မောင်တောတွင် စိတ်ကြွဆေးပြား တစ်သိန်းနီးပါးနှင့် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

မောင်တောတွင် စိတ်ကြွဆေးပြား တစ်သိန်းနီးပါးနှင့် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် အမျိုးသမီး တစ်ဦးကို ယခုလ ၂၁ ရက်နေ့က စိတ်ကြွဆေးပြား တစ်သိန်းနီးပါးနှင့် အတူ ရဲက ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ မောင်တောမြို့ ရွာသစ်ကေ ရပ်ကွက်မှ ဘင်္ဂလီလူမျိုး မရှားအာဇန် (၅၅) နှစ် (ဘ) ဆူလ်တန် ဖြစ်ကြောင်း ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။

မောင်တောမြို့ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ၀င်းဌေးဦး ဦးစီးအဖွဲ့နှင့် မူးယစ်တပ်ဖွဲ့စု (၄၆) မှ ရဲအုပ် အောင်မြင့် ဦးစီးသော အဖွဲ့တို့သည်   မြို့ဦးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဟက်ကူရာမန်၊ ရာအိမ်မှူး နူရ်ဆော်မာ တို့နှင့် အတူ ညဉ့်လှည့်ကင်း ဆောင်ရွက်နေစဉ်  မြို့ဦးကျေးရွာ အုပ်စု ဘာဇူဖ ကျေးရွာနေ ဆီရာဇူဟောက် နေအိမ်ရှေ့တွင်  မရှားအာဇန် (၅၅) နှစ်သည် ပီနံအိတ် ထမ်းလာသည်ကို တွေ့ရှိရသဖြင့် ဘင်္ဂလီ လူမျိုး အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးတို့ကို သက်သေထား၍ ပီနံအိတ်ကို ဖွင့်ဖောက်စစ်ဆေးရာ အထုပ်ကြီး (၁၀) ထုပ်မှ စိတ်ကြွဆေးပြား ၉၇၅၀၀ အား ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။

“ ပီနံအိတ်ထဲမှာ အဝါရောင်အဝတ်နဲ့ပတ်ထားတဲ့ အထုပ် (၁၀) ထုပ်ကိုတွေ့ရတယ်။ အဲဒီအိတ်ထဲမှာ တစ်ခါ အပြာရောင် ကပ်ခွာအိတ်ငယ် (၅၀) ကို ထပ်ပြီးတွေ့ရတယ်။ အဲဒီ အိတ်ငယ်ထဲမှာ wy စာတမ်းပါတဲ့ ပန်းရောင် စိတ်ကြွဆေးပြား ၁၉၅ ပြားကို ထပ်တွေ့ရှိရတယ်။ အဲဒီတော့ အဝါရောင် အဝတ်နဲ့ ပတ်ထားတဲ့ အိတ်ကြီး တစ်ခုစီမှာ စိတ်ကြွဆေးပြား ၉၇၅၀ ဖမ်းဆီရမိတယ်။ အိတ်ကြီး၁၀ အိတ်ဆိုတော့ စုစုပေါင်း ၉၇၅၀၀ ကို ဖမ်းဆီး ရမိခဲ့ပါတယ်” ဟု တာဝန်ရှိ ရဲအရာရှိက ပြောသည်။

ယခုအခါ မူးယစ်တပ်ဖွဲ့စု (၄၆) မှ ရဲအုပ် အောင်မြင့်က မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိမှုဖြင့် မရှားအာဇန် (၅၅) နှစ် အား မောင်တော ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုထားပြီး မူးယစ် (ပ) ၁/ ၂၁၀၆၊ မူးယစ်ပုဒ်မ -၁၅/ ၁၉(က) အရ အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။

နိရဥ္စရာသတင်းဌာန

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...