ပျက်စီးလယ်ယာမြေများအတွက် နစ်နာကြေးပေးရန် ကျောက်ဖြူဒေသခံ ၁၂၆ ဦးက စာရေးတောင်းဆို

ပျက်စီးလယ်ယာမြေများအတွက် နစ်နာကြေးပေးရန် ကျောက်ဖြူဒေသခံ ၁၂၆ ဦးက စာရေးတောင်းဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ဂတ်စ်နှင့် ရေနံပိုက်လိုင်း တည်ဆောက်မှုကြောင့် ပျက်စီးသွားခဲ့သည့် လယ်ယာနှင့် ဥယာဉ်ခြံမြေများ အတွက် လျော်ကြေးမရသည်မှာ (၂) နှစ်ခန့်ရှိနေပြီ ဖြစ်သဖြင့် ကျေးရွာသား ၁၂၆ ဦးက စာရေးတောင်း ဆိုလိုက်သည်ဟု သိရသည်။

ယင်းလယ်သမား ၁၂၆ ဦးမှာ ကျောက်ဖြူမြို့နယ် ကပိုင်ချောင်း၊ ကျောက်ခမောက်၊ ရတနာ ကျေးရွာတို့မှ ဖြစ်ကြပြီး နိုဝင်ဘာလ ၂၃ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးထံ စာရေးလက်မှတ်ထိုးကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ကျောက်ဖြူမြို့နယ်၊ အမှတ်(၇)တိုက်နယ်၊ ဂြင်ကြီးအုပ်စုတွင် ဂတ်စ်နှင့် ရေနံပိုက်လိုင်းဖြတ်သန်းသွားရာ လမ်းကြောင်း တစ်လျှောက်တွင် ရွှံ့နှင့်ကျောက်စရစ်များ ဖုံးလွှမ်းသွားခဲ့သဖြင့် ဥယျဉ်ခြံမြေနှင့် လယ်ယာမြေ အများအပြား ပျက်စီးခဲ့ရသည်ဟု လယ်ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုညီလင်းက ပြောသည်။

“ကျောက်ဖြူမြို့အနီးက ကျေးရွာတွေဖြစ်ကြတဲ့ မလကျွန်း၊ ကြတ္တိန် စတဲ့ ဒေသက ကျေးရွာတွေ လျော်ကြေးရပြီးပြီလို့ သိရတယ်။ ကျနော်တို့ဒေသက လယ်သမားတွေ ၂၀၁၃ က တစ်ကြိမ်ပဲ ရသေး တယ်။ မကြာခင်မှာ ၂၀၁၆ ကို ရောက်တော့မယ်။ ၂၀၁၄ နဲ့ ၂၀၁၅ (၂) နှစ်အတွက် နစ်နာကြေး ခုထိ မရသေးဘူး။ ဒါကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးဆီ စာရေးတောင်းဆိုရတာဖြစ်ပါတယ်”ဟု သူက ပြောသည်။

၂၀၁၃ ခုနှစ်က ရေနံနှင့် ဂတ်စ်ပိုက်လိုင်းကြောင့် ရွှံ့များ ဖုံးသွား၍ တစ်ဧကလျှင် စပါး ရ၅ တင်းနှုန်း၊ စပါးတစ်တင်းဆိုလျင် ၅,၅ဝဝ ကျပ် နှုန်းဖြင့် တွက်ချက်၍ နစ်နာကြေးပေးခဲ့ကြောင်း သိရသည်။

ရေနံနှင့်ဂတ်စ်ပိုက်လိုင်း လမ်းကြောင်းတစ်လျှောက်တွင် မြေပြိုဆင်းမှု၊ တောင်ပြိုကျဆင်းမှု၊  ကျောက်စရိတ် နှင့် ရွှံ့နွံများ ဖုံးလွှမ်းမှုများ ရှိသော်လည်း ရေစီးရေလာ ကောင်းမွန်အောင် မပြုပြင်ဘဲ ပစ်ထားခဲ့ခြင်းကြောင့် ဥယျဉ်ခြံမြေ အများအပြားနှင့် လယ်ယာမြေ အများအပြား  ပျက်စီသွားခဲ့ရသည်ဟု သတင်းရရှိသည်။

Most read this week

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...