၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပသော ပါတီစုံအထွေထွေရွေးကောက်ပွဲ၌ မွန်အမျိုးသား ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန် တို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
“ရေးမှာတော့ မွန်အမျိုးသားပါတီက နှစ်ဦး အနိုင်ရထားတယ်။ ဒေါက်တာ မင်းစိုးလင်းနဲ့ ဦးနိုင်သီဟ တို့ဖြစ်ပါတယ်။ဒါက ကျွန်တော်တို့ နောက်ဆုံး ရထားတဲ့ စာရင်းပါဘဲ အခု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ကျွန်တော်တို့ ပေးပို့နေပါ တယ်”ဟု ရေးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ပြောသည်။
မွန်အမျိုးသားပါတီမှ မုဒုံမြို ့ ပြည်နယ်လွှတ်တော်(၂)တွင် ဒေါက်တာ မင်းကြည်ဝင်း၊ ရေးမြို ့ အမျိုးသား လွှတ်တော် (၂) မှာ နိုင်သီဟ၊ ပြည်နယ်လွှတ်တော်(၁)၌ ဒေါက်တာမင်းစိုးလင်းတို့က အသီးသီး အနိုင်ရရှိခဲ့ကြသည်။
ထို့အတူ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာအောင်နိုင်ဦးကလည်း ချောင်းဆုံမြို့နယ် ပြည်နယ် လွှတ်တော်(၁)တွင် အနိုင်ရရှိခဲ့ကြောင်း ချောင်းဆုံမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက ပြောသည်။
မွန်အမျိုးသားပါတီသည် ပြည်သူ့လွှတ်တော် ၁၃ နေရာ၊ အမျိုးသား လွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော်၂၇ နေရာ၊တိုင်းရင်းသားလူမျိုး ၁ နေရာ စုစုပေါင်း ၅၃ နေရာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ ၃ နေရာ အနိုင်ရရှိခဲ့သည်။
ထိုအတူ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည်လည်း ပြည်သူ့လွှတ် တော် ၈ နေရာ၊ အမျိုးသားလွှတ်တော် ၁၀ နေရာ၊ ပြည်နယ်လွှတ်တော် ၁၆ နေရာ၊ တိုင်းရင်းသား လူမျိုး ၁ နေရာ၊စုစုပေါင်း ၃၅ နေရာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ ၁ နေရာသာ အနိုင်ရရှိခဲ့သည်။
မွန်ပြည်နယ် ၁၀ မြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်းများတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကသာ မဲဆန္ဒနယ်အများဆုံး အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ပြည်နယ်လွှတ်တော်တွင် အနိုင်ရရှိသူ ၃ ဦး(Facebook)







