ကျောက်ဖြူတွင် ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်၍ တစ်ဦးသေ

ကျောက်ဖြူတွင် ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်၍ တစ်ဦးသေ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပွား၍ ၁၀ တန်းကျောင်းသား တစ်ဦး သေဆုံးသွားကြောင်း ကျောက်ဖြူရဲစခန်းမှ အတည်ပြုပြောကြားသည်။

နိုဝင်ဘာ ၂၁ ရက်နေ့၊ ညနေ ၁၀ နာရီခန့်တွင် ကျောက်ဖြူမြို့၊ ကားကြီးကွင်း၊ မဟာဘုံကထိန် အထိမ်းအမှတ် စတိတ်ရှိုးပွဲတွင် စကားများကြရာမှ ရှစ်တန်းကျောင်းသား မောင်ကျော်လင်းထွန်း(ခ) မောင်ချေ(၁၅)နှစ်မှ ဓါးဖြင့် ထိုးသဖြင့် ဆယ်တန်းကျောင်းသား မောင်မင်းသန့်စိုး(၁၆)နှစ် သေဆုံးသွား ကြောင်း နယ်ထိန်းခေါင်းဆောင် ရဲအုပ်ရဲထွန်း က နိရဥ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

“မောင်မင်းသန့်စိုးက သူ့သူငယ်ချင်းနဲ့ စကားများပြီး ရန်ဖြစ်တာကို ကူညီတာလို့ သိရတယ်။ ရန်ဖြစ်ပြီး ခဏနေတဲ့ အခါမှာ မောင်ကျော်လင်းထွန်း ဓားနဲ့ လာထိုးပါတယ်။ ညာဘက်နို့အုံကို ဝင်သွားပါတယ်။ ဆေးရုံကို ချက်ချင်းပို့ပေမယ့် ဆေးရုံ ရောက်တာနဲ့ သေဆုံးသွားတယ်။ တရားခံကိုတော့  ဒီနေ့ နံနက် ၅ နာရီမှာ ဖမ်းမိထားပါပြီ”ဟု ရဲအုပ် ရဲထွန်းက ပြောသည်။

ဓါးဖြင့်ထိုးသူ ရှစ်တန်းကျောင်းသား မောင်ကျော်လင်းထွန်း(ခ)မောင်ချေမှာ ကျောက်ဖြူမြို့၊ အရာရှိ ရပ်ကွက်မှ ဖြစ်ပြီး သေဆုံးသွားသူ ဆယ်တန်းကျောင်းသား မောင်မင်းသန့်စိုးမှာ ကျောက်ဖြူမြို့နယ်၊ မလကျွန်း ကျေးရွာမှ (အရာရှိရပ်ကွက်)တွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

၎င်းလူသတ်မှုနှင့် ပတ်သက်ပြီး အရာရှိရပ်ကွက်မှ ဒေါ်ဖြူဖြူသန်း မှ တရားလိုလုပ်ကာ ရဲစခန်းတွင် တိုင်တန်းထားပြီး ကျောက်ဖြူမြို့မရဲစခန်းမှ လူသတ်မှု (ပ)၂၇၅/၂၀၁၅- ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲအုပ်ရဲထွန်းက ပြောသည်။

၎င်းအမှုကို ကျောက်ဖြူ စခန်းမှူး ဒုရဲမှူး မိုးဇော်သူက စစ်ဆေးနေကြောင်း သိရသည်။

ဓားထိုးသူ ရှစ် တန်းကျောင်းသားနှင့် သေဆုံးသူ ဆယ်တန်းကျောင်းသားတို့မှာ အထက(၁) ကျောက်ဖြူတွင် တက်ရောက် ပညာသင်ကြားနေကြသော ကျောင်းသားတို့ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...