ယင်းရန်ပုံငွေနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ရန်ကုန်၊ တာမွေ မြို့နယ်၊ ပင်ရွှေညောင်လမ်းရှိ အလိုတော်ပြည့် ကျောင်းတိုက် တွင် အောက်တိုဘာ ၁၃ရက်၊ မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သည်။
ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့ (R.N.S.W.O) ဦးဆောင်ပြီး ၎င်းရန်ပုံငွေပွဲအား ညနေ ၆ နာရီမှ ၁၂ နာရီထိ ကျင်းပပြုလုပ်သွားမည်ဟု ဆရာတော် အရှင်ကုမာရက ပြောဆိုသည်။
ထိုပွဲတွင် နေတိုး၊ သူထူးစံ၊ ထူးအယ်လင်း၊ စိုးရန်အောင်၊ မြတ်ခိုင်ကျော်၊ ဇော်ပိုင်၊ ဝင်းကိုခိုင်၊ Lလွန်းဝါ၊ ကိုသန်းဆွေ၊ ကိုကိုနိုင်(ဗျာလ်)၊ Lကိုလင်း၊ ချောစုခင်၊ ဆုန်သင်းပါရ်၊ ညှာစိမ်းခိုင်၊ ခရစ္စတီးနား၊ ချမ်းချမ်း၊ ရတနာမိုင်၊ ချစ်စနိုးဦး၊ ဆုပန်းထွာ၊ Lဆိုင်းဇီ၊ စုမြတ်ထက်၊ မေခလာ၊ မီမီဝင်းဖေ၊ ဗန်သော့ကျင်၊ ဖြိုးကေသီနွယ်၊ မေဆွိ၊ စိန်လင်း၊ Russell၊Leo၊ ယူရီ၊ စိုင်းလေး၊ စိုးပိုင်၊ စိမ့်လဲ့လဲ့၊ ခင်သက်စု(မြန်မာ့အသံ)၊ ဇန်းနူး၊ မျိုးစန္ဒိံကျော်၊ ဖိုးကာ၊စန္ဒိံမြင့်လွင်၊ M ဆိုင်းလာ၊ မာရဇ္ဇ၊ တူးတူးတို့က ပါ၀င်သီဆိုမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲအား Sky Net ၊ MNTV ၊ Channel 9၊ Shwe FM တို့မှ တိုက်ရိုက် ထုတ်လွင့် ပြသမည်ဟု သိရသည်။
“ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးအတွက် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက် ပေးကြပါ။ ရခိုင်-ချင်းလို့ ခေါင်းစဉ်တပ် ထားပေမယ့် အကုန်လုံး တိုင်းရင်းသား ညီနောင်တွေပါ။ ရခိုင်နဲ့ချင်းဒေသဟာ ပျက်စီးမှု များပြားခဲ့ပါတယ်။ အဲဒီဒေသတွေဟာ လမ်းပန်းဆက် သွယ်ရေး၊ လျှပ်စစ်မီး၊ တယ်လီဖုန်း ဆက်သွယ်ရေးကအစ ပြတ်တောက်သွားခဲ့ပါတယ်။ အစိုးရက ဆောင်ရွက်ပေးတဲ့ ပြန်လည်ထူထောင်ရေးနဲ့ မလုံလောက်ပါဘူး။ ဒါကြောင့် ကိုယ်နိုင်တာလေးတွေကို အားလုံး ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြပါ”ဟု အရှင်ကုမာရက မိန့်ကြားသည်။
ချင်းတိုင်းရင်းသူအဆိုတော် မချောစုခင်မှလည်း”တိုင်းရင်းသားတွေ အချင်းချင်း ဒုက္ခရောက်နေတဲ့ အချိန်မှာ ကိုယ့်အဆိုတော် ပညာနဲ့ ကူညီဆောင်ရွက်ပေးတာပါ။ တိုင်းရင်းသား အကုန်လုံးဟာ ညီအစ်ကို မောင်နှမတွေပါပဲ။ တိုင်းရင်းသား မောင်နှမတွေ အကုန်းလုံးလည်း မိသားစု စိတ်ဓာတ်နဲ့ ဝိုင်းဝန်းကူညီပေးကြပါ”ဟု ဆိုသည်။
ထိုပွဲမှ ရရှိသည့်ငွေများကို ရခိုင်-ချင်း ဒေသရှိ ပြည်လည်ထူထောင်ရေး အတွက် သုံးစွဲမည်ဖြစ်ပြီး လက်မှတ်များကို ကျပ်တစ်သောင်းနှင့် ကျပ်နှစ်သောင်း နှစ်မျိုးသတ်မှတ်ထားသည်။
ပြည်တွင် ပြည်ပအလှူရှင်များအနေဖြင့် CB Bank Account-0016 1001 0001 2278) ဖုန်း(01.2399977)သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။







