ရခိုင်ပြည်နယ် စစ်တွေမြို့၌ မဲရလဒ်များ စတင်ကြေညာ

ရခိုင်ပြည်နယ် စစ်တွေမြို့၌ မဲရလဒ်များ စတင်ကြေညာ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် လွှတ်တော် ၄ ရပ် မဲစာရင်းများ ထွက်ပေါ်လာရာ ရခိုင်အမျိုးသား ပါတီက ဦးဆောင် အနိုင်ရရှိခဲ့သည်ဟု သိရသည်။

စစ်တွေမြို့နယ် အမျိုးသားလွှတ်တော်တွင် (၆) ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ရခိုင်အမျိုးသားပါတီမှ ဦးဝေစိန်အောင်က ၄၅၀၈၇ ဖြင့် အနိုင်ရရှိခဲ့ပြီး တခြားသူများ ရရှိခဲ့သောမဲများမှာ တစည ပါတီမှ ဦးနီအောင်ကျော်က ၄၃၄၇၆ မဲ၊ ပြည်ခိုင်ဖြိုးမှ ဦးသန်းထွန်းမှ ၁၄၁၉၈မဲ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးသာဇံက ၂၀၁၂မဲ၊ ရခိုင်မျိုးချစ်ပါတီမှ ဦးဘကျော်က ၂ဝဝ၆ မဲ၊ တသီး ပုဂ္ဂလ ဦးဝင်းမောင်က ၁၂၈၈ မဲ ရရှိခဲ့သည်။

ပြည်သူ့လွှတ်တော်၏ မဲရလာဒ်မှာ  ရခိုင်အမျိုးသာပါတီမှ ဦးမောင်သိန်းခိုင် ၄၄၀၂၇ မဲ၊ ပြည်ခိုင်ဖြိုးမီ ဒေါက်တာကျော့သာစိန်က ၁၆၈၁၆ မဲ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးသင်္ခါကျော် ၂၁၄၀ မဲ၊ ရခိုင်မျိုးချစ်ပါတီမှ ဒေါ်မြသန်းရွှေ ၁၈၇၇ မဲနှင့် တစညမှ ဒေါ်လှအေးတို့က ၈၃၄ မဲ ရရှိခဲ့သည်။

ပြည်နယ်လွှတ်တော် အမှတ် (၁) နယ်မြေတွင် ရခိုင်အမျိုးသားပါတီမှ ဦးအေးသိန်းက ၂၁၇၀၉မဲ၊ ပြည်ခိုင်ဖြိုးမှ ဒေါက်တာ သန်းစိုးက ရ၆၄၂ မဲ၊  တစ်သီး ပုဂ္ဂလ ဦးသားလူချေမှ ၁၀၄၉ မဲ၊ ရခိုင်မျိုးချစ် ပါတီမှ ဒေါက်တာ ကျော်ခိုင်မှ ၉၆၄ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီမှ ဦးမောင်သာခိုင်က ၉၁၃ မဲ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးအောင်သန်းမှ ရ၆၃ မဲတို့ အသီးသီး ရရှိခဲ့သည်။

ပြည်နယ် လွှတ်တော် အမှတ် (၂) တွင် ရခိုင်အမျိုးသားပါတီက ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခြင်း မရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် တစ်သီး ပုဂ္ဂလ ပါဝင်ယှဉ်ပြိုင်ခဲ့ရသည့် ယခင် တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးကျော်ဇောဦးက ၁၃၄၃၈ မဲ၊ ပြည်ခိုင်ဖြိုးမှ ဦးကျော်ရွှေက ၉၁၈၅ မဲ၊ ယခင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ၅၂၃၅ မဲ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးမောင်ထွန်းလှိုင်က ၁၀၈၃ မဲ၊ ကမန် အမျိုးသား တိုးတက်ရေးပါတီမှ ဦးကျော်ငြိမ်းမှ ၁၀၃၀ မဲ၊ တစ်သီး ပုဂ္ဂလ ဦးသာစိန်မှ ၈၆၉ မဲ ရရှိခဲ့သည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...