ရခိုင်ပြည်နယ် ချင်းတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်နေရာ ပါတီ ၅ ခုမှ ဝင်ရောက်ယှဉ်ပြိုင်မည်

ရခိုင်ပြည်နယ် ချင်းတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်နေရာ ပါတီ ၅ ခုမှ ဝင်ရောက်ယှဉ်ပြိုင်မည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်တွင် ရရှိမည့် ချင်းတိုင်းရင်းသားရေးရာ ၀န်ကြီးတစ်နေရာအတွက် ပါတီ (၅) ခုမှ ကိုယ်စားလှယ်များ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဟု သတင်း ရရှိသည်။

ဝင်ရောက် ယှဉ်ပြိုင်ကြမည့်သူများမှာ ဦးကြီးအောင် အရှိုချင်းအမျိုးသားပါတီ၊ ဦးသန်းထွန်း ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ဒေါ်မိုင်စုစုလှိုင် ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ဦးကိုကိုနိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဦးပုန်ဘွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ဖြစ်ကြသည်။

ရခိုင်ပြည်နယ်တွင် ဂွ၊ အမ်း၊ မြေပုံ၊ မင်းပြား၊ တောင်ကုတ်နှင့် သံတွဲမြို့နယ်များတွင် ချင်းအမျိုးသား အများအပြားနေထိုင်ကြသည်ဟု သိရသည်။

လက်ရှိ ကြံ့ခိုင်ရေးပါတီမှ ရခိုင်ပြည်နယ် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးကိုကိုနိုင်မှ မဲဆွယ်စည်းရုံးရေးဆင်းနေပြီဖြစ်ကြောင်း၊ အခြေအနေကောင်းကြောင်း ယခုလို ပြောဆိုသည်။

“ကျွန်တော်တို့ ချင်းတိုင်းရင်းသားတွေ အများစုနေထိုင်နေကြတဲ့ ဂွ၊ အမ်း၊ မြေပုံ၊ မင်းပြား၊ တောင်ကုတ်နဲ့ သံတွဲမြို့နယ်တွေမှာ စည်းရုံးရေးဆင်းနေပါပြီ။ ရခိုင်ပြည်နယ်ထဲမှာ နေထိုင်နေကြတဲ့ ချင်းတိုင်းရင်းသားတွေအနေနဲ့ ငါးနှစ်တာကာလအတွင်းမှာ ကျွန်တော်တို့ စွမ်းဆောင်ရည်တွေကို သိရှိသွားပြီဖြစ်တဲ့အတွက် သူတို့က ကျွန်တော်တို့ကို မဲပေးကြမှာပါ”ဟု ပြောဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက ချင်းတိုင်းရင်းသားရေးရာ ၀န်ကြီးနေရာကို  ဦးကိုကိုနိုင်မှ ပြိုင်ဘက်မရှိ အနိုင်ရရှိခဲ့ပြီး ယခု တစ်ကြိမ်တွင်လည်း သူသာ အနိုင်ရရှိလိမ့်မည်ဟု ယုံကြည်ထားကြောင်း ဦးကိုကိုနိုင်က ပြောဆိုသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...