ရခိုင်ပြည်နယ်နေ့ တက္ကသိုလ် ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ အမှိုက်ကောက် ဒါန ပြုလုပ်မည်

ရခိုင်ပြည်နယ်နေ့ တက္ကသိုလ် ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ အမှိုက်ကောက် ဒါန ပြုလုပ်မည်
by -
နိရဥ္စရာ
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့်  ၄၁ နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် ရန်ကုန်ရှိ တက္ကသိုလ် အသီးသီးမှ ဆရာမ တချို့ ဦးဆောင်ပါဝင်ပြီး တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက အမှိုက်များ လိုက်လံကောက်ယူခြင်း လုပ်အားဒါန ပြုလုပ်မည်ဖြစ်ကြောင်း ဦးဆောင်သူ ဆရာမ ဒေါ်နီနီအောင်က နိရဥ္စရာသို့ ပြောသည်။

၎င်းအမှိုက်ကောက် ဒါနပြုပွဲကို ရန်ကုန်တိုင်းဒေသကြီး သာကေတ မြို့နယ် တိုင်းရင်းသားကျေးရွာရှိ ရခိုင်ပြည်နယ်နေ့ ကျင်းပမည့် နေရာ အနီးတဝှိုက်တွင် ဒီဇင်ဘာလ ၁၃ ရက်နေ့၊ ပြည်နယ်နေ့ အကြို ပျော်ပွဲရွှင်ပွဲတွင် ပြုလုပ်သွားမည်ဟု သိရသည်။

“အမှိုက်ကောက်သန့်ရှင်းရေးတွေလုပ်ဖို့အတွက်ကတော့ လခယူထားတဲ့ စည်ပင်ဝန်ထမ်းတွေ ရှိပြီး သားပါ။ အဓိကက လူတွေဟာ အမှိုက်တွေကို တွေ့ရာနေရာမှာ စွန့်ပစ်တက်ကြပါတယ်။ ဒါကြောင်း ဆရာမတို့က အမှိုက်တွေကို စနစ်တကျ လိုက်ကောက်ပြီး နမူနာကောင်းပြတာပါ။ လူတွေက အမှိုက် တွေကို စနစ်တကျ စွန့်ပစ်လာကြအောင် စိတ်ဓါတ်တွေကို ပြုပြင်ကြဖို့အဓိက ရည်ရွယ်ပါတယ်”ဟု ဆရာမ ဒေါ်နီနီအောင်က ဆိုသည်။

ယခင်ကလည်း အမှိုက်ကောက်ပြီး ဒါနပြုခဲ့ရာ အများက စိတ်ဝင်တစားဖြင့် ပူးပေါင်း လုပ်ဆောင်ခဲ့မှု များ ရှိခဲ့သည်ဟု သူမကက ပြောဆိုသည်။

“ဆရာမတို့ ပထမ စလုပ်ခဲ့တဲ့ ဆရာတော် ဦးဥတ္တမ ပွဲနေ့ကဆိုရင် ဆရာမတို့ အမှိုက်လိုက် နေတာကို မြင်တွေကြလို့ စိတ်ဝင်တစားဝိုင်းကောက်ပေးကြသလို အမှိုက်ပုံတွေထဲကို စနစ်တကျ စွန့်ပစ်ကြတဲ့ သူတွေကိုလည်း တွေ့ရပါတယ်”ဟု သူမက ဆိုသည်။

တက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်သည့် ကိုဇော်ဌေးဝင်းက “ကျွန်တော်တို့လည်း လူငယ်တွေပါပဲ။ သူများတွေလို ပျော်ပျော်ပါးပါး နေချင်တာပေါ့။ ဒါပေမယ့် အားလုံးအတွက် အမှိုက်ကောက်ပြီး လုပ်အား ဒါနပြုပြီး အားလုံး ပျော်ရွှင်ဝမ်းသာစရာကောင် ဒီအလုပ်ကို ရွေးချယ်ခဲ့တာပါ”ဟု ဆိုသည်။

ယခု အမှိုက်ကောက် လုပ်အားဒါန ပြုလုပ်ရာတွင် အယောက် ၅၀ ကျော် ပါဝင်မည်ဖြစ်ပြီး စိတ်ပါဝင်စားသည့် မည်သူမဆို ပူးပေါင်းပါဝင်နိုင်ကြောင်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...