မင်းပြားအနိုင်ရပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့် ထောင်တစ်နှစ် ချမှတ်ခံရ

မင်းပြားအနိုင်ရပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့် ထောင်တစ်နှစ် ချမှတ်ခံရ
by -
နိရဥ္စရာ
၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်ကို  မြေပုံမြို့နယ် တရားရုံးက ပုဒ်မ (၂) ခုနှင့် ထောင် တစ်နှစ် ချလိုက်ကြောင်း ဇနီးဖြစ်သူက ပြောကြားသည်။

myan

သူ့အား ပိုင်နက်ကျူးလွန်မှု၊ ခြိမ်းခြောက်မူ ပုဒ်မများဖြစ်ကြသည့် ၄၅၁ နှင့် ၅၀၆ တို့ဖြင့် ဖြစ်ကြောင်း ဇနီးဖြစ်သူက ပြောဆိုသည်။

မင်းပြားမြို့နယ် တရားရုံးတွင် မမျှတမှုများရှိနိုင်၍ တရားရုံး ပြောင်းလဲရန် မြောက်ဦးခရိုင် တရားရုံးကို အယူခံတင်ခဲ့ရာ မြောက်ဦးခရိုင်တရားရုံးမှ မြေပုံ တရားရုံးကို အမှုအား ဆက်လက် စစ်ဆေးရန် လွဲပြောင်းခဲ့ပြီး ယနေ့ ဇန်ဝါရီလ ၂၈ ရက်နေ့တွင် အမှုနှစ်ခုဖြင့် ထောင် (၁) နှစ်ချလိုက်ခြင်း ဖြစ်ကြောင်း ဦးလှအောင်ညွန့် ဇနီးဖြစ်သူက ပြောသည်။

ဦးလှအောင်ညွန့်အား ပိုင်နက် ကျူးလွန်မှု၊ ခြိမ်းခြောက်မှုဖြင့် တရားစွဲဆိုသူမှာ မင်းပြားမြို့ အောက်ရွာပိုင်းမှ ဒေါ်ဦးမြကြည်ဖြစ်ကြောင်း သိရသည်။

ယခုအမှုမှာ ရွေးကောက်ပွဲတွင် အနိုင် ရရှိသည့် အပေါ် မကျေနပ်သဖြင့် အာဏာရှိသူများက တစ်ဖက်သတ်စွပ်စွဲ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ယူဆကြောင်း ဦးလှအောင်ညွန့် ဇနီးက ပြောကြားသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...