မျိုးစောင့်ဥပဒေကို ဖျက်ဆီးရန် ကြိုးစားနေသည့်ပါတီ မဲအနိုင်ရပြီး အစိုးရဖွဲ့နိုင်လျှင် ၎င်းဥပဒေဖျက်သိမ်းခံရမည်ဟု တိပိဋကဓရ ရမ္မာဝတီဆရာတော် ဦးဣန္ဒပါလ မိန့်ကြား

မျိုးစောင့်ဥပဒေကို ဖျက်ဆီးရန် ကြိုးစားနေသည့်ပါတီ မဲအနိုင်ရပြီး အစိုးရဖွဲ့နိုင်လျှင် ၎င်းဥပဒေဖျက်သိမ်းခံရမည်ဟု တိပိဋကဓရ ရမ္မာဝတီဆရာတော် ဦးဣန္ဒပါလ မိန့်ကြား
by -
နိရဥ္စရာ
မျိုးစောင့် ဥပဒေကို ဖျက်ဆီးဖို့ ကြိုးစားနေသည့် ပါတီများရှိနေပြီး ၎င်းပါတီ မဲအနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့လျှင် မျိုးစောင့် ဥပဒေ ဖျက်သိမ်းခံရမည်ဟု တိပိဋကဓရ ရမ္မာဝတီဆရာတော် ဦးဣန္ဒပါလက မိန့်ကြားသည်။

ကျောက်ဖြူတွင် အောက်တိုဘာလ ၂၅ ရက်နေ့က မျိုးစောင့်ဥပဒေအောင်မြင်မှု အထိမ်းအမှတ် ထပ်ဆင့် ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပစဉ်တွင် တိပိဋကဓရ ရမ္မာဝတီဆရာတော် ဦးဣန္ဒပါလက ယင်းသို့ မိန့်ကြားသွားခြင်း ဖြစ်သည်။

“မျိုးစောင့်ဥပဒေကို ဖျက်ဖို့ ကြိုးစားနေတဲ့ ပါတီတွေ ရှိနေတယ်။ ယင်းပါတီ မဲအနိုင်ရလို့ အစိုးရဖွဲ့ နိုင်ရင် ဒီဥပဒေ ဖျက်သိမ်းခံရနိုင်တယ်။ အခွင့်အရေးဘာမှ မရဘဲ ဖြစ်သွားနိုင်တယ်။ လက်ရှိ အစိုးရကို ပုန်ကန်လို့ ဖြစ်ပါ့မလား။ သံဃာတော်တွေကို ဘာမှတိုးတက်အောင်မလုပ်နိုင်တဲ့ လက်ရှိအစိုးရနဲ့ ပေါင်းနေလို့ အပြစ်ပြောနေကြတဲ့ လူတွေရှိတယ်။ လက်ရှိအစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ပါမှ ကျောက်ဖြူမှာ၊ ရခိုင်မှာ၊ မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာ နေလိုလလို တောက်ပနိုင်မှာ ဖြစ်တယ်”ဟု ရမ္မာဝတီဆရာတော် ဦးဣန္ဒပါလက မိန့်ကြားခဲ့သည်။

ကျောက်ဖြူတွင် မျိုးစောင့်ဥပဒေအောင်မြင်မှု အထိမ်းအမှတ်ထပ်ဆင့် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၅ ရက်နေ့၊ နေ့လည် ၂ နာရီခန့်က ကျောက်ဖြူမြို့ ဦးဥတ္တမပန်းခြံတွင် ကျင်းပခဲ့သည်။

မျိုးစောင့်ဥပဒေအောင်မြင်မှု အထိမ်းအမှတ် ထပ်ဆင့် ဂုဏ်ပြုကြိုဆိုချီတက်ပွဲကို ကျောက်ဖြူ သာသနာ့ ဗိမာန်မှ စတင်၍ ဦးဥတ္တမပန်းခြံအထိ လမ်းလျှောက်ချီတက်ခဲ့သည်။ ၎င်းနောက် ဦးဥတ္တမ ပန်းခြံတွင် ဟောပြောပွဲကို ကျင်းပခဲ့သည်။

ကျောက်ဖြူမြို့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ဥက္ကဌ မူလာရာမဆရာတော် ဦးအင်္ကုရ ကလည်း ဘာသာခြားလူမျိုးခြားနဲ့ လက်ထပ်ထိမ်းခြားခဲ့သည့် တိုင်းရင်းသူတိုင်းရင်းသားတွေဟာ စနစ်တကျ ဥပဒေ မရှိသည့်အတွက် ပြဿနာပေါ်လာသည့်အခါ နစ်နာခဲ့ရခြင်းဖြစ်ကြောင်း၊ သို့အတွက် မျိုးစောင့် ဥပဒေမှာ ရှိကို ရှိရမည်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။

ဆရာတော်အချို့၏ ဟောပြောခြင်းမှာ အမျိုးဘာသာ သာသနာထက်  ပြည်ခိုင်ဖြိုးပါတီကို မဲဆွယ်သလိုဖြစ်နေသည့် အတွက် အခမ်းအနား တက်ရောက်လာသည့် ပရိတ်အချို့၏  ဝေဖန်မှုများလည်း ရှိခဲ့သည်ဟု သိရသည်။

မျိုးစောင့်ဥပဒေအောင်မြင်မှု အထိမ်းအမှတ်ထပ်ဆင့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားသို့ သံဃာတော်များနှင့် ကျောက်ဖြူမြို့ခံလူပေါင်း (၁ဝဝဝ)ခန့် တက်ရောက်ခဲ့ကြသည်။

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...