မယူကမ်း အရှေ့ခြမ်း စေတီပြင်- မော်ထက်ချောင်း ကြိုးတံတား များမကြာမီ ပြီးစီးမည်

မယူကမ်း အရှေ့ခြမ်း စေတီပြင်- မော်ထက်ချောင်း ကြိုးတံတား များမကြာမီ ပြီးစီးမည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူကမ်းတွင် တည်ဆောက်နေသော စေတီပြင်-မော်ထက် ချောင်းကူး ကြိုးတံတားမှာ များမကြာမီ ပြီးစီးတော့မည်ဟု သတင်းရရှိသည်။

ယခုအခါ ဖောင်ဒေးရှင်းတည်ဆောက်ရာတွင် ၉ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ကြိုးနှင့်ဆက်စပ် ပစ္စည်းများကို အလှူရှင်ကိုယ်တိုင် လာရောက်ကြီးကြပ်၍ ဇန္နဝါရီ လဆန်းပိုင်းတွင် တပ်ဆင်ပေးသွား မည်ဟု သိရသည်။

တံတားပြီးစီးပါက ဒေသခံပြည်သူမျုားအတွက် ပညာရေး၊ ကျန်းမာရေး၊ စီပွားရေးတို့ အတွက် အထောက်အကူဖြစ်လိမ့် မည်ဟု စေတီပြင်ကျေးရွာမှာ ဆေးဆရာကြီး ဦးလှမောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“စေတီပြင် တစ်ဘက်ကမ်းမှာရှိတဲ့ ကျေးရွာတွေနဲ့ အနီးအနားမှာရှိတဲ့ ကျေးရွာတွေဟာ ပညာရေး၊ ကျန်းမာရေး နဲ့ စီးပွားရေး ကိစ္စတွေမှာ စေတီပြင်ကျေးရွာကို မှီခိုနေရပါတယ်။ ဒီတံတားပြီးဆုံးသွားရင် ချောင်းတစ်ဘက်ကမ်းမှာ ရှိတဲ့ မော်ထက်၊ ကျောက်ရံ၊ သိမ်တောင်၊ ဖက်လိပ်နဲ့ ပေါက်တောကျေးရွာ တွေကို ဖြတ်ပြီးတော့ ဘူးသီးတောင်၊ မောင်တောအထိ သွားရောက်နိုင်ပြီးတော့ ဒေသခံတွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးတွေကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်”ဟု ဆိုသည်။

တံတားသည် အကျယ် ၅ပေ ရှိပြီး အလျား ပေ ၂ဝဝ ခန့်ရှိကာ ၎င်းတံတားပြီးစီးပါက လူများလမ်းလျှောက် ဖြတ်ကူးနိုင်မည့် အပြင် နှစ်ဘီးဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များလည်း ဖြတ်ကူနိုင်မည်ဟု သိရသည်။

၎င်းတံတားအတွက် လိုအပ်သော စတီးလ်ကြိုး၊ တံတားဘောင်များ၊ သံတိုင်များ၊ အခင်းသံပြားများ အပါအဝင် လိုအပ်ပစ္စည်းများကို ဆွီဇာလန်နိုင်ငံသား မစ္စတာ တိုနီမှ လှူဒါန်းပြီး တံတား တည်ဆောက်ရေးကို စေတီပြင် ကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများမှ ထည့်ဝင် လှူဒါန်းငွေများ အပြင် လုပ်အားဒါနဖြင့် ဝိုင်းဝန်း တည်ဆောက်လျှက်ရှိသည်။

တံတားဖောင်ဒေးရှင်းအတွက် သိန်း ၂ဝဝခန့် ကုန်ကျမည်ဖြစ်ပြီး စေတီပြင်ကျေးရွာနှင့် အနီးအနား ကျေးရွာများမှ သိန်း ၁၅၀ ကျော် ကောက်ခံရရှိထားပြီဟုလည်း သိရသည်။

ယင်းတံတားဖြစ်မြောက်ရေးအတွက် ၂၀၁၂ ခုနှစ် ကတည်းက ဒေခံများနှင့် UNDP တို့ ပူးပေါင်းပြီး တည်ဆောက်ရန် ကြီးစားခဲ့ကြသော်လည်း ၂၀၁၂ ခုနှစ် ရခိုင်-ဘင်္ဂလီ  ပဋ္ဋိပက္ခကြောင့် ရပ်ဆိုင်းထား ခဲ့ရာမှ အလိုပြည် ဆရာတော်ဘုရားကြီး၏ ကြားဝင်ဆောင်ရွက်မှုကြောင့် ယခုကဲ့သို့ အလှူရှင်နှင့် ဆက်စပ်မိကာ တံတားကို တည်ဆောက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...