ကျောက်တော်မြို့တွင် ကျေးရွာစာရေးမတစ်ဦး အသတ်ခံရ

ကျောက်တော်မြို့တွင် ကျေးရွာစာရေးမတစ်ဦး အသတ်ခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နာဂရာကျေးရွာ၌ အသက် (၅၅) နှစ်အရွယ် ကျေးရွာ စာရေးမ တစ်ဦးသည် နိုဝင်ဘာ ၂၆ ရက်နေ့၊ တန်ဆောင်မုန်း လပြည့်နေ့ ညနေပိုင်း ရ နာရီခန့်တွင် အသတ်ခံရသည်ဟု သတင်းရရှိသည်။

အသတ်ခံရသူမှာ ဒေါ်မသိန်းကျော့ (လက်ရှိ ကျောက်တော်မြို့နယ် လမ်းမတော် အုပ်စု) တွင် ကျေးရွာ စာရေးမအဖြစ် တာဝန် ထမ်းဆောင်နေသူ တစ်ဦး ဖြစ်ပြီး အိမ်မနေ ရွာဈေးဆိုင်သို့ အသွားလမ်းတွင် တုတ်ဖြင့် ရိုက်သတ်ခံခဲ့ရသည်ဟု ရွာသားများ က ပြောသည်။

“သတ်တဲ့သူ ဘယ်သူလဲဆိုတာကိုတော့ မှောင်နေတော့ လူတွေက မမြင်လိုက်ရဘူး။ ဖြစ်တာက ညနေ ရ နာရီခန့်မှာ ဘုန်းကြီးကျောင်းနဲ့ ရွာအကြား ဈေးဆိုင်ကို သွားတာမှာ အသတ်ခံရတာပါ”ဟု ကျေးရွာ လူကြီး တစ်ဦးဖြစ်သူ ဦးအေးမောင်က ပြောသည်။

ကျောက်တော်ရဲစခန်းသို့ နိရဥ္စရာမှ ဆက်သွယ်ရာ တာဝန်ကျ ရဲအရာရှိမှ လူသတ်မှု ဖြစ်ပွာခြင်းမှာ ဟုတ်မှန်ကြောင်း၊ သေဆုံးသွားသူ စာရေးမအလောင်းကို ကျောက်တော်ဆေးရုံသို့ ယူဆောင်လာပြီး ဆေးရုံအနီးရှိ ဓမ္မာရုံတွင် ထားကြောင်း၊ လူသတ် တရားခံကို ဖမ်းဆီးမိထားကြောင်း ပြောကြားသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆက်လက် မေးမြန်းရာ အမှုစစ်အရာရှိ ပြန်မရောက်သေးသဖြင့် အသေးစိတ် မပြောဆိုနိုင်သေးကြောင်း ရဲအရာရှိက ပြောကြားသည်။

ဖမ်းဆီးခံရသူမှာ နာဂရာကျေးရွာက ဦးအုန်းမောင် အသက် (၄၀) ခန့်ဖြစ်ပြီး သံသယဖြင့် ရဲက ဖမ်းဆီးသွားကြောင်း ကျေးရွာသားများ က ပြောဆိုသည်။

အသတ်ခံရသူ ဒေါ်မသိန်းကျော့တွင် အသက် ၃၀ ကျော် အရွယ် သမီးတစ်ဦးနှင့် အသက် ၂၅ နှစ်အရွယ်သား တစ်ဦးရှိကြောင်း သိရပြီး သမီးဖြစ်သူမှာ အခြားကျေးရွာတစ်ခုတွင် တာဝန် ထမ်းဆောင်နေပြီး သားဖြစ်သူ ရန်နိုင်မှာ ဖားကန့်တွင် အလုပ်လုပ်နေသည်ဟု သိရသည်။

Most read this week

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...