ကျောက်ဖြူတွင် ၀င်ရောက်ရှာဖွေသူများကို ဓါးနှင့်ခုခံသူ နေအိမ်မှ မူးယစ်ဆေးဝါးဖမ်းမိ

ကျောက်ဖြူတွင် ၀င်ရောက်ရှာဖွေသူများကို ဓါးနှင့်ခုခံသူ နေအိမ်မှ မူးယစ်ဆေးဝါးဖမ်းမိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အိမ်တစ်အိမ်အား ၀င်ရောက်ရှာဖွေရာ အိမ်ရှင် ဖြစ်သူက ဓါးဖြင့် ခုခံခဲ့သော်လည်း ၎င်းအိမ်အတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

 ယနေ့နံနက် ၅ နာရီခန့်က  ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်ဖြင့် ကျောက်ဖြူမြို့၊ ရခိုင် ပိုက်ဆိပ် ရပ်ကွက်၊ ဆားပြင်ကွင်း ဆင်းလမ်းနေ ဦးစံခင်မောင်၏နေအိမ်သို့ ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးကျော်ဌေး ဦးဆောင်ပြီး ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်အထူးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ၀င်ရောက် ရှာဖွေရာ  WY စာတန်းပါ စိတ်ကြွဆေးပြား ၁၃၄ ပြားနှင့် အတူ ငွေစက္ကူအမျိုးမျိုး  ကျပ် ရ၃၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ကြောင်း  ကျောက်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူး မိုးဇော်သူက ပြောသည်။

 ယခု ဖမ်းဆီးမှုသည် ကျောက်ဖြူမြို့တွင် လူငယ်များ အကြား မူးယစ်ဆေးဝါး သုံးစွဲမှု ပျံ့နှံ့နေမှုကို တားဆီးရန်  ဇန်နဝါရီလ ၂၄ ရက်နေ့က ရဲနှင့်ပြည်သူများ ပူးပေါင်း ဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့မှု အပြီး သုံးရက်တာ ကာလအတွင်း ဖမ်းမိခြင်း ဖြစ်သည်။

  “ သတင်းအရ ဦးစံခင်မောင် နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့ရာမှာ သူက ခုနှစ်လက်မလောက်ရှည်တဲ့ ဓားမြှောင်နဲ့ ရဲတပ်ဖွဲ့ကို ခုခံပါတယ်။ ခုခံတဲ့အတွက် ရုန်းရင်းဆန်ခတ်ဖြစ်သွားပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေတော့ ဒဏ်ရာ ကြီးကြီးမားမား မရခဲ့ပါဘူး။ ရုန်းရင်းဆန်ခတ်ဖြစ်သွားတဲ့အတွက် နဖူးတွေအနည်းငယ် ပွန်းသွားတာတော့ ရှိပါတယ်” ဟု ဖမ်းဆီးရာတွင် ပါ၀င်သူ ကျောက်ဖြူရဲစခန်းမှ တပ်​ကြပ်​ထွန်​းလင်​း ကပြောသည်။

ဦးစံခင်မောင်အား ကျောက်ဖြူရဲစခန်းတွင် မူးယစ် ပ အမှတ် ၁/၂၀၁၆ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉က/၂၀က/၂၁ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...