ရေဖြူမြို့နယ်တွင် မဲရုံးနည်းပြီး မဲပေးသူဦးရေများနေဟုဆို

ရေဖြူမြို့နယ်တွင် မဲရုံးနည်းပြီး မဲပေးသူဦးရေများနေဟုဆို
by -
ခိုင်နွယ်ဦး
ခိုင်နွယ်ဦး — တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်(အထက်ပိုင်း)၌ မဲရုံလေးရုံသာရှိပြီး မဲပေးသူဦးရေ များပြားစွာစောင့်ဆိုင်းလျှက် ရှိကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လေးလာသူများ ဖြစ်သော တနင်္သာရီတိုင်းဒေသကြီးလူငယ်များအဖွဲ့မှ တာဝန်ခံ ကိုဝေယံကျော်ထံမှသတင်းရရှိသည်။

“မဲပေးဖို့လုပ်တာတွေတော့ပြေပါတယ်။ မပြေတာက လူတွေအရမ်းတိုးတယ် မဲရုံတစ်ခုမှာဆို စစ်သားငါးရာကျော်လောက်ကပါ မဲပေးဖို့ ဒေသခံတစ်ထောင့်ငါးရာနဲ့ အတင်းဝင်တိုးနေတာတွေရှိတယ်။ မဲရုံကနည်းတယ် လူကများတယ် ကျန်တာတော့ အားလုံးအဆင်ပြေတယ်”ဟု လက်ရှိအခြေနေများကို ကိုဝေယံကျော်က ပြောသည်

တနင်္သာရီတိုင်းဒေသကြီး လူငယ်များအဖွဲ့မှ စောင့်ကြည့်လေ့လာသူ အဖွဲ့ဝင်များအနေဖြင့် မဲရုံတစ်ရုံတွင် လူတစ်ဦးအချိန်ပြည့်စောင့်ကြည့်လေ့လာခြင်း မဲရုံတွင်း မိနစ်နှစ်ဆယ်ခန့်နေ၍ မဲရုံပြင်ပတွင် စောင့်ကြည့်လေ့လာခြင်းနှင့် မဲရုံများကို လှည့်လည် စောင့်ကြည့်လေ့လာခြင်းများဖြင့် ယခုရွေးကောက်ပွဲကို တရားမျှတ၍ လွတ်လပ်သောရွေးကောက်ပွဲ အမှန်တကယ် ဟုတ်မဟုတ်ကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Most read this week

January 15, 2016
“သင်တန်းတွေ တက်ရတဲ့အခါ ကိုယ်လိုချင်တာကို တောင်းဆိုဖို့နဲ့ ဌာနချုပ်က သဘောထားတွေကို တီးခေါက်...
December 18, 2015
အဆိုပါ သင်တန်းအား ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများကို အသုတ် (၅)သုတ်ခွဲ၍ သင်တန်းပေးခြင်း...
December 15, 2015
“ကိုယ်စားလှယ်လောင်း အားလုံးတင်ဖြစ်တယ် ပြသနာတော့ မရှိသေးဘူး သူတို့တွေရဲ့ တင်ပြချက်တွေ အပေါ်...
December 14, 2015
မေး။  ။ ၂၀၁၆မှာ နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာသုံး သပ်ပေးပါ။ဖြေ။...