မဲဆန္ဒလက်မှတ်ပေါ်တွင် မှင်ပြန့်ခြင်းများ ပယ်မဲမဖြစ်ဟု ကော်မရှင်မှ ထုတ်ပြန်ထား

မဲဆန္ဒလက်မှတ်ပေါ်တွင် မှင်ပြန့်ခြင်းများ ပယ်မဲမဖြစ်ဟု ကော်မရှင်မှ ထုတ်ပြန်ထား
by -
ခိုင်နွယ်ဦး
ခိုင်နွယ်ဦး — တနင်္သာရီတိုင်းဒေသကြီးအတွင်း ကြိုတင်မဲလတ်မှတ်များတွင် ဆန္ဒမဲပေးစဉ်က တံဆိပ်ရိုက်ရာ မှင်ပြန့်ပွားခြင်းများစွာရှိခဲ့ပြီး အဆိုပါဆန္ဒမဲများကို ရွေးကောက်ပွဲကော်မရှင်မှ ပယ်မဲများအဖြစ် သတ်မှတ်သွားမည်မဟုတ်ကြောင်း ထုတ်ပြန်ကြေငြာချက်တစ်ခု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ထုတ်ပြန်ကြေငြာချက်တွင် ဆန္ဒမဲနှင့်ကြိုတင်ဆန္ဒမဲများတွင် ပုံနှိပ်စဉ်က မှင်စများပါရှိနေခြင်းနှင့် တံဆိပ်ရိုက်မှင်ပြန့်ပွားခြင်းများသည် ဆန္ဒမဲပေးသူကို သိရှိနိုင်အောင် အမှတ်အသားပြုထားသည့် ဆန္ဒမဲလတ်မှတ်နှင့် အစွန်းအထင်းပါသော ဆန္ဒမဲလတ်မှတ်အမျိုးအစားအဖြစ် မသတ်မှတ် သောကြောင့် အဆိုပါလတ်မှတ်များကို ပယ်မဲအဖြစ်အကျံုးမဝင်ကြောင်း ထုတ်ပြန်ကြေငြာ ချက်တွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၂ရက်၌ စတင်ကာ ကြိုတင်ဆန္ဒမဲပေးခြင်းကို ခွင့်ပြုခဲ့ပြီး ကော့သောင်းမြို့နယ်အတွင်း တံဆိပ်တုံးထု ဆန္ဒပြုရာတွင် မှင်များပြန့်ခဲ့သဖြင့် မဲပေးခြင်းကို ရပ်နားပြီး နောက်တစ်ရက်တွင် ဘောပင်လ်ဖြင့် ဆန္ဒပြုခိုင်းခြင်းရှိခဲ့ကြောင်း အဆိုပါဖြစ်စဉ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် စည်းကမ်းနှင့်မညီသောကြောင့် မဲပေးခြင်းကို ထပ်မံရပ်နားခြင်းဖြစ်စဉ် များရှိခဲ့ ကြောင်း ကော့သောင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်းများထံမှ သတင်းရရှိပါသည်။

မှင်ယိုစိမ့်မှုဖြစ်ပွားခဲ့ရခြင်းအပေါ်တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးထိန်လင်းဦးက“တံဆိပ်တုံးက ကျွန်တော်တို့ထင်သလို ကွက်တိမဖြစ်ဘဲ အနေထားမှားယွင်းတာရှိတယ်။ ထားသိုတဲ့ နည်းစနစ်မမှန်တာလဲပါမယ် မှင်အိတ်က ရာသီဥတုအပူချိန်တွေကြောင့် အဲ့လိုတွေဖြစ်လာတာရှိတယ်။ ဆန္ဒပြုထားတဲ့ မဲတစောင်ကို တက်နိုင်သလောက်ပယ်မဲ မဖြစ်အောင် လုပ်နေပါတယ်” ဟု ၎င်းကပြောသည်။

ကြိုတင်ဆန္ဒမဲများနှင့် ဆန္ဒမဲလတ်မှတ်များတွင် ပုံနှိပ်စဉ်က မင်စများပါရှိနေခြင်းနှင့် တံဆိပ်ရိုက်မင် ပြန့်နေခြင်းကို ပယ်မဲအဖြစ် မသတ်မှတ်ကြောင်း ထုတ်ပြန်ချက်ကို နိုဝင်ဘာ ၄ရက် နေ့စွဲဖြင့် ကြေငြာခဲ့ပြီး အဆိုပါညွှန်ကြားချက်ကို မဲရုံများတွင် အများပြည်သူသိရှိစေရန် ကပ်ထားပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

Most read this week

January 15, 2016
“သင်တန်းတွေ တက်ရတဲ့အခါ ကိုယ်လိုချင်တာကို တောင်းဆိုဖို့နဲ့ ဌာနချုပ်က သဘောထားတွေကို တီးခေါက်...
December 18, 2015
အဆိုပါ သင်တန်းအား ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများကို အသုတ် (၅)သုတ်ခွဲ၍ သင်တန်းပေးခြင်း...
December 15, 2015
“ကိုယ်စားလှယ်လောင်း အားလုံးတင်ဖြစ်တယ် ပြသနာတော့ မရှိသေးဘူး သူတို့တွေရဲ့ တင်ပြချက်တွေ အပေါ်...
December 14, 2015
မေး။  ။ ၂၀၁၆မှာ နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာသုံး သပ်ပေးပါ။ဖြေ။...