ထားဝယ်ရေနက် ဆိပ်ကမ်းကြောင့် ဒေသခံများ ရပိုင်ခွင့်နဲ့ ဆုံးရှုံးမှုတွေကုုိ ပြန်လည် တောင်းဆိုမည်

ထားဝယ်ရေနက် ဆိပ်ကမ်းကြောင့် ဒေသခံများ ရပိုင်ခွင့်နဲ့ ဆုံးရှုံးမှုတွေကုုိ ပြန်လည် တောင်းဆိုမည်
by -
ခိုင်နွယ်ဦး
ခိုင်နွယ်ဦး ၊ BNI ရွေးကောက်ပွဲ သတင်းခန်း — “ ဒီစီမံကိန်းကို ပါတီမဖြစ်ခင်ထဲက လုပ်ဆောင်ပေးနေတာပါ။  အခုထိကိုသူတို့အနေနဲ့ လက်မ လျော့သေးဘူး ဆောင်ရွက်နေကျတုန်းပဲ။ စီမံကိန်းတစ်ခုလုပ်မယ်ဆိုရင် အဲ့ဒီ့ဒေသခံတွေနဲ့ ညှိနှိုင်းရမယ် ဆွေးနွေးရမယ် အဲ့လိုမလုပ်ပဲနဲ့ သူတို့ဘာသူတို့ဆက်လုပ်နေမယ် ဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ တိုင်းရင်းသား ဒေသခံတွေအတွက် လုပ်ပေးနေရအုံးမှာပဲ” ဟု ထားဝယ်တိုင်းရင်းသားများပါတီမှ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၂ တွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဦးအေးမင်းအား BNI ရွေးကောက်ပွဲ သတင်းခန်းမှ သတင်းထောက် ခိုင်နွယ်ဦးက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

IMG 20151016 130818မေး။   ။ မဲဆွယ်စည်းရုံးရာမှာ လက်ရှိမြေပြင်မှာ ဖြစ်ပေါ်နေတဲ့အခြေနေလေးအရင်ပြောပြပေးပါ။

ဖြေ။  ။ မဲဆွယ်ရာမှာ တိုင်းဒေသကြီးမှာဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကိုယ်တိုင်ပဲ ထားဝယ်မြို့နယ်ထဲမှာ ရပ်ကွက်တွေထဲထိသွားရောက် စည်းရုံးနေပါတယ် မဲဆွယ်ရာမှာ အုပ်ချုပ်ရေးအပိုင်း  အနေနဲ့လည်း ဘာမှအခက်အခဲမရှိဘူး။ အားလုံးအဆင်ပြေပါတယ်။

မေး။  ။ NCA ရေးထိုးပြီးဖြစ်တဲ့အတွက် ဒေသအတွင်းအပြောင်းအလဲလေးတွေကိုပြောပြပေးပါ။

ဖြေ။  ။ NCA ရေးထိုးပြီးတဲ့အတွက် ပြောရမယ်ဆိုရင် တနင်္သာရီတိုင်းဒေသကြီးမှာ လက်နက်ကိုင် အဖွဲ့အစည်းဆိုလို့ KNU နဲ့ မွန်လက်နက်ကိုင်ပဲရှိတာပေါ့နော်၊ သူတို့တွေအနေနဲ့ လတ်မှတ်လည်း ရေးထိုးပြီးသွားပြီ KNU ကိုလည်း မတရားအသင်းကနေပယ်ဖျက်ပြီးပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ ဒေသမှာ တော့အားလုံးကောင်းသွားပြီ ပြည်နယ် အေးချမ်းရင် စိတ်ချမ်းသာရတယ်။

ဘယ်သူတွေကဘယ်ပါတီဖြစ်ဖြစ် တစ်နိုင်ငံလုံးကဘယ်ပါတီဖြစ်ဖြစ် ကျွန်တော်တို့ စိတ်လည်း မဝင်စားဘူး။ ကျွန်တော်တို့ ဒေသမှာ အေးချမ်းသွားရင် ကျွန်တော်တို့လည်း စိတ်ချမ်းသာရတယ်။ ပြည်သူတွေလည်း စိတ်ချမ်းသာရတာ ဖြစ်တာကြောင့် ကျွန်တော် တို့ကတော့ NCA ငြိမ်းချမ်းရေး လတ်မှတ် ထိုးဖြစ်သွားတာကို  သဘောကျတယ်။ ဒေသခံတွေကလည်း ကြိုဆိုကျတာပေါ့ မဟုတ်ရင် ပြေးနေရမှာပေါ့။

