မြောက်ဦးနန်းတော်ရာကုန်း မဲဆွယ်စည်းရုံးပွဲတွင် ကြံ့ခိုင်ရေးပါတီကို အမျိုးသားရေးစိတ်ဖြင့် မဲပေးကြရန် ဦးမောင်မောင်အုန်းတိုက်တွန်း

မြောက်ဦးနန်းတော်ရာကုန်း မဲဆွယ်စည်းရုံးပွဲတွင် ကြံ့ခိုင်ရေးပါတီကို အမျိုးသားရေးစိတ်ဖြင့် မဲပေးကြရန် ဦးမောင်မောင်အုန်းတိုက်တွန်း
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ရခိုင်တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသည့်အတွက် အမျိုးသားရေးစိတ်ဓာတ်ဖြင့် မဲပေးကြရန် ယခင်ဝန်ကြီးချုပ်ဟောင်း ရခိုင်ပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက တိုက်တွန်းပြောကြားလိုက်သည်။

ယင်းကို အောက်တိုဘာလ ၂၆ ရက်နေ့၊ နေ့လည် ၁ နာရီခန့်က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ နန်းရာကုန်း၌ မြောက်ဦးမြို့နယ်မှကြံ့ခိုင်ရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“ရခိုင်သားမှန်ရင် ရခိုင်ပါတီပေးတာ။ အပြစ်မရှိဘူး။ မှန်တယ်။ ဒါဆိုရင် ကျနော်တို့ပါတီကော ဘာပါတီ မို့လို့လဲ။ ရခိုင်သားတွေနဲ့ ရခိုင့်အကျိုးကို ဆောင်ရွက်ဖို့ ဖွဲ့ထားတဲ့ ရခိုင်ပါတီတစ်ခုပါပဲ။ နာမည်ကသာ ပြည်ခိုင်ဖြိုး ဖြစ်နေတာ။ အားလုံးက ရခိုင်သား။ ယနေ့ ဒီမှာ မြောက်ဦးသားတွေ အားလုံး ရခိုင်သား တွေ။ မြောက်ဦးအကျိုးကို ဆောင်ရွက်မယ့် သူတွေနဲ့ဖွဲ့ထားတဲ့ ရခိုင်ပါတီတစ်ခုပါ။ ဒါကြောင့် ကျနော် ထောက်ခံပါတယ်။ ရခိုင်သားမှန်လျှင် ရခိုင်ပါတီပေးပါ။ အဲဒီတော့ ကျနော်တို့လည်း ရခိုင်ပါတီတစ်ခု ပါပဲလို့။ ဒါကြောင့်မို့လို့ ပါတီရဲ့ လူကို ကြည့်ပြီးတော့မှ ကျနော်တို့ပါတီကိုလည်း မိဘပြည်သူများက  အလေးအနက်ထားပြီး စဉ်းစားသင့်တယ်လို့ ပြောလိုပါတယ်”ဟု ဦးမောင်မောင်အုန်းက ဆိုသည်။

ဦးမောင်မောင်အုန်းသည် လာမည့်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် အမ်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်အတွက် ဝင်ရောက် ယှဉ်ပြ်ိုင် အရွေးခံမည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။

ယင်းသို့ ပြည်နယ်လွှတ်တော်တွင်ဝင်ရောက်အရွေးခံခြင်းမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာကို ဆက်လက် လုပ်ကိုင်လို၍ဟု ပြည်သူများက ဝေဖန်ပြောဆိုနေခြင်းကိုလည်း ဦးမောင်မောင်အုန်းက အဆိုပါတွေ့ဆုံပွဲတွင် တုန့်ပြန် ရှင်းလင်းခဲ့သည်။

“မိဘပြည်သူများကို ရိုးသားစွာ ဝန်ခံပါရစေ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်လုပ်တယ်ဆိုတာ အင်မတန် စိတ်ပင်ပန်း၊ လူပင်ပန်းရပါတယ်လို့ ပြောပါရစေ”ဟု သူက ဆိုသည်။ သို့သော် သူ့အနေဖြင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာကို ဆက်မလုပ်တော့ဟု  ပြတ်ပြတ်သားသား ငြင်းဆိုခဲ့မှု မရှိခဲ့ပါ။

ယင်းနေ့က ပြုလုပ်ခဲ့သည့်တွေ့ဆုံပွဲသို့ မြောက်ဦးမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်များ အပါအဝင် ပါတီဝင်များနှင့် စိတ်ပါဝင်စားသူ အင်အား ၁ဝဝဝ ခန့်တက်ရောက်ခဲ့ကြသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...