မြန်မာ့အလင်း ဆောင်းပါးတွင် မဲစာရင်း မပါကလည်း မဲထည့်ခွင့် ရမည်ဆိုသည်မှာ လက်တွေ့ မြေပြင်တွင် ဖြစ်ပေါ်နေမှုနှင့် ကင်းကွာမှုရှိနေ

မြန်မာ့အလင်း ဆောင်းပါးတွင် မဲစာရင်း မပါကလည်း မဲထည့်ခွင့် ရမည်ဆိုသည်မှာ လက်တွေ့ မြေပြင်တွင် ဖြစ်ပေါ်နေမှုနှင့် ကင်းကွာမှုရှိနေ
by -
နိရဥ္စရာ
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့ထုတ် မြန်မာ့အလင်းပါ ဦးမှဲ့ (အင်းဝိုင်းကုန်း)၏ ရွေးကောက်ပွဲနှင့် တာဝန် ကိုယ်စီဆောင်းပါးတွင် မဲစာရင်း မပါသူများ အနေဖြင့် မဲထည့်ခွင့်ရကြောင်းကို အောက်ပါအတိုင်း ရေးသားထားသည်။

“ထိုမှ ဆန္ဒမဲပေးရမည့် နေ့ ရောက်သည့်တိုင်အောင် မဲစာရင်းမပါကလည်း မဲရုံသို့ သွားပြီး မိမိိသည် ဒီရပ်ကွက်မှာနေသည်ကို မိမိအား တစ်ရပ်ကွက်တည်း သိသူတစ်ဦးက ထောက်ခံပေးလျှင် မဲပေး၍ ရသည်။ ထို့အပြင် မိမိတို့ရပ်ကွက်ရှိ မဲရုံ၌ ပါဝင်သော မဲရုံ အဖွဲ့ဝင်များသည်လည်း မိမိတို့နှင့် ရပ်ကွက်တူ နေသူများဖြစ်သည့်အတွ က် တစ်ဦးမဟုတ် တစ်ဦး မိမိကိုသိနေမှာမလွဲပါ” ဟု ဖော်ပြသည်။

ဆက်လက်ပြီး “မဲပေးသည့်နေ့ မဲစာရင်းတွင် မိမိအမည်မပါလျှင်လည်း ခိုင်လုံသော အထောက်အထားတစ်ခုခုဖြင့် ရပ်ကွက်က ထောက်ခံပေးလိုက်ပါက မဲပေး၍ ရပြီဖြစ်သည်”ဟု ပါရှိသည်။

ယခုကဲ့သို့ အစိုးရပိုင် မြန်မာ့အလင်း သတင်စာတွင် မဲစာရင်း မပါသူများ မဲထည့်၍ ရကြောင်းကို ရေးသားထားသော်လည်း မင်းပြားမြို့နယ်တွင် မဲစာရင်း မပါဝင်သူများအနေဖြင့် မဲထည့်၍ မရဘဲ ဖြစ်နေကြောင်း သိရသည်။

မင်းပြားမြို့နယ် ရခိုင်အမျိုးသားပါတီမှ မြို့နယ် ပြန်ကြားရေးတာဝန်ခံ ဦးသိန်းစံက ယခုအခါ မင်းပြားမြို့နယ်တွင် မဲစာရင်းတွင် မပါ၀င်သူ ရာဂဏန်းနှင့်ချီပြီး ရှိနေသော်လည်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က မဲထည့်ခွင့်မရနိုင်တော့ကြောင်း ပြောဆိုသည်ဟု သူက ဆိုသည်။

“ကျေးရွာတွေ အတော်တော်များ လာတိုင်တယ်။ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ကို ဒီလို မဲစာရင်း မပါဘဲ ဖြစ်နေတဲ့ အခြေအနေတွေကို အကြောင်းကြားတယ်။ သူတို့က မဲထည့်ခွင့် ပိတ်လိုက်ပြီ။ သူတို့နှင့် မဆိုင်တော့ဘူးလို့ ပြောပါတယ်။ ကော်မရှင်က လျစ်လျူရှုထားတယ်လို့ ထင်ပါတယ်။ အခု လာတိုင်တာ လေးငါး ခြောက်ရာလောက် ရှိနေပါပြီ”ဟု ပြောဆိုသည်။

မင်းပြားမြို့နယ် ကျွန်းညိုကျေးရွာမှ ချင်းအမျိုးသားတစ်ဦးကလည်း သူတို့ရွာတွင် လူပေါင်း (၅၀) ခန့် မဲစာရင်းတွင် မပါဝင်ကြောင်း၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်သို့ သွားရောက်အကြောင်းကြားရာ မရတော့ဘူးဟု ပြောဆိုကြောင်း၊ သူတို့အနေဖြင့် မဲထည့်လိုကြောင်း ပြောဆိုသည်။

အခြား ထောင့်ချေကျေးရွာမှ ရခိုင်အမျိုးသမီး တစ်ဦးက မဲပေးခွင့် မရသူ ၂၀ ကျော် ရှိကြောင်း၊ စာရင်းတွင် မပါကြောင်း၊ မဲကိုယ်စားလှယ်တွေ ကြော်ငြာမည်ဆို၍ စောင့်နေရာ ယခုအခါမှ မဲစာရင်းတွင် မပါဟု သိရကြောင်း၊ ရွာက စာရေးကို ပြောရာတွင် လည်း မရတော့ဟု ပြောကြောင်း၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ကလည်း မရတော့ဟု ပြောကြောင်း သူမက ဆိုသည်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဦးသူရိန်ထွဋ်ကလည်း ရွေးကောက်ပွဲ နည်းဥပဒေအရ မဲစာရင်း မပါသူများမှာ ယခုအချိန်တွင် စာရင်းပေးသွင်းသော်လည်း မဲထည့်၍ မရနိုင်တော့ကြောင်း ပြောကြားသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...