မင်းပြားမြို့နယ် မဲအနိုင်အရှုံး အတည်ပြုလက်မှတ်ရေးထိုး

မင်းပြားမြို့နယ် မဲအနိုင်အရှုံး အတည်ပြုလက်မှတ်ရေးထိုး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အနိုင်အရှုံးကို ပါတီကိုယ်စားလှယ်များ၊ အသိသက်သေများက နိုဝင်ဘာ ၁၃ ရက်နေ့၊ နေ့လည်က တက်ရောက်ပြီး အတည်ပြု လတ်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

“ဟုတ်ပါတယ်။ ဒီနေ့(နိုဝင်ဘာ ၁၃ရက်နေ့)မနက်က လွှတ်တော်ကိုယ်စားလှယ်တွေ၊ အသိသက်သေ မြို့မိမြို့ဖတွေက တက်ရောက် လက်မှတ်ရေထိုးခဲ့ကြပါတယ်။ မတက်ရောက်တဲ့ ကိုယ်စားလှယ် တွေလည်း ရှိပါတယ်”ဟု မင်းပြားမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးထွန်းသာအောင်က ပြောသည်။

ထိုနေ့၌ ပုံစံ ၁၉ တွင် ရခိုင်အမျိုးသာပါတီ လွှတ်တော် ကိုယ်စားလှယ်များက တက်ရောက် လက်မှတ်ရေးထိုးခဲ့ သည်မှာ ဟုတ်မှန်ကြောင်း မင်းပြားမြို့နယ် ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးသိန်းဇံမှ အတည်ပြုပြောကြားသည်။

မင်းပြားမြို့နယ်တွင် ရရှိသော မဲအရေအတွက်မှာ အမျိုးသားလွှတ်တော်တွင် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်က ၄၇၂၀၃ မဲ၊ ကြံခိုင် ဖွံ့ဖြိုးရေး ပါတီမှ ဦးဘသိန်းက ၁၆၇၃၅ မဲ ရရှိခဲ့ပြီး ပြည်သူ့ လွှတ်တော်တွင် ရခိုင်အမျိုးသားပါတီမှ ဦးစစ်နိုင်မှ ၄၅၂၀၄ မဲ၊ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီမှ သခင်ချိုမှ ၁၆၀၃၀ မဲ ရရှိခဲ့သည်။

ပြည်နယ် လွှတ်တော် အမှတ်(၁) တွင် ရခိုင်အမျိုးသားပါတီမှ လပြည့်အောင်က ၂၂၆၃၇ မဲ၊ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီမှ ဦးမောင်မောင်သန်းမှ ၆၄၆၆ မဲ ရရှိခဲ့သည်။

အများပြည်သူများ စိတ်ဝင်စားဆုံး လွှတ်တော် နေရာ တစ်ခု ဖြစ်သော ပြည်နယ်လွှတ်တော် အမှတ် (၂) တွင် ရခိုင်အမျိုးသားပါတီမှ ဦးလှအောင်ညွှန့်က ၂၀၈၁၅ မဲနှင့် ဒေါက်တာ စံရွှေအောင်မှ ၁၄၇၂၀ မဲ ရရှိခဲ့သည်။

(ယခု မဲရလဒ်မှာ ရခိုင်အမျိုးသားပါတီရုံးမှ ပေးပို့သော မဲစာရင်း ရလဒ် ဖြစ်ပါသည်။)

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...