တေးသံရှင် ကိုကိုနိုင်(ဗျာလ) မွေးရပ်မြေတွင် သိန်းတစ်ထောင်ကျော် အကုန်ကျခံ၍ အလှူလုပ်

တေးသံရှင် ကိုကိုနိုင်(ဗျာလ) မွေးရပ်မြေတွင် သိန်းတစ်ထောင်ကျော် အကုန်ကျခံ၍ အလှူလုပ်
by -
နိရဥ္စရာ
ရခိုင်တေးသံရှင် ကိုကိုနိုင်(ဗျာလ)နှင့် သူ၏ မိသားစုသည် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ မြေနီ တောင်တွင် သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ အလှူအတန်းများ ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

အဂ္ဂမဟာပဏ္ဍိတ ပြည်တွင်းပြည်ပ သာသနာပြု အလိုတော်ပြည့် ဆရာတော်ကြီးအားအမှူးထား၍ ရခိုင် တေးသံရှင်ကိုကိုနိုင်(ဗျာလ)က ကျပ်သိန်း တစ်ထောင်ကျော် တန်ဖိုးရှိသော သိမ်၊ ကျောင်း၊ ဓမ္မာရုံ စသည်တို့ကို မြေနီတောင် တော်မြတ်ရှိ တောင်နီတောရပ် ဓမ္မရိပ်သာအတွင်း ဆောက်တည် လှူဒါန်းခဲ့ပြီး ဆားချက်တိုက် နယ်ဆေးရုံအတွက် ဓာတ်မှန်စက်တို့ကို ယခုလ ၄ ရက်နေ့က ရေစက်ချ လှူဒါန်းခဲ့သည်။

“စုစုပေါင်း သိန်းတစ်ထောင်ကျော် လှူဒါန်းခဲ့ပါတယ်။ ကိုယ့်မွေးရပ်ဇာတိနဲ့ အများပြည်သူတွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ရော သာသနာတော် ပြန့်ပွားစေချင်တဲ့ ဆန္ဒနဲ့ပါ ကိုယ့်မွေးရပ် မာန်အောင်မှာ ပြန်လည် လှူဒါန်းခြင်းဖြစ်ပါတယ်”ဟု အလှူရှင် ကိုကိုနိုင် (ဗျာလ)က ပြောသည်။

ကိုကိုနိုင်(ဗျာလ)က “ရှေ့ဆက်ပြီးတော့လည်း အလိုတော်ပြည့် ဆရာတော်ကြီးရဲ့ ဦးဆောင်မှု အောက်မှာ ကိုယ့်ရခိုင်ပြည်နယ်၊ ကိုယ့်မြို့ရွာဒေသတိုးတက်ရေးအတွက် တတ်နိုင်သလောက် ဆောင်ရွက်သွားမှာပါ”ဟု ဆက်လက် ပြောဆိုသည်။

ကွယ်လွန်သူဖခင်ကြီး(ဦးမောင်တင်)ကိုရည်စူးကာ မိခင်ကြီးဒေါ်မလှရင်၊ သား ကိုကိုနိုင်(ဗျာလ)၊ ညီ ကိုစိုးလေး (ရွှေသုဝဏ်ရတနာရွှေ ဆိုင်) မိသားစုမှ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

မာန်အောင်မြို့နယ်မြေနီတောင် အနောက်ဘက်တွင်အလိုတော်ပြည့်ဆရာတော်ကြီး၏ ကြီးကြပ် ဦးဆောင်မှုဖြင့် ကျပ်သိန်းပေါင်း ၁၆ဝဝ ခန့် ကုန်ကျမည့် အမြင့်(၅၄) ပေရှိ ရန်ပြေ မာန်ပြေရပ်တော်မူ ဘုရားတစ်ဆူကို ကိုကိုနိုင်မိသားစုက မတည်၍ ရန်ကုန်မြို့မှ အလှူရှင်များ အပါအဝင် အများပြည်သူ များ၏ ကောင်းမှုဖြင့် တည်ထားနေပြီး လာမည့်နှစ် ဧပြီလအတွင်း ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...