ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် ANP နှင့် ဆတူနိုင်ပြီး တောင်ပိုင်းတွင်ကြံ့ခိုင်ရေး ပိုမို အနိုင်ရရှိနိုင်ကြောင်း ဒေါက်တာစန်းရွှေဆို

ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် ANP နှင့် ဆတူနိုင်ပြီး တောင်ပိုင်းတွင်ကြံ့ခိုင်ရေး ပိုမို အနိုင်ရရှိနိုင်ကြောင်း ဒေါက်တာစန်းရွှေဆို
by -
နိရဥ္စရာ
နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေနေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ အနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့ နယ်များတွင် ANP နှင့် ဆတူနိုင်ခြေရှိနေပြီး တောင်ပိုင်းတွင် ကြံ့ခိုင်ရေး ပါတီ  ပိုမို အနိုင်ရရှိမည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ရခိုင်ပြည်နယ် အတွင်းရေးမှူး ဒေါက်တာစန်းရွှေက ပြောသည်။

နိရဥ္စရာ သတင်းဌာနမှ ရွေးကောက်ပွဲ အတွင်း ရခိုင်ပြည်နယ်တွင် ကြံ့ခိုင်ရေးပါတီ အနေအထားက မည်သို့ ရှိပါသလဲဟု နိုင်ငံတော် သမ္မတ ရခိုင် မစမီ နိုဝင်ဘာ ၂ ရက်နေ့ ညနေပိုင်းက ဒေါက်တာ စန်းရွှေကို မေးမြန်းစဉ် သူက ထိုသို့ ပြောကြားသည်။

“ရွေးကောက်ပွဲ စစ်တွေခရိုင်က ၅၀ ရာခိုင်နှုန်းနိုင် နိုင်ပါတယ်။ နောက်ပြီး မြောက်ဦး၊ ကျောက်တော်၊ မင်းပြား တို့မှာလည်း ၅၀ ရာခိုင်နှုန်း နိုင် နိုင်ပါတယ်။ ရခိုင်ပြည်နယ် မြို့နယ် အကုန်လုံးက တစ်ဝက်လောက်တော့ နိုင်ပါလိမ့်မယ်”ဟု ပြောသည်။

၎င်းပြင်တောင်ပိုင်း မြို့နယ်များတွင် အခြေအနေကောင်းကြောင်း သူက ယခုလို ပြောဆိုသည်။

“တောင်းပိုင်းမြို့တွေဖြစ်တဲ့ တောင်ကုတ်၊ သံတွဲ၊ ဂွ မြို့တွေမှာ လူထုတွေ့ဆုံပွဲလုပ်တဲ့နေရာမှာ တော်တော်လေး ပရိဿတ်တွေ ရောက်ပါ တယ်။ မင်းပြားလူထုတွေဆုံပွဲ လုပ်တဲ့နေရာမှာလည်း တော်တော် အားရကျေနပ်ဖွယ် ကောင်းပါတယ်။ စစ်တွေမှာလည်း အားရကျေနပ်မှုရှိပြီးတော့ မောင်တောမှာလည်း အလားအလာ ကောင်းပါတယ်”ဟု ဒေါက်တာစန်းရွှေက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီသည် စစ်တွေမြို့ပေါ်တွင် နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ကား ၂၇ စီး၊ လူဦးရေ တစ်ထောင်ကျော်ဖြင့် လှည့်လည်ခဲ့ပြီး နိုဝင်ဘာ ၆ရက်နေ့ကလည်း စစ်တွေမြို့ပေါ်တွင် လှည့်လည်မည်ဟု သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...