မေး။ ။ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဘာကြောင့် ၀င်ပြိုင်ဖြစ်တာလဲ ။
ဖြေ။ ။ ရေးရာဝန်ကြီးဝင်ပြိုင်ဖြစ်ရတဲ့အကြောင်းအရင်းက ကျွန်တော်တို့တိုင်းရင်းသားတွေ ရှမ်းတစ်ခု တည်းမဟုတ်ဘူးပေါ့နော် ဒဿမ တစ်မရတဲ့ မျိုးနွယ်စုတွေ ရှိတယ်။ စစ်ကိုင်းတိုင်းမှာက ရှမ်းရယ်၊ ချင်း ရယ်ပဲရှိတာပဲလေ။ အခုတော့ ဒဿမ တစ်မရတဲ့ ကဒူးတို့ ၊ ကချင်တို့ ရှိတယ်ဗျာ ၊ ဒဿမ တစ်မရတဲ့ လူမျိုးနွယ်စုတွေပျောက်သွားမှာစိုးတယ်။ ကျွန်တော်တို့ ရှမ်းတွေလည်း စာသင်ခွင့်မရခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ခဲ့့ပြီဆိုတော့လုပ်ခွင့်ရတဲ့အချိန်မှာ လုပ်ကိုလုပ်မှဖြစ်မှာ ။ အဲ့တော့ စာသင်ကျောင်းမှာလည်း သင်ကို သင်ရမှာ မသင်ရင်ကျွန်တော်တို့ ပျောက််တော့မှာ အဲ့တာတွေကိုလုပ်ဖို့အတွက် ရေးရာဝန်ကြီးမှာ တာဝန် ရှိတယ်လေ ။ အဲ့တာမှလည်း လုပ်လို့ရမှာပေါ့လေ ။ တိုင်းရင်းသားတွေနေထိုင်တဲ့ ကျန်းမာရေး ၊နေထိုင်ရေး ကအစပေါ့ အဲ့ဒီအနေအထားမှာ ကျွန်တော်တို့ ဒသမ တစ်ရတဲ့ ရှမ်းလူမျိုးကနေပြီးတော့ ဦးဆောင်ပြီးသွား သင့်တယ်။
မေး။ ။ မဲဆွယ်ကာလမှ ဘယ်လိုမဲဆွယ်မှုတွေ ပြုလုပ်နေလဲ ပြည်သူတွေကို ဘယ်လိုကတိတွေပေးထားလဲ ။
ဖြေ။ ။ အစ်ကိုတို ့ အနေနဲ့ ကသာခရိုင်ကိုဖွဲ့စည်းထားပြီးပြီ ။ ကသာခရိုင်ဘက်က ရှိနေတဲ့ ကျွန်တော်တို့ အဖွဲ့တွေကို ကျွန်တော်လိုအပ်တာကူညီပေးနေတယ် ။ ကျွန်တော်ဟုမ္မလင်းဘက်ကိုတော့ မသွားရသေးဘူး ပေါ့နော် ။ မူဝါဒကတော့ ကျွန်တော်တို့ တိုင်းရင်းသားတိုင်းရဲ့ ယဉ်ကျေးမှု စာပေ လုပ်ပိုင်ခွင့်ရှိရမယ် ။ စာသင်ကျောင်းမှာ သင်ပိုင်ခွင့်ကို ရရမယ် ။ မူလတန်းကနေပြီး အလယ်တန်းထိ မသင်မနေရပညာ အဖြစ် သတ်မှတ်ပေးရမယ် ။ နောက် အလုပ်သမားမူဝါဒနဲ့ ပတ်သတ်ပြီးတော့ကတော့ Power သုံးပြီးတော့ သွားတာမျိုးကို ကျွန်တော်တို့လုံးဝ မလိုလားဘူးပေါ့လေ ။
မေး။ ။ စစ်ကိုင်းတိုင်းမှာ ရှမ်းရေးရာဝန်ကြီး ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တွေက များတယ်ဆိုတော့ ဘယ်လိုစိန်ခေါ်မှုတွေ ဖြစ်လာနိုင်သလဲ ၊ မဲဆွယ်စည်းရုံးတဲ့အခါမှာကော ဘယ်လိုအခက်အခဲတွေရှိလာနိုင်လဲ ။
