မြန်မာနှင့် ဘင်္ဂလာဒေ့ရှ် တပ်မှူးအဆင့် အလံတင် အစည်းအဝေး မောင်တောတွင် ပြုလုပ်

မြန်မာနှင့် ဘင်္ဂလာဒေ့ရှ် တပ်မှူးအဆင့် အလံတင် အစည်းအဝေး မောင်တောတွင် ပြုလုပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့ ဒေဝါနဒီခန်းမတွင် မြန်မာနယ်ခြားစောင့်တပ် နှင့် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်တို့ အကြား တပ်မှူးအဆင့် အလံတင်အစည်းအဝေးကို ပြုလုပ်ခဲ့ကြသည်။

အစည်းအဝေးကို ဒီဇင်ဘာ ၁ ရက်နေ့၊ နံနက် ၉ နာရီကနေ ညနေ  ၄ နာရီထိ ပြုလုပ်ခဲ့ပြီး နယ်စပ်နှင့် သက်ဆိုင်သော အကြောင်းအရာ အများအပြားကို ဆွေးနွေးခဲ့ကြသည်ဟု အစည်းအဝေးကို ကိုယ်တိုင် တက်ရောက်ခဲ့သူ အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အစည်းအဝေးတွင် အချက်အလက် အတော်တော်များများကိုလည်း နှစ်ဖက် တပ်မှူးများ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး သဘောတူခဲ့သည့် အချက်များတွင် အပြန်အလှန် သတင်းဖလှယ်ရေး ကိစ္စ၊ မူးယစ်ဆေးဝါး ပူးပေါင်းနှိမ်နှင်းရေးကိစ္စ၊ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်နေသော ဓါးပြများ နှိမ်နှင်းရေး ကိစ္စ၊ တောတွင်း လက်နက်ကိုင်အဖွဲ့များ ကိစ္စနှင် ကုန်သွယ်ရေး ကိစ္စတို့ ပါဝင်သည်ဟု ဆိုသည်။

မြန်မာဘက်မှ အမှတ် (၁) နယ်ခြားစောင့်တပ်ဖွဲ ရဲမှူးချုပ် တင်ကိုကို ဦးဆောင်သော ကိုယ်စားလှယ် (၂၀) တက်ရောက်ပြီး ဘင်္ဂလာဒေ့ရှ်ဘက်မှ စစ်တကောင်း တပ်နယ် တပ်မှူး ဦးစီးသော ကိုယ်စားလှယ် (၂၆) ဦးတက်ရောက်ခဲ့သည်ဟု ဆိုသည်။

နိရဥ္စရာမှ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်ရန် နယ်ခြားစောင့်တပ်ဖွဲ့ ရဲမှူးချုပ် တင်ကိုကိုသို့ ဆက်သွယ်ရာ ဖုန်းမှားနေကြောင်း ပြောဆိုပြီး ဖုန်းချသွားခဲ့သည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...