မေး။  ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ပါတီအနေနဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိပေမဲ့ အခု၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းအပေါ် ဒေသအတွက် ဘယ်လိုအကျိုးဖြစ်စေမလဲဆိုတာ ပြောပြပေးပါ။

ဖြေ။  ။ အရင်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ပါတီက မထွက်သေးဘူး။ ပါတီက ၂၀၁၃ ဒီဇင်ဘာ ၁၇ရက်နေ့ကမှ မှတ်ပုံတင်ကျပြီး ပါတီအနေနဲ့တရားဝင်လှုပ်ရှားလို့ ရတာပါ။ ကျွန်တော်တို့ ဒေသရဲ့ရနိုင်တဲ့အခွင့်ရေးတွေနဲ့ ဆုံးရှုံးတာတွေကို ပြန်လည်ရရှိနိုင်ဖို့အတွက် အဓိကရည်ရွယ်တာပါ။

မေး။  ။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းက တနင်္သာရီတိုင်းဒေသခံတွေအတွက် နစ်နာမှုတွေကိုလည်း ပါတီအနေနဲ့ ဆောင်ရွက်ပေးနေတယ်လို့ကြားရပါတယ်။ ဒီစီမံကိန်းကို ဒေသခံတွေအတွက် ဘယ်လိုအကျိုး ရှိအောင် ဆောင်ရွက်သွားမလဲဆိုတာ ပြောပြပေးပါ။

ဖြေ။  ။ ဒီစီမံကိန်းကို ပါတီမဖြစ်ခင်ထဲက လုပ်ဆောင်ပေးနေတာပါ။ အခုထိကိုသူတို့အနေနဲ့ လက်မ လျော့သေးဘူး ဆောင်ရွက်နေကျတုန်းပဲ။ ဒီမှာ ဘယ်လိုဆောင်ရွက်မယ် ဒေသခံတွေအတွက် ဘယ်လို အကျိုးရှိစေမယ်ဆိုတာကို ပွင့်လင်းမြင်သာမှုမရှိဘူး။  စီမံကိန်းတစ်ခုလုပ်မယ်ဆိုရင် အဲ့ဒီ့ဒေသခံတွေနဲ့ ညှိနှိုင်းရမယ် ဆွေးနွေးရမယ် အဲ့လိုမလုပ်ပဲနဲ့ သူတို့ဘာသူတို့ဆက်လုပ်နေမယ် ဆိုရင်တော့  ကျွန်တော်တို့ အနေနဲ့ တိုင်းရင်းသားဒေသခံတွေအတွက် လုပ်ပေးနေရအုံးမှာပဲ။ ကျွန်တော်တို့က စီမံကိန်းကို ဖျတ်ဆီးနေ တာမဟုတ်ဘူး။ စီမံကိန်းကို စနစ်တကျ ဥပဒေနဲ့ အညီ လုပ်ပေးစေချင်တာ။ စီမံကိန်းကြောင့် ခြံမြေတွေပျက်ဆီး     သွားတဲ့ ပြသနာကအဓိကပါ။ ဒေသခံတွေက အဲ့ဒီ့နေရာတွေကနေ တစ်ခြားနေရာမှာပြောင်းပြီ လုပ်မယ်ဆိုရင် လုပ်ကွက်က လိုသေးတယ်လေ။  ဒါတွေကို အစိုးရကပြန်ဖော်ဆောင်ပေးသင့်တယ်လေ။ အဲ့လိုမှသာလျှင် အဆင်ပြေမှာပေါ့။

မေး။  ။ ထားဝယ်တိုင်းရင်းသားများပါတီအနေနဲ့ တစ်ခြားအတိုက်အခံပါတီတွေနဲ့ ယှဉ်ပြိုင် မဲဆွယ်ရာမှာ ဘယ်လိုအခက်အခဲတွေရှိလဲဆိုတာ ပြောပြပေးပါ။

ဖြေ။  ။ ကျွန်တော်တို့မဲဆွယ်ရာမှာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာတွေက မလိုဘူးလေ။ စည်းရုံးရေး ဆင်းတဲ့ အခါမှာ သူများအကြောင်းလုံးဝမပြောဘူး။ လိုအပ်တဲ့အရာကိုပဲပြောတဲ့အတွက် ဘာမှတော့ပြသနာမရှိပါဘူး။
မေး။  ။ မဲအောင်နိုင်ရေးအတွက်မှာ ဘာတွေကအဓိကကျတဲ့အချက်တွေလို့ မြင်ပါသလဲ။  မဲအောင်နိုင်ခဲ့ မယ်ဆိုရင် ဒေသခံနဲ့ တိုင်းရင်းသားတွေအတွက် ဘယ်လိုထိထိရောက်ရောက် အကျိုးပြု မလဲဆိုတာကို ပြောပြပေးပါ။

