အမေရိကရောက် ရခိုင်မိသားစုက ရေဘေးသင့် ရခိုင်ပြည်သူများတွက် ငွေကြေးလှူဒါန်း

အမေရိကရောက် ရခိုင်မိသားစုက ရေဘေးသင့် ရခိုင်ပြည်သူများတွက် ငွေကြေးလှူဒါန်း
by -
နိရဥ္စရာ
အမေရိကန်နိုင်ငံ အိုင်အိုဝါ ပြည်နယ်မှ ရခိုင်မိသားစုက ရခိုင်ပြည်နယ် ရေဘေးသင့် ရခိုင်ပြည်သူများ အတွက် ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးအေးသာအောင်မှတဆင့် ငွေကြေးလှူဒါန်းလိုက်သည်ဟု သိရသည်။

“ဟုတ်ပါတယ် အမေရိကန်နိုင်ငံ အိုင်အိုဝါ ပြည်နယ် ရခိုင်မိသားစုက ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် ဦးအေးသာအောင်ကတဆင့် လှူဒါန်းတာ ဖြစ်ပါတယ်။ မင်းပြားမြို့နယ်အတွက် ကျပ်သိန်း ရ၀၊ မြောက်ဦးမြို့နယ်အတွက် ကျပ်သိန်း ၆၀ နဲ့ ကျောက်တော်မြို့နယ်အတွက် ကျပ်သိန်း ၆၀ လှူဒါန်းလိုက်တယ်လို့ သိရပါတယ်”ဟု မြောက်ဦးမြို့နယ် ရေဘေးကူညီထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးခိုင်ထူးက နိရဥ္စရာသတင်းဌာသို့ ပြောသည်။

မြောက်ဦးမြို့နယ် ရေဘေးသင့်ပြည်သူများသို့ လှူဒါန်းသော ကျပ်သိန်း ၆၀ ကို အောက်တိုဘာ ၁၄ ရက်နေ့၊ နံနက်က အခမ်းအနားတစ်ရပ်ဖြင့် လက်ခံခဲ့ပြီး၊ ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးအေးသာအောင်က မြောက်ဦးမြို့နယ် ရေဘေး ကူညီထောက်ပံ့ရေးအဖွဲ့သို့ လွှဲအပ်ခဲ့သည်ဟု သိရသည်။

“ရေဘေးသင့်ပြည်သူတွေအနေနဲ့ စားဝတ်နေရေးအတွက်ကတော့ သိပ်အခက်အခဲ မရှိတော့ပါဘူး။ ရေဘေးသင့်ပြည်သူတွေအတွက် ကူညီမှုတွေကလည်း အရင်ကနဲ့စာရင် နည်းသွားပါပြီ။ မိုးရာသီမှာ စပါးခင်းပျက်စီးသွားသူတွေက ဆောင်းသီးနှံစိုက်ဖို့ လိုလားနေကြပါတယ်”ဟု ဦးခိုင်ထူးက ပြောသည်။

မြောက်ဦးမြို့နယ်တွက် ရေကြီးစဉ် လယ်မြေဧက ၁၇၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး၊ ထိုနေရာများတွင် ဆောင်းသီးနှံများ စိုက်ပျိုးလိုကြသည်ဟု သိရသည်။ သို့သော် ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် အစိုးရက စီစဉ်ပေးမှုမရှိသေးဘဲ လူမှုအဖွဲ့အစည်းများကသာ လုပ်ဆောင်နေရသောကြောင့် မျိုးစေ့ အလုံအလောက်မရရှိ ဖြစ်နေရသည်ဟု သိရသည်။

ရေလွှမ်းမိုးသည့် တချို့နေရာများတွင် သဲများဖုန်းလွှမ်းသွားသဖြင့် နွေရာသီရောက်ပါက စိုက်ခင်းများတွင် ရေလိုအပ်မည်ဖြစ်ပြီး ရေ တင်ရန် ရေစုပ်စက်များလည်း လိုအပ်လာမည်ဟု မြောက်ဦးမြို့နယ် ရေဘေးကူညီထောက်ပံ့ရေးအဖွဲ့မှ ဦးခိုင်ထူးက ပြောသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...