ရွာသားပိုင်မြေ စစ်မှုထမ်းဟောင်းအဖွဲ့က ဆိုင်းဘုတ်ထောင်ရာမှ ပြဿနာ ဖြစ်ပွား

ရွာသားပိုင်မြေ စစ်မှုထမ်းဟောင်းအဖွဲ့က ဆိုင်းဘုတ်ထောင်ရာမှ ပြဿနာ ဖြစ်ပွား
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် သားရွဲကျေးရွာမှ ရွာသားများပိုင် ဘုံမြေ တစ်ခုကို စစ်မှုထမ်းဟောင်းအဖွဲ့မှ ဆိုင်းဘုတ်ထောင်ရာမှ  ရွာသားနှင့် စစ်မှုထမ်းဟောင်း အဖွဲ့တို့အကြား ပြဿနာ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

မြေနေရာအကျယ်အဝန်းမှာ တစ်ဧကခန့်ရှိပြီး သားရွဲကျေးရွာသားများ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လာခဲ့သော မြေဖြစ်ကြောင်း အဆိုပါကျေးရွာနေ ဦးခင်မောင်လှက ပြောသည်။

ယင်းမြေပေါ်တွင် ပေါက်တောမြို့နယ်မှ စစ်မှုထမ်းဟောင်းအဖွဲ့က သူတို့ပိုင်သည့် မြေဟု ဆိုကာ မကျူးကျော်ရန် ဆိုင်းဘုတ်လာထောင်ထားရာမှ ရွာသားများနှင့် သူပိုင် ကိုယ်ပိုင် အပြင်းပွားနေ ကြသည်ဟု သိရသည်။

“ကျွန်တော်တို့ရဲ့ဘိုးဘွားမြေကို စစ်မှုထမ်းဟောင်းက ဒီနေ့ဒီအချိန်ကျမှပဲ ငါတို့ မြေဆိုပြီးတော့ လာလုပ်ပါတယ်။ စစ်မှုထမ်းဟောင်းမြေဆိုပြီးတော့ ကျွန်တော်တို့လည်း တစ်မှလည်း ကြားသိရတာ မရှိဘူး။ ကျွန်တော်တို့ဆီကို အခုနက ပြောသလို စစ်မှုထမ်းဟောင်းက ပိုင်ဆိုင်တယ်ဆိုတဲ့ အထောက်အထားလေးတွေလည်း ဒီနေ့ထက် တိုင်အောင် မတွေ့ရှိရပါဘူး”ဟု သူက ဆိုသည်။

စစ်မှုးထမ်းဟောင်းအဖွဲ့က ရွာသားပိုင် မြေပေါ် ဆိုင်းဘုတ်ထောင်ထားခြင်းအပေါ် ဖြေရှင်းပေးရန် ပေါက်တောမြို့နယ်အုပ်ချုပ်ရေး မှူးထံ တင်ပြတောင်းဆိုထားသော်လည်း အကြောင်းမထူးသေးဟု ဒေသခံများက ဆိုသည်။

“ကျွန်တော်တို့ရဲ့ကျေးရွာပိုင်နက်မြေကို ကျွန်တော်တို့က လိုချင်တယ်။ မြို့နယ် အုပ်ချုပ်ရေးမှူး ဆီလည်း တင်ပြပြီးပြီ။ ဒါကြောင့် သက်ဆိုင်တဲ့၊ တတ်နိုင်တဲ့၊ အကြံဉာဏ် ပေးနိုင်တဲ့သူတွေနဲ့ နှီးနှောတိုင်ပင်ပြီးတော့ ကျွန်တော်တို့ ဆက်ပြီး အလုပ်လုပ်သွားမယ်”ဟု အဆိုပါကျေးရွာမှ ဦးမောင်စောညွန့်က ဆိုသည်။

နိရဥ္စရာမှ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ပေါက်တောမြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်ရာ  တာဝန်ရှိသူတစ်ဦးက ယခုကိစ္စကို ပြေလည်အောင်ဖြေရှင်းပေးသွားမည်ဟု ပြောဆိုသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...