ဖာကန့် မြေစာပုံပြို၍ သေဆုံးသူများထဲတွင် ရခိုင်လူမျိုး ၂၀ ကျော်ကိုတွေ့ရှိဟုဆို

ဖာကန့် မြေစာပုံပြို၍ သေဆုံးသူများထဲတွင် ရခိုင်လူမျိုး ၂၀ ကျော်ကိုတွေ့ရှိဟုဆို
by -
နိရဥ္စရာ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံခင်း ကျေးရွာ အုပ်စုနှင့် ဆန်ခတ်ကူးကျေးရွာ အုပ်စုအကြားတွင် တည်ရှိသော စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် လူအများအပြား သေဆုံးခဲ့ရာ ထိုအထဲတွင် ရခိုင်လူမျိုး အနည်းဆုံး ၂၀ ကျော် အလောင်းကို ရှာဖွေတွေ့ရှိထားသည်ဟု ယင်းနေရာသို့ ကိုယ်တိုင် သွားရောက် ကြည့်ခဲ့သူ ရခိုင်စာပေယဉ်ကျေးမှုအဖွဲ့(ဖားကန့်) ဒုဥက္ကဋ္ဌက ပြောသည်။

နိရဥ္စရာ သတင်းဌာနမှ နိုဝင်ဘာ ၂၃ ရက်နေ့၊ နေ့လည် ၁ နာရီခွဲက ဆက်သွယ်မေးမြန်းရာ ဒုဥက္ကဋ္ဌ ဖြစ်သူက “ကျွန်တော် ရထားတဲ့ စာရင်းအရ ရခိုင်လူမျိုး ၂၄ ဦးရဲ့ အလောင်းကို ရှာဖွေတွေ့ရှိထား တယ်လို့ သိရပါတယ်။ ကျွန်တော် ကိုယ်တိုင် မနေ့က တိုက်ရိုက် သွားကြည့်ပါတယ်။ မှတ်ပုံတင် နာမည်နဲ့ ကျွန်တော်ရင်းနှီးသူတွေက ပြောပြကြပါတယ်။ တူးနေတဲ့နေရာ၊ ရှာနေတဲ့ နေရာကို လည်း ရောက်ပါတယ်။ သေဆုံးသူက ရခိုင်သက်သက် ၅၀ ကျော်နိုင်ပါတယ်”ဟု ပြောသည်။

ယင်းမြေစာပုံ ဖုံးသည့် နေရာတွင် မြန်မာနှင့် ရခိုင်လူမျိုး အများဆုံး နေထိုင်ကြကြောင်း၊ တဲတစ်တဲတွင် လူ ၃ ဦးမှ ၁၀ ဦးအထိ နေထိုင်ကြကြောင်း၊ ရခိုင်သား ၅၀ ကျော် ယင်းနေရာတွင် ဈေးဆိုင်ရောင်း၍ ရှိကြောင်း၊ ယခု ဈေးဆိုင်များ အပါအဝင် တဲအလုံးပေါင်း ၈၀ ကျော် မြေစာပုံ ဖုံးသွားခဲ့ကြောင်း သူက ဆိုသည်။

“အခု သင်္ဂြိုလ်ဖို့ ရထားတဲ့ အလောင်းက ကံသာဦး မြေစာပုံက ရခိုင်သုံးလောင်းကိုတော့ ရထားပါပြီ။ ကျန်တဲ့ အလောင်းတွေကတော့ ဘတ်ဖိုးနဲ့ တူးတဲ့အခါ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတာတွေကိုလည်း တွေ့ရပါတယ်”ဟု သူက ပြောသည်။

လွန်ခဲ့သော ၁၀ မိနစ်ခန့်က ရခိုင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ (ဖာကန့်) ဥက္ကဋ္ဌ ဦးလှမြင့်သို့ ဆက်သွယ်ရာ ရခိုင်လူမျိုးအလောင်း ၂၇ လောင်းတွေ့ရှိထားသည်ဟု ပြောဆိုသည်။

သို့သော်လည်း အာဏာပိုင်များ၏ အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိသေးပါ။

ယမန်နေ့ ညနေပိုင်းထိ ဘတ်ဖိုး ၂၁ စီးဖြင့် ဖုံးနေသော မြေစာပုံများကို တူးဖော်ရှာဖွေရာ သေဆုံးသူ အလောင်း ၁၄၂ လောင်းကို တွေ့ရှိ ထားပြီဟု သိရကြောင်း သူက ပြောသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...