ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးကျင်းပ
by -
နိရဥ္စရာ
ကျင်းပရသည့် အကြောင်းအရင်းမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ရခိုင်ပြည်နယ် အတွင်း သုံစွဲမည့် ဘတ်ဂျက်ကို ခွဲဝေရန် ဖြစ်သည်ဟု လက်ရှိ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။

“ လာမယ့်နှစ်အတွက် ဘတ်ဂျက်က ကျပ် ၁၄၅ ဘီလီယံ ရှိပါတယ်။ ဟိုနှစ်ကထက်တော့ နည်းနည်း နည်းသွားတာပေါ့လေ။ အဓိက ကတော့ ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ ဌာန ၂၃ ခုအတွက် ခွဲဝေမှာ ဖြစ်ပါတယ်” ဟု ဦးအောင်ဝင်းက ပြောသည်။

၂၀၁၆-၂၀၁၇ ဘတ်ဂျက်အား နောက်လာမည့် လွှတ်တော်တွင် မခွဲဝေဘဲ အခု အရေးပေါ် အစည်းအဝေး ခေါ်ပြီး ဘာကြောင့် ခွဲဝေရပါသလဲဟု မေးမြန်းရာ ဦးအောင်ဝင်းက “ နောက်လာမယ့် ပြည်နယ်လွှတ်တော်က မတ်လလောက်မှာ စဖြစ်မယ်ဆိုတော့ ဘတ်ဂျက်က ဧပြီမှာ စမယ်ဆိုရင် နောက်ကျမှာဖြစ်တဲ့ အတွက် အခုလို အရေးပေါ် အစည်းအဝေးခေါ်ပြီး ခွဲဝေရတာ ဖြစ်ပါတယ်”ဟု ပြန်လည် ဖြေကြား ပြောဆိုသည်။

ရခိုင်ပြည်နယ်သည် တိုင်းနှင့် ပြည်နယ် ၁၄ ခုထဲတွင် ဖွံ့ဖြိုးတိုးတက်ရေး အနောက်ကျဆုံး ပြည်နယ် တစ်ခု ဖြစ်သဖြင့် ဘတ်ဂျက်ကို ယခုထက် တိုးပေးသင့်သည်ဟု ထင်မြင်ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘတ်ဂျက်အတွက် ရခိုင်ပြည်နယ် အစိုးရက ကျပ် ၂၅၀ ကျော် ဘီလီယံ တောင်းခံခဲ့သော်လည်း ကျပ် ၁၄၅ ဘီလီယံသာ ခွင့်ပြုခဲ့ကြောင်း၊ ယခုကဲ့သို့ လျော့ကျသွားခြင်းမှာ ပြည်ထောင်စု ဘတ်ဂျက်ထဲတွင်လည်း ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ပါ၀င်နိုင်၍ ဖြစ်နိုင်ကြောင်း ဦးအောင်ဝင်းကရှင်းလင်း ပြောဆိုသည်။

ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ရက်အတန်ငယ် ကြာနိုင်ပြီး ငါးရက်ခန့် သွားနိုင်သည်ဟု ပြောကြားသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...