နိုင်ဟံသာက “ဒီပွဲကတော့ လူမျိုးပေါင်းစုံနဲ့ ပတ်သက်နေတယ်၊ ပြီးခဲ့တဲ့ ဇန်နဝါရီလ ရ ရက် ၈ ရက်နေ့က UNFC အစည်းအဝေးမှာ မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်လွှတ်ခဲ့တယ်၊ အဖွဲ့အစည်းအားလုံး မပါဘူးဆိုရင် ကျနော်တို့အနေနဲ့ မတက်ပါဘူး” ဟု ပြောသည်။
အစိုးရအဖွဲ့နှင့် တပ်မတော်ရေးဆွဲခဲ့သည့် နိုင်ငံရေးမူဘောင်အား လက်နက်ကိုုင်တိုင်းရင်းသားများ လက်မခံနိုင်ခြင်း ၊ အဓိက သုံးပွင့်ဆိုင်ဆွေးနွေးပွဲ မဖြစ်မြောက်ဘဲ အစိုးရက အပေါ်စီးမှ နေရာရယူထားပြီးသား ဖြစ်နေသည့်အတွက် ယခုကျင်းပ သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတက်ရောက်ရန် ဆုံးဖြတ်ထားသကဲ့သို့ UNFC အနေဖြင့်လည်း တက်ရောက် မည်မဟုတ်ကြောင်း နိုင်ဟံသာက ဆက်ပြောသည်။
တစ်နိုုင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA တွင်ပါဝင်သည့် သုံးပွင့်ဆိုင်ကိုယ်စားပြုမှုကို အခြေခံ သည့် နိုင်ငံရေးဆွေးနွေးပွဲပုံစံမှ ငါးပွင့်ဆိုင် ဆွေးနွေးပွဲပုံစံသို့ ပြောင်းလဲသွားခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာ၏ အဓိကသော့ချက်ဖြစ်သည့် ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသား တန်းတူရေး ကိစ္စရပ်အပေါ် အလေးထားမှုကို လျော့ကျစေနိုင် သည်ဟုလည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့က အရပ်ဘက် လူမှုအဖွဲ့အစည်းများ သဘောထားထုတ်ပြန်ချက်တွင် ထောက်ပြ ထားသည်။
နိုင်ငံရေး ဆုံးဖြတ်ချက်ချမှတ်သည့် နေရာတွင် တပ်မတော်၏ ချုပ်ကိုင်မှုအာဏာကို လျော့ချသင့်ကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲတွင် သက်ဆိုင်သော နိုင်ငံရေးအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများတို့၏ တူညီသည့် ဆုံးဖြတ်ချက်များသာ အဓိက ဖြစ် သင့်ကြောင်း၊ ယခုကျင်းပသည့် ပြည်တောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် တပ်မတော်၏ လက်ထဲသို့ ဆုံးဖြတ်ချက်အာဏာကို ပုံအောပေးထားသကဲ့သို့ ဖြစ်နေသည့်အတွက် ကိုယ်စားပြု အချိုးအစားကို ပြန်လည်သုံးသပ်ရ မည် ဖြစ်ကြောင်း၊ သို့မှသာ ပင်လုံစာချုပ်၏ အနှစ်သာရကို အကောင်အထည်ဖော်နိုင်မည်ဟု မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူအဖွဲ့မှ ဒေါ်ခင်ဥမ္မာက ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအပေါ် နိုင်ငံရေးဆွေးနွေးပွဲတက်ရောက်မည့် ကိုယ်စားပြု အချိုးအစားများနှင့် ဆုံးဖြတ်ချက်ရ ယူမည့် ရာခိုင်နှုန်း သတ်မှတ်ချက်များကို ပြန်လည်သုံးသပ်ရန်အတွက် အရပ်ဖက်လူထုအဖွဲ့အစည်းများ၏ သဘောထားကို ဇန်နဝါရီလ ၅ ရက်နေ့က ထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်က “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ဟာ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် ပထမ အစ ခြေလှမ်းသာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး ပါ၀င်လက်မှတ်ရေးထိုးနိုင်ဖို့ မလွဲမသွေ ကြိုးပမ်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်းကြားမှာ အန်စီအေစာချုပ်ကို လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အချင်းချင်း စိတ်ဝမ်းမကွဲကြဖို့ အရေးကြီးပါတယ်။” ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
အစိုးရနှင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ၈ ဖွဲ့ပါဝင်သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ဇန်နဝါရီ ၁၂ ရက်နံနက်ပိုင်း က နေပြည်တော်၌ စတင်ကျင်ပခဲ့ရာ ညီလာခံဖွင့်ပွဲတွင် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်အကြီးအကဲ များ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်ဟု သိရသည်။







