မင်းပြားမြို့နယ်တွင် ရခိုင်အမျိုးသားပါတီဝင် ၈ ဦး တရာစွဲခံရ

မင်းပြားမြို့နယ်တွင် ရခိုင်အမျိုးသားပါတီဝင် ၈ ဦး တရာစွဲခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ရခိုင်အမျိုးသားပါတီ အဖွဲ့ဝင် ၈ ဦး တရားစွဲဆိုခဲ့ကြရသည်ဟု သတင်း ရရှိသည်။

တရားစွဲဆိုခံရသူများမှာ ခေါင်းလောင်းချောင်းရွာမှ သုံးဦး၊ မြို့ပေါ်မှ နှစ်ဦး၊ အိုင်ဝမ်းကျေးရွာက နှစ်ဦး၊ ငစရိုင်းချောင်းမှ တစ်ဦး၊ စုစုပေါင်း ၈ ဦး ဖြစ်ကြောင်း မင်းပြားမြို့နယ် ရခိုင်အမျိုးသားပါတီ ပြန်ကြားရေးတာဝန်ခံ ဦးသိန်းဇံက ပြောသည်။

“တရား မတရားမဲဆွယ်တယ်။ မတရားအသင်းနဲ့ ဆက်သွယ်ပြီး ခြိမ်းခြောက်တယ်ဆိုတဲ့ အမှုတွေနဲ့ တရားစွဲဆိုတာ ဖြစ်ပါတယ်။ ပုဒ်မကတော့ ၅၉ (ဈ)၊ ၅၉ (ဇ) ဖြစ်ပါတယ်။ မင်းပြားမြို့နယ် ရဲစခန်းမှာ တရားစွဲဆိုတာ ဖြစ်ပါတယ်” ဟု ဦးသိန်းဇံက ပြောသည်။

တရားစွဲဆိုခံရရာတွင် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစစ်နိုင်၏ ဇနီးလည်း ပါဝင်သည်ဟု သိရသည်။

“တရားစွဲဆိုတာက ကြံ့ခိုင်ရေးပါတီက စည်းရုံးရေးမှူးပါ။ သူက မတရားမဲဆွယ်မှုစတဲ့ ပုဒ်မတွေနဲ့ တရားစွဲတာပါ”ဟု သူက ဆက်လက် ပြောဆိုသည်။

ခေါင်းလောင်းချောင်းကျေးရွာသို့ နိုဝင်ဘာလ ၂၅ ရက်နေ့ တွင် နယ်ထိန်းတပ်ဖွဲ့ ရောက်ရှိလာပြီး တိုင်ကြားခံထားရသူ ၆ ဦး၏ အမှု စစ်ဆေးသွားကြောင်း၊ ယခုကဲ့သို့ စစ်ဆေးမှုကြောင်း ကျေးရွာသားများ အကြား စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

“မြို့နယ် ရဲတပ်ဖွဲ့က နယ်ထိန်းခေါင်းဆောင်နဲ့ အမှုစစ်ရဲတွေ ဦးကျော်ဦးထွန်း၊ ဦးမောင်တင်အေး၊ ဦးဇော်ဇော်မောင်၊ ဦးမောင်စောထွန်းတို့ကို စစ်ဆေးပါတယ်။ ကျန်တဲ့ နှစ်ယောက်ကိုတော့ မင်းပြားမြို့ကို ခေါ်ထားပါတယ်”ဟု ကျေးရွာသား တစ်ဦးက ပြောသည်။

မင်းပြားမြို့နယ် ရဲစခန်းသို့ ဆက်သွယ်ရာ ရဲအုပ် စိန်ထွန်းဦးမှ တရားစွဲဆိုခြင်းမှာ ဟုတ်မှန်သော်လည်း ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ်များက တရားစွဲဆိုခြင်း မဟုတ်ဘဲ မဲဆန္ဒရှင်များက တရားလို လုပ်ကာ တရားစွဲဆိုခြင်းဖြစ်ကြောင်း ပြောဆိုသည်။

မင်းပြားမြို့နယ်တွင်  ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနှင့် ရခိုင်အမျိုးသားပါတီအကြားတွင် ရွေးကောက်ပွဲကာလ အတွင်း  ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး လွှတ်တော်သုံးရပ်စလုံးကို ရခိုင်အမျိုးသား ပါတီက အနိုင်ရရှိပြီး နောက်မှာ ယခုလို တရားစွဲဆိုမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...