ကျောက်ဖြူဒေသ လူမှု ဖွံ့ဖြိုးရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမောင်အေးအပါအဝင် လူသုံးဦး အဖမ်းခံရ

ကျောက်ဖြူဒေသ လူမှု ဖွံ့ဖြိုးရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမောင်အေးအပါအဝင် လူသုံးဦး အဖမ်းခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာမှ ကျောက်ဖြူဒေသ လူမှု ဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်အေး အပါအဝင် လူသုံးဦးကို စစ်ထောက်လှမ်းရေးအဖွဲ့ (စရဖ)မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။

Arrested1စရဖ အဖွဲ့ဝင် ရှစ်ဦးခန့်သည် ယနေ့နေ့လယ် ၁၂ နာရီခန့်က လိပ်ခမော်ရွာထဲသို့ အရပ်ဝတ်ဖြင့် ၀င်ရောက်လာပြီး ဦးမောင်အေးအိမ်ကို ၀င်ရောက် ရှာဖွေမှုများ ပြုလုပ်ပြီး ဦးမောင်အေးနှင့်အတူ သူ့အိမ်တွင် ပန်းရံ လုပ်နေသူ နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ရွာသားများက နိရဥ္စရာသို့ ဖုန်းဆက် ပြောကြားသည်။

“ သူတို့ဝင်ဖမ်းတဲ့ အချိန်မှာ ကျေးရွာ အုပ်ချုပ်ရေးမှူးလည်း မပါဘူး။ ရပ်ရွာ လူကြီးတွေလည်း မပါဘူး။ အိမ်ထဲကို ၀င်လာပြီး သေတ္တာတွေ၊ ဘီဒိုတွေကို ဖြိုဖျက်ပြီး ရှာဖွေတယ်။ ပီးရင် လူသုံးယောက်ကို ဖမ်းဆီးပြီး ခလရ ၃၄ ကို ခေါ်ယူသွားပါတယ်” ဟု အမည်မဖော်လိုသူ ရွာသား တစ်ဦးက ပြောသည်။

ဦးမောင်အေးနှင့် အတူ ဖမ်းဆီးခံရသူမှာ ကိုထွန်းသာဖြူနှင့် ကိုဇော်ဝင်းမောင်တို့ ဖြစ်ကြပြီး အသက် ၃၀ အရွယ်များ ဖြစ်ကြသည်ဟု သိရသည်။

သူတို့အား ရက္ခိုင့်တပ်မတော် (အေအေ)နှင့် ဆက်စပ်မှု သံသယဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူမြို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...