန်မှု၊ ခြိမ်းခြောက်မှုဖြင့် တရားစွဲဆိုသူမှာ မင်းပြားမြို့ အောက်ရွာပိုင်းမှ ဒေါ်ဦးမြကြည်ဖြစ်ကြောင်း သိရသည်။
ယခုအမှုမှာ ရွေးကောက်ပွဲတွင် အနိုင် ရရှိသည့် အပေါ် မကျေနပ်သဖြင့် အာဏာရှိသူများက တစ်ဖက်သတ်စွပ်စွဲ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ယူဆကြောင်း ဦးလှအောင်ညွန့် ဇနီးက ပြောကြားသည်။