ဖြေ။  ။ မဲအောင်နိုင်ရေးအတွက် ပါတီကိုယုံကြည်သူတွေမဲပေးရင်တော့ အောင်နိုင်မယ်။ ကျန်တာက ဘာမှမလိုဘူး မဲအောင်နိုင်ခဲ့ရင် လျှပ်စစ်ကအဓိကပေါ့ တစ်ယူနစ်ကို ၃၀၀ ပေးနေရတာ တစ်ချို့နေရာ တွေမှာ လုံးဝမရဘူး။ အဲ့ဒါကို တစ်ခြားဒေသတွေ လိုသင့်တင့်တဲ့ စျေးနဲ့ လျှပ်စစ် အကုန်ရနိုင်အောင် လုပ်ပေးမယ်။

ဒေသတွင်းမှာ ရေလုပ်ငန်းတွေလုပ်တယ် အဲ့ဒီ့မှာ သတ္ထုနယ်မြေအဖြစ် သတ်မှတ်ထားတဲ့ နှစ်ငါး ဆယ်ဂရန်နဲ့ ရွာကြီးတွေကို ဥပဒေအရ မြေဂရန်တွေကိုပြန်တောင်းပေးချင်တယ်။ နောက်တစ်ခုက ပြည်သူတွေ မလိုလားတဲ့ ကျောက်မီသွေးစီမံကိန်းလိုဟာမျိုးတွေ အားမပေးဘူး။

အဲ့ဒါကြောင့် အဲဒီစီမံကိန်းတွေကိုတားမြစ်သွားမယ်။ လူမျိုးရေးအနေနဲ့က ကျွန်တော်တို့ မှတ်ပုံတင်မှာ ဗမာဖြစ်နေတယ်။ ရှမ်းတိုင်းရင်းသားတွေမှာဆို အင်းဆိုရင် မှတ်ပုံတင်မှာ အင်းပဲ ဓနုလူမျိုးဆိုလည်း ဓနုပဲ။ ကျွန်တော်တို့ကဗမာဖြစ်နေတဲ့အတွက် တိုင်းရင်းသား အခွင့် အရေးတွေ ဆုံးရှုံးနေတယ်။ အဲ့ဒါကြောင့် တရားဝင်မှတ်ပုံတင် ခွင့်ရအောင်တော့လုပ်ရမယ်။

ကိုယ်ရေးအကျဉ်း
အမည်             = ဦးအေးမင်း
မွေးသက္ကရာဇ်        = ၂၅-၁၂-၁၉၆၀
အသက်            = ၅၅ နှစ်
လူမျိုး                = ထားဝယ် ( ဗမာ)
ကိုးကွယ်သည့်ဘာသာ    = ဗုဒ္ဓဘာသာ
ပညာအရည်အချင်း        = B.Sc ( Chemistry )
အလုပ်အကိုင်        = ကိုယ်ပိုင်ဘာသာရပ်သင်တန်းဆရာ။
နိုင်ငံရေးအတွေ့အကြုံ    = မရှိ
လူမှုရေးလုပ်ငန်း    = ပါတီမထောင်ခင်ထဲက ထားဝယ်ရေနက်ဆိပ်ကမ်းရှိ  နစ်နာဆုံးရှုံးခဲ့သော ဒေသခံများကို  လျှော်ကြေးရအောင် လုပ်ဆောင်ပေးခဲ့

January 15, 2016
“သင်တန်းတွေ တက်ရတဲ့အခါ ကိုယ်လိုချင်တာကို တောင်းဆိုဖို့နဲ့ ဌာနချုပ်က သဘောထားတွေကို တီးခေါက်...
December 18, 2015
အဆိုပါ သင်တန်းအား ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများကို အသုတ် (၅)သုတ်ခွဲ၍ သင်တန်းပေးခြင်း...
December 15, 2015
“ကိုယ်စားလှယ်လောင်း အားလုံးတင်ဖြစ်တယ် ပြသနာတော့ မရှိသေးဘူး သူတို့တွေရဲ့ တင်ပြချက်တွေ အပေါ်...
December 14, 2015
မေး။  ။ ၂၀၁၆မှာ နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာသုံး သပ်ပေးပါ။ဖြေ။...