ပယ်မဲများ မဖြစ်စေရန် တံဆိပ်တုံးများကို သေချာဆောင်ရွက်သွားမည်ဟု မြို့နယ်ကော်မရှင်ဆို

ပယ်မဲများ မဖြစ်စေရန် တံဆိပ်တုံးများကို သေချာဆောင်ရွက်သွားမည်ဟု မြို့နယ်ကော်မရှင်ဆို
by -
ခိုင်နွယ်ဦး
ခိုင်နွယ်ဦး — ၂၀၁၅ရွေးကောက်ပွဲ၌မေးပေးရာတွင် တံဆိပ်တုံးနှိပ်ခြင်းကအမှားယွင်းများနိုင်၍ ပယ်မဲအရေတွက် မများစေရန် ဆောင်ရွက်လျှက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိ သူတစ်ဦးထံမှသတင်းရရှိသည်။

ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်ဆန္ဒမဲပေးရာတွင် တံဆိပ်တုံးထုနှိပ်ရခြင်းမှာ ထင်ထားသည့်အတိုင်း ဆန္ဒပြုရာအကွက်အတွင်းသို့ ကွက်တိမဖြစ်ဘဲ အနေထားမှားယွင်းခြင်း မှင်ယိုစိမ့်မှုဖြစ်ခြင်းများကြောင့် ပယ်မဲအရေတွက်များလာနိုင်သဖြင့် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားထားသည့် စည်းကမ်းချက်ကိုလည်း သွေဖယ်ခြင်းမပြုဘဲ အတက်နိုင်ဆုံး အဆင်ပြေရန် စီစဉ်နေရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

“တံဆိပ်တုံးကမှင်ကို အမှန်ခြစ်နေရာ အတိကျဖြစ်ဖို့နဲ့ မှင်မယိုစိမ့်ဖို့ အဖုံးကို ပိတ်ထားပြန်ရင်လဲ ဒေသခံတွေက ဒါကိုအဖုံးမဖွင့်ဘဲ နှိပ်မိရင် မှင်မထင်ဘူး အဖုံးဖွင့်ထားတော့ တံဆိပ်တုံးက မှင်က လှဲထားရင် ပြန့်တယ် အဲ့တော့ စည်းကမ်းကိုလဲ မသွေဖယ်အောင် ပယ်မဲတွေအလေလွင့်တွေ မဖြစ်အောင်တော့ လုပ်ဆောင်နေပါတယ်”ဟု ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် နိုဝင်ဘာ ၈ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ ကြန့်ကြာမှုမရှိစေရန် မဲဆန္ဒရှင် သက်သေခံ လက်မှတ်များကို ထုတ်ပေးနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ကြိုတင်မဲပေးရာတွင် ဝန်ထမ်းအများစုဖြစ်သာ်လည်း တံဆိပ်တုံး ထုနှိပ်ခြင်းအပေါ် သေချာနားလည်မှု မရှိသေးသောကြောင့် ပယ်မဲများ များလာနိုင်မည်ကို စိုးရိမ်နေကြောင်း ထားဝယ်တိုင်းရင်းသားများပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအေးမင်းက ကြိုတင်မဲပေးရာတွင် ကြုံတွေ့ခဲ့ရသည်များ ကိုသုံးသပ်ပြောဆိုလိုက်သည်။

“ရွေးကောက်ပွဲကော်မရှင်က အစထဲက တံဆိပ်တုံးဘယ်လိုထုရမယ် မဲပေးရင်ဘယ်လိုတွေပေးရမယ်ဆိုတာကို ပြည်သူတွေသိအောင် လိုက်လံပညာပေးသင့်တယ် ပါတီတွေကလုပ်ရမဲ့အလုပ် မဟုတ်ဘူးလို့ထင်တယ် အခုချိန်ထိကို ဒေသခံတွေက မသိကျသေးဘူး” ဟု၎င်းကပြောသည်။

ရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒအမှန်ဖြစ်စေရန်နှင့် ပယ်မဲများ၊ မဲမသမာမှုများနည်းစေရန်အတွက် မဲပုံး လုံခြံုရေးနှင့် မဲပေးရန် နည်းစနစ်များကို သေချာသိရှိရန် လိုအပ်နေသေးကြောင်း မဲပေးရန်ရက်သည်လည်း နီးကပ်နေသဖြင့် မှန်ကန်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်မလာမည်ကို စိုးရိမ်ကြကြောင်း ပါတီ ကိုယ်စားလှယ်လောင်း များထံမှ သတင်းရရှိပါသည်။

Most read this week

January 15, 2016
“သင်တန်းတွေ တက်ရတဲ့အခါ ကိုယ်လိုချင်တာကို တောင်းဆိုဖို့နဲ့ ဌာနချုပ်က သဘောထားတွေကို တီးခေါက်...
December 18, 2015
အဆိုပါ သင်တန်းအား ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများကို အသုတ် (၅)သုတ်ခွဲ၍ သင်တန်းပေးခြင်း...
December 15, 2015
“ကိုယ်စားလှယ်လောင်း အားလုံးတင်ဖြစ်တယ် ပြသနာတော့ မရှိသေးဘူး သူတို့တွေရဲ့ တင်ပြချက်တွေ အပေါ်...
December 14, 2015
မေး။  ။ ၂၀၁၆မှာ နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာသုံး သပ်ပေးပါ။ဖြေ။...