ဘုရားငါးဆူနှင့် အနန်းကွင်းလမ်း၊ တံတားများ ပြုပြင်ပေးရန် ဒေသခံ လိုလားနေ

ဘုရားငါးဆူနှင့် အနန်းကွင်းလမ်း၊ တံတားများ ပြုပြင်ပေးရန် ဒေသခံ လိုလားနေ
by -
ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားငါးဆူကျေးရွာမှ အနန်းကွင်းကျေးရွာအထိ ပြီးခဲ့သည့် ၂၀၁၃ခုနှစ်မှစတင် ကာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူ ဖောက်လုပ်ထားသော ကတ္တရာလမ်းနှင့် တံတားအချို့မှာ အရည်အသွေး မပြည့်မှီမှုများကြောင့် ပျက်စီးကာ သွားလာရေးခက်ခဲနေရသည့်အတွက် အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်ပေးရန် ဒေသခံများက လိုလားနေ ကြသည်။

လတ်တလော ကြံုတွေ့နေရသည့် လမ်းအခြေအနေနှင့် ပတ်သက်၍ ဒေသခံတစ်ဦးဖြစ်သူ ကြာအင်းရွာမှ စောဖိုးကဲက “အခု အခြေအနေအရဆိုရင် ခရီးသွားပြည်သူတွေ တော်တော်အခက်အခဲ ဖြစ်နေတယ်။ ကားတွေဆင်းပြီး တွန်းနေရတဲ့ ဒုက္ခတွေ ဖြစ် နေတယ်။ ကျောက်ခဲတွေကလည်း တစ်လုံးတစ်လုံး ပေါ်နေတယ်။ နွေပိုင်းတောင် ဒီလောက်ထိဆိုးနေရင် မိုးတွင်းဆို ရေတိုက် စားမှာနဲ့ ဗွက်ထမှာနဲ့ဆို မလွယ်ဘူး။ သက်ဆိုင်ရာကလူတွေ အမြန်ဆုံး လုပ်ဆောင်ပေးဖို့ မေတ္တာရပ် ခံတောင်းဆိုပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဘုရားငါးဆူကျေးရွာမှ အနန်းကွင်းကျေးရွာသို့ ဖောက်လုပ်ထားသည့် (၃၂)မိုင်အရှည်နှင့် လမ်းအကျယ် ၁၂ပေရှိသည့် ယင်း လမ်းမကြီးကို ကတ္တရာခင်းခြင်းမှာ စီမံကိန်း ထက်ဝက်ခန့် ပြီးစီးသွားပြီဖြစ်ပြီး ကျန်ရှိနေသေးသော မြေနီလမ်းအပိုင်းအတွက် ကတ္တရာခင်းခြင်းကို ဆက်လက် လုပ်ဆောင်လျှက်ရှိသည်။

အဆိုပါလမ်းစီမံကိန်းကို ဘုရားငါးဆူမှ ကျုံခဝန်အထိ ဆောက်လုပ်ရေးအဖွဲ့တစ်ဖွဲ့တည်းဖြင့် ဖောက်လုပ်ထားခြင်းဖြစ်သည်ဟု သိရပြီး ယင်းကတ္တရာလမ်းစီမံကိန်းပေါ်တွင် ကွန်ကရစ်တံတား ၁၂စင်း၊ တန်လုံးတံတား ၂၂စင်းနှင့် အုတ်ခုံတံတား ၃စင်း ပါ၀င် ကာ တံတားအားလုံးမှာ ဆောက်လုပ်ပြီးစီးသွားပြီဖြစ်သည်။

သို့သော် ဆောက်လုပ်ပြီးစီးသွားသော တံတားများမှာ အရည်အသွေးပြည့်မှီမှု မရှိသည့်အပြင် သွားလာရာ၌ အဆင်မပြေမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောဆိုနေကြသည့်အတွက် ယင်းအခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဆောက် လုပ်ရေး တာဝန်ရှိသူများထံ တင်ပြထားကြောင်း ကျံုခဝန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စကျော်စွာက ပြောသည်။

“ကတ္တရာလမ်းဖောက်တဲ့ ကိစ္စကတော့ မနှစ်ကပဲ လုပ်တယ်။ မိုးဦးထဲမှာ ပျက်စီးတယ်ဆိုတော့ ဒါက အရည်အသွေး မပြည့်မှီလို့ ပေါ့။ တံတားကျတော့ သူတို့ ၅ပေပေါက်လုပ်ဖို့ မိုးဦးကျတော့ မလုပ်ဘဲနဲ့ သူတို့ ယာယီတံတားထိုးထားတယ်လေ။ ဆောက်လုပ် ရေးဌာနနဲ ့တွေ့တော့ တံတားအခြေအနေဆိုးတဲ့အကြောင်းကို တင်ပြထားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

နိုဝင်ဘာလ ၂၈ရက်နေ့ညနေက အဆိုပါလမ်းတံတားပြင်ရန် ဆောက်လုပ်ရေးပစ္စည်းများကို ယူဆောင်လာပြီးဖြစ်သလို တံတား ပေါ် ဖြတ်သန်းသွားလာ၍ မရသေးသဖြင့် ယာယီလမ်းကြောကို လယ်ကွင်းဘက်သို့ လမ်းလွဲလုပ်ထားကြောင်း ကိုယ်တိုင်မြင် တွေ့သည့် ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယခုဖောက်လုပ်နေဆဲဖြစ်သည့် လမ်းမကြီးသည် သံဖြုဇရပ်မှ ဘုရားသုံးဆူမြို့သို့ ဆက်သွယ်ထားကာ ထိုမှတဆင့် ထိုင်းနိုင်ငံသို့ သွားရောက်နိင်သော အဓိကလမ်းမကြီးတစ်ခုဖြစ်သည်။ ယင်းလမ်းစီမံကိန်းအတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောမြဝင်းက ၂၀၁၁၊ အောက်တိုဘာလ ရရက်နေ့က လွှတ်တော်သို့ အဆိုတင်သွင်းခဲ့ပြီး (၂၀၁၂-၂၀၁၃) ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရက ဘဏ္ဍာငွေကျပ် (၃၂၉.၃)သန်း ခွင့်ပြုပေးထားကြောင်း သိရသည်။

May 30, 2026
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ညအချိန် ဆိုင်ကယ်များကို ဆူညံစွာ...
Photo: กิตติศักดิ์ บุญจันทร์ FB
May 29, 2026
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်၊ မြဝတီ-မဲဆောက် အမှတ် (၂) ကုန်သွယ်ရေးတံတားကို မေလ ၂၈ ရက်...
May 29, 2026
နန်းဝေဖြိုးဇာ — ‘တိုင်းပြည်၏ အနာဂတ်’ ဟု တင်စားခံရသည့် လူငယ်များသည် လမ်းမများပေါ်ရှိ...
CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...