ဒီဇင်ဘာလ ၂၈ မှ ဇန်နဝါရီလ ၄ ရက်အတွင်း တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ခဲ့ဟု အစိုးရတပ်ဘက်မှ သတင်းထုတ်ပြန်

ဒီဇင်ဘာလ ၂၈ မှ ဇန်နဝါရီလ ၄ ရက်အတွင်း တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ခဲ့ဟု အစိုးရတပ်ဘက်မှ သတင်းထုတ်ပြန်
by -
နိရဥ္စရာ
မြန်မာ့ အစိုးရတပ်မတော်မှ ထုတ်ပြန်သော တိုက်ပွဲ ဖြစ်ပွားရာနေရာ
မြန်မာ့ အစိုးရတပ်မတော်မှ ထုတ်ပြန်သော တိုက်ပွဲ ဖြစ်ပွားရာနေရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း မြန်မာ အစိုးရတပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (အေအေ) တို့သည် ၂၀၁၅ ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ဇန်နဝါရီလ ၄ ရက်နေ့အတွင်း တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြန်မာ့ အစိုးရတပ်ဘက်မှ သတင်း ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း အေအေမှ လက်ဖြောင့် သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်မှုကြောင့် တပ်မတော်မှ တပ်ရင်းမှူး ၁ ဦး အပါအဝင် အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော် အတွက် အသက်ပေးလှူကာ တချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု ဖော်ပြသည်။

အေအေအဖွဲ့မှ အလောင်းသုံးလောင်းနှင့် သေနတ်တစ်လက်၊ ကျည်မျိုးစုံ ၁၂၅၀ တောင့်၊ မိုင်းမျိုးစုံ ၄၄ လုံး၊ လက်ပစ်ဗုံး ၁၀လုံး၊ ယာယီ အခြေပြု စခန်း လူနေတဲ ၁၅ လုံး၊ ဆန် ၄၂ အိတ်၊ ဆီ ၁၅ ပုံး၊ ဆေးဝါးမျိုးစုံတို့အား သိမ်းဆည်းရမိသည်ဟု ဖော်ပြသည်။

ယခု သတင်းထုတ်ပြန်ချက်သည် မြန်မာ အစိုးရ စစ်တပ်ဘက်မှ ပထမအဆုံး အကြိမ် ရက္ခိုင့်တပ်မတော်နှင့် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်ပြီး ထုတ်ပြန်ခြင်း ဖြစ်သည်။

တိုက်ပွဲ ဖြစ်ပွားရာ ဒေသမှာ ကျောက်တော်မြို့နယ် ရမ်းချောင်း၊ ရူးချောင်း ဒေသတွင် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...