​ငွေကြေးအခက်ခဲကြောင့် မဲဆွယ်စည်းရုံးရေးမှာ ထင်သလောက်မလုပ်နိုင်

​ငွေကြေးအခက်ခဲကြောင့် မဲဆွယ်စည်းရုံးရေးမှာ ထင်သလောက်မလုပ်နိုင်
by -
ခုုိင်နွယ်ဦး
ခုုိင်နွယ်ဦး — ​မဲဆွယ်​ရာ၌​ ​ငွေ​ကြေးအခက်​ခဲသည်​ ကိုယ်​စားလှယ်​​လောင်​းများအတွက်​ အဓိက အခက်​ခဲတစ်​ခုဖြစ်​​နေ​ကြောင်​း တနင်္သာရီတိုင်​း ​ဒေသကြီးအတွင်​းရှိ ကိုယ်​စားလှယ်​​လောင်​း အချို့ထံမှ သတင်​းရရှိသည်​။

​​ငွေ​ကြေးအခက်​အခဲ ကြံုရသည်​့ ပါတီများမှာ တိုင်​းရင်​းသားပါတီများ၊ တစ်​သီးပုဂ္ဂလအ​နေဖြင်​့ ဝင်​​ရောက်​ ယှဉ်​ပြိုင်​​သော ကိုယ်​စားလှယ်​​လောင်​းများဖြစ်​သည်​။

မဲဆွယ်​စည်​းရုံး​ရေးဆင်​းရာတွင် ​ငွေ​ကြေးမ​လောက်​ငှသော ​ကိုယ်​စားလှယ်လောင်​း တစ်​ဦးဖြစ်​​သော ​ကော့​သောင်​း မဲဆန္ဒနယ်​မှ​ ဝင်​​ရောက်​ယှဉ်​ပြိုင်​မည်​့ မွန်​အမျိုးသားပါတီမှ ​ဒေါ်ပန်​းရီက"လွှတ်​​တော်​ထဲမှာ အမျိုးသမီးဦး​ရေနည်​းတယ်​။ ကိုယ်​့​ဒေသအတွက်​ လုပ်​​ဆောင်​ချင်​တာနဲ့ အိမ်​ကပံ့ပိုးသ​လောက်​နဲ့ မဲဆွယ်​ရတယ်​"ဟု ​ပြောသည်​။

​ငွေ​ကြေးမလုံ​လောက်​မှုတွင်​ ပါတီကြီးများနှင်​့ ယှဉ်​ပြိုင်​မဲဆွယ်​သည်​့အခါ မိမိပါတီကို​ထောက်​ခံ​ပေးသည်​့ စည်​းရုံး​ရေးတွင်​ ကူညီကြသော ပြည်​သူများကို အကျႌများ လုံ​လောက်​စွာ ​ပေးဝေနိုင်​မှုမရှိခြင်း ​လက်​ကမ်​းစာ​စောင်​များ လုံ​လောက်​စွာ သုံးစွဲနိုင်​မှုမရှိခြင်​းနှင်​့ ​ဝေးလံ​သော​​နေရာများသို့ သွား​ရောက်​နိုင်​ရန်​ ကားမရှိခြင်​း စသည်​့အခက်​အခဲများ​ကြောင်​့ ဝင်​​ရောက်​ယှဉ်​ပြိုင်​​သော်​လည်​းအနိုင်​ရရန်​အားနည်​း လျှက်​ရှိ​ကြောင်​း တစ်​သီးပုဂ္ဂလအ​နေဖြင်​့ ဝင်​​ရောက်​ယှဉ်​ပြိုင်​မည်​့ ဦး​ဇော်​မင်​းထိုုက်​ကသုံးသပ်​သည်။

"ကျွန်တော်ကသိန်း၅၀အထက်ကျော်ပြီးမသုံးနိုင်ပါဘူး ရှိတဲ့​ငွေ​ကြေးနဲ့ဝင်​​ရောက်​ ယှဉ်​ပြိုင်​ရတာပါ"ဟု ဦး​ဇော်​မင်​းထိုက်​က​ပြောသည်​။

လွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်​း တစ်​​ယောက်​အတွက်​ မဲဆွယ်​စည်​းရုံး​ရေး စရိတ်​အ​နေဖြင်​့ သိန်​း တစ်​ရာ သတ်​မှတ်​​ပေးထား​သော်​လည်​း တိုင်​းရင်​းသားပါတီများနှင်​့ တစ်​သီးပုဂ္ဂလအ​နေနှင်​့ ယှဉ်​ပြိုင်​မည့်သူ​များအတွက်​ သုံးစွဲနိုင်​ခြင်​း မရှိသည်​့အပြင်​ လက်​ရှိသုံးစွဲစရိတ်​များကို တွက်​ချက်​ပါက သိန်​း ငါးဆယ် ​ပြည့်​မှီခြင်​း မရှိ​သေးသူများ​ကြောင်​း သတင်​းရရှိသည်​။

တနင်္သာရီတိုင်​း​ဒေသကြီးအတွင်​း ယှဉ်​ပြိုင်​မည်​့ ကိုယ်​စားလှယ်​​လောင်​းများ အဓိက အင်​အားကြီးပါတီ အဖြစ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင်​့ဖွံဖြိုး​တိုးတက်​​ရေးပါတီ၊ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ပါတီနှင်​့တိုင်း​ရင်​းသား စည်​းလုံးညီညွတ်​​ရေးပါတီများကို ယှဉ်​ပြိုင်​ရမည် ​ဖြစ်​​ကြောင်​းသိရသည်​။

Most read this week

January 15, 2016
“သင်တန်းတွေ တက်ရတဲ့အခါ ကိုယ်လိုချင်တာကို တောင်းဆိုဖို့နဲ့ ဌာနချုပ်က သဘောထားတွေကို တီးခေါက်...
December 18, 2015
အဆိုပါ သင်တန်းအား ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများကို အသုတ် (၅)သုတ်ခွဲ၍ သင်တန်းပေးခြင်း...
December 15, 2015
“ကိုယ်စားလှယ်လောင်း အားလုံးတင်ဖြစ်တယ် ပြသနာတော့ မရှိသေးဘူး သူတို့တွေရဲ့ တင်ပြချက်တွေ အပေါ်...
December 14, 2015
မေး။  ။ ၂၀၁၆မှာ နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာသုံး သပ်ပေးပါ။ဖြေ။...