ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်(၁)တွင် AMDP ပါတီ ဒေါက်တာ အောင်နိုင်ဦး အနိုင်ရရှိ

ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်(၁)တွင် AMDP ပါတီ ဒေါက်တာ အောင်နိုင်ဦး အနိုင်ရရှိ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁)တွင် ဝင်ရောက် အရွေးချယ်ခံခဲ့ သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာ အောင်နိုင်ဦးသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့ကြောင်း ချောင်းဆုံမြို့ နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြောသည်။

monဒေါက်တာအောင်နိုင်ဦးသည် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကိုယ်စားပြု၍ ချောင်းဆုံမြို့၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁)တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှ ၉၅၇၀ မဲဖြစ် တခြားသော ပြိုင်ဘက်ပါတီများမှ ကိုယ်စားလှယ်များကို ကျော်ဖြတ်ကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

“ချောင်းဆုံ ပြည်နယ်လွှတ်တော်(၁)မှာတော့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ဒေါက်တာ အောင်နိုင်ဦး အနိုင်ရတယ်။ သူရဲ့ ထောက်ခံမဲရလာဒ်က ၉၅၇၀ မဲရှိပါတယ်။ တခြားပါတီက ကိုယ်စားလှယ်တွေကတော့ ထောက်ခံမဲ ၈ ထောင်ကျော်စီရခဲ့ကြပါတယ်”ဟု ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးမျိုးမင်းသူက ပြောသည်။

ချောင်းဆုံမြို့၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာ အောင်နိုင်ဦးက ၉၅၇၀ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်ကြည်သိန်းက ၈၂၁၉ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစောလင်းအောင်က ၈၀၄၀ မဲ၊ မွန်အမျိုးသားပါတီမှ ဦးနိုင်စိုးမြင့်က ၁၄၅၈ မဲ၊တို့ အသီးသီး ရရှိခဲ့ကြသည်။

“အခုလို ကျွန်တော်ကို ထောက်ခံမဲပေးကြတယ်။ ကျွန်တော်တို့ မွန်လူမျိုးတွေကို ကျေးဇူးအများကြီး တင်ပါတယ်။ လွှတ်တော်ထဲမှာ ရောက်သွားရင်တော့ မွန်လူမျိုးတွေအတွက် ကျွန်တော်တတ်နိုင်တဲ့ ဘက်ကနေ လုပ်ကိုင်ဆောင်ရွက်ပေးသွား ပါ့မယ်”ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သော ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၃၅ ဦးဖြင့် လွှတ်တော်အသီးသီးမှာ ဝင်ရောက် အရွေးချယ်ခံခဲ့ကြသည်။

သို့သော် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဝင်ရောက် အရွေးချယ်ခံခဲ့ကြသည့် ကိုယ်စားလှယ် လောင်း ၃၅ ဦးထဲမှ ဒေါက်တာအောင်နိုင်ဦး တစ်ဦးသာလျှင် ပြည်နယ်လွှတ်တော်(၁)မှာ ရွေးချယ်တင်မြောက်ခံခဲ့ရခြင်းဖြစ်သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ယခု ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ပြည်သူ့ လွှတ်တော် ၈ နေရာ၊ အမျိုးသားလွှတ်တော် ၁၀ နေရာ၊ ပြည်နယ်လွှတ်တော် ၁၆ နေရာ၊ မွန်တိုင်းရင်းသားလူမျိုးနေရာ ၁ နေရာ၊ စသည့် လွှတ်တော်များအသီးသီးမှာ ဝင်ရောက် အရွေးချယ်ခံခဲ့သည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...