မော်လမြိုင်-ချောင်းဆုံ လျှပ်စစ်တာဝါတိုင်လမ်းကြောင်း ပြောင်းပေးရန် ပြည်နယ်အစိုးရထံ ဒုတိယအကြိမ် တောင်းဆို

မော်လမြိုင်-ချောင်းဆုံ လျှပ်စစ်တာဝါတိုင်လမ်းကြောင်း ပြောင်းပေးရန် ပြည်နယ်အစိုးရထံ ဒုတိယအကြိမ် တောင်းဆို
မော်လမြိုင်-ချောင်းဆုံလျှပ်စစ်မီး သွယ်တန်းရေးအတွက် တာဝါတိုင်များဆောက်လုပ်နေမှုအား လယ်ပိုင်ရှင်များက မွန်ပြည်နယ်အစိုးရသို့ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဒုတိယအကြိမ်တိုင်ကြားစာ ပေးပို့ခဲ့သည်။

၂၀၁၅ ခုနှစ်၊ လွန်ခဲ့သည့် အောက်တိုတာ၂၄ ရက်နေ့တွင် တာဝါတိုင်ကို စတင်ဆောက်လုပ်ခဲ့ရာ အောက်တိုဘာ ၂၈ ရက်နေ့တွင် လယ်ပိုင်ရှင်များအနေဖြင့် တာဝါတိုင်လမ်းကြောင်း ပြောင်းရွှေ့ပေးရန် ပထမအကြိမ် တောင်းဆိုခဲ့ပြီး ဖြစ်သည်။

လယ်ပိုင်ရှင်တစ်ဦးဖြစ်သည့် ဦးခင်ဇော်က “ဒီ 66 KV ဓါတ်အားလိုင်းကြီးကို ဓါတ်အားသွယ်တန်းမှု အချိန်မီ မီးလင်းရေးကို ကျွန်တော်တို့ မတရားကန့်ကွက်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့ တစ်ဦးချင်း တစ်ဦးချင်းရဲ့မြေမှာ လာပြီးတော့ ညှိနှိုင်းပေါင်းစပ်ခြင်းလည်း မရှိဘူး။ အသိပေးခြင်းလည်း မရှိဘူး။ ကျွန်တော်တို့ တိုင်မှ ဟိုရုံးကို ခေါ်လိုက်၊ မြို့နယ်အုပ်ချူပ်ရေးမှူးရုံးကို ခေါ်လိုက်၊ ဓါတ်အား ပေးရုံကို ခေါ်လိုက်၊ ဒါဟာ ကျွန်တော်တို့ကို ဘက်ပေါင်းစုံကနေပြီးတော့ ဖိအားပေးပြီး သူတို့က ဆက်လုပ်မယ်ဆိုတဲ့ အနေအထားကို ကျွန်တော်တို့အနေနဲ့ လက်မခံနိုင်တာပါ”ဟု ပြောသည်။

တာဝါတိုင်များဆောက်လုပ်ရာတွင် ဖြတ်သန်းသွားရသည့် လယ်မြေပိုင်ရှင်များကို ခွင့်ပြုချက် တစ်စုံတစ်ရာ တောင်းဆိုခြင်းမပြုဘဲ ဆောက်လုပ်နေသည့်အပေါ် လယ်ပိုင်ရှင်များက မကျေနပ်သဖြင့်ယင်းကဲ့သို့ တင်ပြတောင်းဆိုခြင်း ဖြစ်သည်။

ယင်းသို့ ပြည်နယ်အစိုးရထံသို့ ပထမအကြိမ် တိုင်ကြားရာတွင် လယ်ပိုင်ရှင်နှင့် ခြံပိုင်ရှင် ၁၅ဦး ပါဝင်ပြီး၊ ဒုတိယအကြိမ် တိုင်ကြားရာတွင် လယ်ပိုင်ရှင်နှင့် ခြံပိုင်ရှင် ၁၄ ဦး ပါဝင်ခဲ့သည်။

ဆောက်လုပ်ရေးသမားများကလည်း ခွင့်ပြုချက်ရယူမှူမရှိဘဲ ခြံထဲရှိသစ်၊ ၀ါးများကို ခုတ်လှဲခဲ့ကြောင်း ခြံပိုင်ရှင် ဦးဝေယျာက ပြောသည်။

အဆိုပါတိုင်ကြားမှုနှင့်ပတ်သက်၍ ပြည်နယ်အစိုးရမှ တစ်စုံတစ်ရာ ဆောင်ရွက်မှုမရှိပါက ပြည်ထောင်စုအဆင့်ထိ ဆက်လက်တိုင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီ ၆၆KV   ဓါတ်အားလိုင်းဟာ ပြည်ထောင်စုအဆင့်ကနေ လုပ်တာဖြစ်တယ်။ နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်အတိုင်း လုပ်တာဖြစ်တယ်။ ဒါပေမယ့် ပြည်သူတွေအတွက် အဆင်ပြေအောင် လုပ်ဆောင်ပေးသွားမယ်”ဟု မွန်ပြည်နယ်လျှပ်စစ်ဝန်ကြီး နိုင်လဝီအောင်က ပြောသည်။

မော်လမြိုင်ဓါတ်အားပေးရုံနှင့် ချောင်းဆုံဓါတ်အားပေးစက်ရုံ အကွာအဝေးသည် ၁၅ မိုင်ကျော်ရှိပြီး ချောင်းဆုံဘက်ကမ်းရှိ ဓါတ်အားခွဲစက်ရုံမှာ ၉၀% အထိ ပြီးစီးနေပြီးဖြစ်ကြောင်း  နိုင်လဝီအောင်က ဆက်ပြောသည်။

မော်လမြိုင်-ချောင်းဆုံလျှပ်စစ်မီး သွယ်တန်းရေးအတွက် ပြည်ထောင်စုအစိုးရမှ ဘတ်ဂျက်ငွေ သိန်း  ၃ သောင်း ရရှိထားပြီး ကျေးရွာမီးဖြန့်ဖြူးရေးအတွက် ပြည်နယ်လွှတ်တော်မှ ဘတ်ဂျက်ငွေ သိန်း ၁ သောင်း ၆ ထောင်ရရှိထားကြောင်း သိရသည်။

Most read this week

Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...
December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...
December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...