ပေါက်တောမြို့နယ်တွင် အချေတင်စကားများ ရန်ဖြစ်ရာမှ တူမီးသေနတ်ဖြင့် ပစ်၍ လူတစ်ဦးသေဆုံး

ပေါက်တောမြို့နယ်တွင် အချေတင်စကားများ ရန်ဖြစ်ရာမှ တူမီးသေနတ်ဖြင့် ပစ်၍ လူတစ်ဦးသေဆုံး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငပြီတက်ကျေးရွာတွင် နိုဝင်ဘာလ ၂၄ ရက်နေ့၊ ည ၈ နာရီခန့်က တစ်ရွာတည်းသားချင်း အချေတင်စကားများ ရန်ဖြစ်ရာမှ တူမီးသေနတ်ဖြင့်ပစ်၍ လူတစ်ဦးသေဆုံးသွားသည်ဟု သိရသည်။

“နိုဝင်ဘာလ ၂၄ ရက်နေ့ ညပိုင်း ၈ နာရီခန့်က ဖြစ်ပွားတာပါ။ ဖြစ်စဉ်ကို အကြမ်းအားဖြင့် ပြောပြ ရရင်တော့ တူးမီးသေနတ်နဲ့ ပစ်တဲ့လူက ဦးဝင်းမောင် (၃၆) နှစ် ဖြစ်ပါတယ်။ သူကလည်း နည်းနည်း ခပ်ဆိုးဆိုးပါ။ သေဆုံးသူ ဦးမောင်ရွှေစောက အသက် (၃၀) ကျော်ပါ။ သေဆုံးသူနဲ့ အတူ အသက် ၂၀ အရွယ် လူငယ်တွေလည်း ပါပါတယ်။ လုံးထွေးသတ်ပုတ် ကြတာကို တွေ့တော့ လူငယ်တွေ ထွက်ပြေးကြတုန်း သေနတ်သံတစ်ချက် ကြားလိုက်ရတယ်လို့ ဆိုပါတယ်”ဟု ပေါက်တောမြို့မ စခန်းမှူး ဒုရဲမှူး ဘစုကနိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

သေဆုံးသူဦးမောင်ရွှေစောတွင် ဘယ်ဘက်နိုအုံမှာတစ်ချက်၊ ယာဘက်ရင်အုပ်တွင် တစ်ချက်နှင့် ဘယ်ဘက်ပါးတွင် တစ်ချက်ထိမှန်ခဲ့သည်ဟု သိရသည်။

“အပစ်ခံရတဲ့ ဦးမောင်ရွှေစောဟာ တရားခံအိမ်ရှေ့ အနီးအနား အိမ်တစ်ဆောင်မှာ ဒဏ်ရာသုံးချက်နဲ့ သွေးအိုင်ထဲမှာ မှောက်လျက်သေ ဆုံးနေတာကို တွေ့ရှိရပါတယ်။ သူ့အလောင်းကို ဆရာဝန်စစ်ဆေးမှု ခံယူဖို့ ယူလာတာ၂၅ ရက်နေ့၊ နံနက် ၃ နာရီခွဲခန့်မှာ ပေါက်တောမြို့ကို ရောက်ရှိလာပါတယ်”ဟု ပေါက်တောမြို့မ စခန်းမှူးက ပြောသည်။

သေနတ်ဖြင့် ပစ်သွားသူ ဦးဝင်းမောင်ကို ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး၊ အခင်းဖြစ်ပွားသည့် ညဉ့်က စက်လှေတစ်စီးဖြင့် ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။

တရားခံကို ညနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့၊ ညနေထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ ဖမ်းဆီးနိုင်ရန် အတွက် ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့က လိုက်လံရှိဖွေနေသည်သာမက မြေပုံမြို့နယ်ရှိ ရဲစခန်းများသို့လည်း တရားခံပြေးပုံစံကို ပေးပို့ထားသည်ဟု သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...