ရခိုင်ပြည်နယ်အစိုးရနှင့် စည်းထိန်းသံဃာအဖွဲ့၊ စည်ပင်နှင့် ထောက်ကူပြုကော်မီတီများနှင့် တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ်အစိုးရနှင့် စည်းထိန်းသံဃာအဖွဲ့၊ စည်ပင်နှင့် ထောက်ကူပြုကော်မီတီများနှင့် တွေ့ဆုံဆွေးနွေး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် စည်းထိန်းရဟန်းသံဃာအဖွဲ့၊ စည်ပင်နှင့် ထောက်ကူပြုကော်မတီများနှင့် တွေ့ ဆုံဆွေးနွေးပွဲတစ်ရပ်ကို ဇန်နဝါရီလ ၁၁ ရက်နေ့က စစ်တွေမြို့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မြေမဲ့ယာမဲ့ ကျူးကျော်သူများကို နေရာချထားရန်ကိစ္စ၊ စျေးထဲတွင် သုံးနှစ်လောက်ပိတ်ထားသည့် ဆိုင်ခန်းများကို လေလံတင်ရောင်းချရန်ကိစ္စနှင့် ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များကိစ္စကို ဆွေးနွေး ခဲ့ကြသည်ဟု မြို့မိမြို့ဖ ဆရာ ဦးသန်းထွန်းထံမှ သိရှိရသည်။

“မြေမဲ့ယာမဲ့ကိစ္စတွေကို စာရင်းကောက်ထားတဲ့အတိုင်း အစီစဉ်တကျ သတ်မှတ်ထားတဲ့နေရာကို ရွှေ့ပြောင်းနေရချထားပေး မယ်။ ရွှေ့ပြောင်းပြီးတာနဲ့ အဲ့ဒီ မီးလောင်မြေနေရာတွေကို ရှင်းလင်းရေးလုပ်ပြီးတော့ ပန်းခြံတွေ၊ ကလေးကစားကွင်းတွေ အဖြစ် ပြုလုပ်သွားမယ်လို့ သိရပါတယ်”ဟု ဆရာဦးသန်းထွန်းက ပြောသည်။

၂၀၁၂ ခုနှစ် ရခိုင်-ဘင်္ဂလီအရေးအခင်းကြောင့် စျေးထဲတွင် ပိတ်ထားရသည့်ဆိုင်ခန်းများကို စည်ပင်ဥပဒေနှင့်အညီ နိုင်ငံသား၊ တိုင်းရင်းသားများကို လေလံတင်ရောင်းချရန် သဘောတူညီမှု ရရှိခဲ့သည်ဟု သိရသည်။

စစ်ဘေးချောင်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် လက်ရှိဒုက္ခရောက်နေသော စစ်ဘေးရှောင်များ စားဝတ်နေရေးများကို ပြည်နယ် အစိုးရအနေဖြင့် အတတ်နိုင်ဆုံး ပံ့ပိုးကူညီပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သူတစ်ဦးထံမှ သိရသည်။

“မြန်မာ့တပ်မတော်အနေနဲ့ စစ်ရေးသဘောတရားအရ တစ်ဘက်လက်နက်ကိုင် အဖွဲ့နဲ့ဆက်စပ်တဲ့သူတွေကို ဖမ်းတာကိုတော့ ဘာမှမှတ်ချက်မပေးလိုပါဘူး။ ဒါပေမယ့် အေးအေးဆေးဆေး လုပ်ကိုင်စားသောက်နေထိုင်နေကြတဲ့ သာမန်အရပ်သူ အရပ်သားတွေကို အကြောင်းမဲ့ဖမ်းဆီးမှုတွေ မလုပ်ကြဖို့ ပြည်နယ်အစိုးရနဲ့ တပ်မတော်ကို တောင်းဆိုလိုပါတယ်”ဟု စည်းထိန်းသံဃာအဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ သာသနာ့ရံသီဆရာတော်က ပန်ကြားခဲ့သည်ဟု သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထင်လင်းလည်း တက်ရောက်ခဲ့ပြီး တောင်းဆို ဆွေးနွေးချက် များကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက လက်ခံခဲ့ကြသည်ဟု သိရှိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...