စာတမ်ပြုစုရေးကော်မတီတွင် သံဃာတော် ၃ ပါးနှင့် မွန်လူမှုရေးအဖွဲ့ခေါင်ဆောင်များ အမျိုးသားရေးလှုပ်ရှားသူများ စုစုပေါင်(၁၇)ဦးဖြင့် ဖွဲ့စည်းထားပြီး မွန်အမျိုးသားကွန်ဖရင့်ကျင်းပမည့် မတ်လမတိုင်မီ မွန်တစ်မျိုးသားလုံး စည်လုံးညီညွတ်ရေး စာတမ်းပြုစုပြီးမြောက်အောင် ကော်မတီက လှုပ်ရှားရမည်ဖြစ်ကြောင်း စာတမ်းပြုစုရေး ကော်မတီဝင်တစ်ဦးက ပြောသည်။
‘ယခုလို ကျွန်တော်တို့ တစ်မျိုးသားလုံးညီညွတ်ရေးမှာ အဓိကအခန်းကဏ္ဍကတော့ ပါတီထိပ်ပိုင်းခေါင်ဆောင်တွေပါ။ ဒါပေမဲ့ ဒီနေ့အစည်းအဝေးမှာ သူတို့ပါမလာဘူး၊ အဲဒါက ညီညွတ်ရေးကို မလိုလားတဲ့သဘောဖြစ်နေတယ်။ ဒါတွေကို ကျွန်တော်တို့ စောင့်ဆိုင်းနေလည်းမဖြစ်ဘူး၊ မဖြစ် ဖြစ်အောင ်ကျွန်တော်တို့ကြိုးစားရမှာပဲ’ ဟု မွန်ရေးရာအဖွဲ့ MAU ဗဟိုကော်မတီအဖွဲ့ဝင်လည်းဖြစ် ကွန်ဖရင့်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်လည်းဖြစ်သူ နိုင်ဇာတိနိုင်က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က မော်လမြိုင်တွင် ကျင်းပခဲ့သော ပထမအကြိမ် မွန်အမျိုးသားကွန်ဖရင့်တွင်လည်း မွန်တစ်မျိုးသား လုံးအတွက် စည်းလုံး ညီညွတ်ရေးစာတမ်းကို မွန်ဒီမိုကရေစီပါတီနှင့် ပြည်ပရောက် မွန်အဖွဲ့အစည်း(OMCC) တို့ တင်ပြဆွေးနွေးမှုရှိခဲ့သော်လည်း လက်ရှိတွင် မွန်အမျိုးသားစည်းလုံးညီညွတ်ရေးကို ပိုပြီးရှုပ်ထွေးစေသည်ဟု ဝေဖန်သံများ ထွက်ပေါ်နေသည်။
“ဒီစာတမ်းကို မွန်အမျိုးသားညီလာခံတိုင်းမှာ ရေးဆွဲနေတာဖြစ်တယ်။ ဒါပေမယ့် ဒီတစ်ခေါက်မှာ ပိုပြီးလေးနက်ဖို့ ပိုပြီးအရာရောက်ဖို့နဲ့ ကျွန်တော်တို့လူမျိုးတွေ လေးစားလိုက်နာဖို့ ဒီတစ်ခေါက်မှာတော့ သေသေချာချာ လုပ်ရမှာဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဒီကနေ့ အကြံညံတွေတောင်းဖို့ အားလုံးကို အခုလိုဖိတ်ခေါ်လိုက်တာပါ” ဟု မွန်ရေးရာအဖွဲ့ (ပြည်တွင်း) သဘာပတိဖြစ်သူ နိုင်ဗညားဂဂျော့ ကပြောသည်။
လာမည့် မတ်လလောက်တွင် ကျင်းပရန်ရှိသည့် မွန်တစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးစာတမ်းကို မွန်အမျိုးသားကွန်ဖရင့်တွင် တက်ရောက်သူ ကိုယ်စားလှယ်များက တင်ပြဆွေးနွေးကြမည်ဖြစ်သည်။
လာမည့်သီတင်းပတ်တွင် အဆိုပါကော်မတီဝင်များ ထပ်မံတွေ့ဆုံသွားမည်ဖြစ်ပြီး စာတမ်းရေးဆွဲရန်အတွက် ရေးဆွဲမည့် သူများအား ရွေးချယ်ဆုံးဖြတ်သွားမည် ဖြစ်သည်။
လာမည့် မတ်လတွင် ကျင်းပမည့် မွန်အမျိူးသားကွန်ဖရင့်မတိုင်မီ စာတမ်းအပြီးသတ်ရေးဆွဲရန် သတ်မှတ်ထားပြီး ညီညွတ်ရေးအပိုင်းတွင် ကဏ္ဍအများအပြားပါ၀င်သည့်အတွက် စာတမ်းပါဝင်ရေးဆွဲသူဦးရေများပါက အပိုင်းလိုက်ခွဲ၍ ရေးဆွဲသွား မည်ဟု သိရသည်။