ဖြေ။ ။ ဘယ်လိုစိန်ခေါ်မှုတွေလည်းဆိုတော့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ကိုယ်စားလှယ်တွေ့များတယ်။ နောက် တစ်သီး ပုဂ္ဂလတွေလည်းပြိုင်ကြတယ်ဆိုတော့ အများအားဖြင့်တော့ ဟုမ္မလင်းဘက်ပေါ့ ။ ကျွန်တော်ဖြစ်ချင် တာကတော့ ကျွန်တော်တို့ ရှမ်းစစ်စစ်တွေကပဲ လမ်းကြောင်းဖောက်ပြီး သွားတာ ဖြစ်ချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ မူဝါဒချမှတ်ထားတဲ့ ရှမ်းတိုင်းရင်းသားတွေအတွက် ပါတီတွေကိုပဲ ဦးစားပေး သင့်တယ်လို့ ထင်ပါ တယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေကလည်း တစ်နိုင်ငံလုံးကို ၀င်ရောက်ယှဉ်ပြိုင်တာ လည်းမဟုတ် တော့လေ ၊ တိုင်းရင်းသားတွေ နေထိုင်တဲ့နေရာမှာ ၀င်ရောက်ယှဉ်ပြိုင်တာက တိုင်းရင်းသားတွေရယ် တိုင်းရင်းသားတွေခံစားနေရတာရယ် ၊ ကျွန်တော်တို့ ဒေသက ထွက်ကုန်တွေကိုလည်း ကျွန်တော်တို့ မခံစားရဘူး အဲ့တာတွေ ခံစားနားလည်ပေးနိုင်တာက တိုင်းရင်းသားတွေပဲ ရှိတယ်လေ။
မေး။ ။ စစ်ကိုင်းတိုင်းမှာရှိတဲ့ ရှမ်းတွေက မှတ်ပုံတင်မှာ ပြဿနာတချို့ ရှိတယ် အဖေ-အမေ က ရှမ်းဖြစ်ပြီး သားသမီးက ဗမာဖြစ်နေတယ် ။ ရှမ်းဗမာဖြစ်နေတာတွေရှိတယ် မဲဆန္ဒရှင်တွေ ရဲ ့အခက်အခဲတွေကို ဘယ်လိုဖြေရှင်းမလဲ။
ဖြေ။ ။ အခုကတော့ ရှမ်းဗမာဖြစ်နေတဲ့ဟာတွေကို တော့ ဖြေရှင်းလို့မရလောက်ဘူးဗျ ။ ကျွန်တော်တို့ ၀န်ကြီးဖြစ်သွားပြီဆိုမှပဲ အခုဟာက ကျွန်တော်တို့ နှုတ်ထွက်စကားအတိုင်းဖြစ်နေတာလေ။ ကျွန်တော်တို့ ဘက်က ဘာသာစကားပျောက်တယ်လေ ။ စာပေယဉ်ကျေးမှုတွေပျောက်တာ နှစ်ပေါင်း ၆၀ ကျော်ပြီလေ ။ အဲ့လိုဆိုတော့ ပြောနေတဲ့စကားနဲ့ ဟိုဘက်ကစကားတွေနဲ့လည်း ကွာတယ် နုှတ်ထွက်စကားစကားအတိုင်း ဆိုတော့ အားတော့နည်းသွားတာပေါ့လေ ။ အဲ့တာတွေကို လုပ်ပိုင်ခွင့် ရသွားတဲ့အခါမှပဲ ဒါတွေကို ဆွဲခေါ်ပြီးလုပ်သွားပေးရမှာပေါ့လေ။
မေး။ ။ ၀င်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေမှာ ဘာတွေအဓိကလိုအပ်နေလဲ ။မဲဆန္ဒရှင်တွေရဲ ့ သဘောထားကောဘယ်လိုရှိလဲ။
ဖြေ။ ။ ဘာတွေတောင်းဆိုလဲဆိုတာတော့ စာပေယဉ်ကျေးမှု အဓိကတောင်းဆိုတယ် ။ ဘာလို့လဲဆိုတော့ စာပေယဉ်ကျေးမှု သင်ခွင့်မရှိတော ့အမျိုးပျောက်တော့မှာလေ ။ စာမရှိဘူးဆိုတဲ့ သိမ်ငယ်မှုပေါ့လေ အဲ့တာတွေဖြစ်နေတော့ သူတို့တွေ စာသင်ချင်တယ် ။ နောက်ပြီးတော့ ရှမ်းပွဲလို့ခေါ်တဲ့ ပွဲတော်တွေကို သူတို့ ခံစားချင်ကြတယ် ။ ဘာဖြစ်လဲဆိုတော့ လုပ်ပိုင်ခွင့်ရတဲ့အခါမှာ လုပ်ဖို့ပေါ့လေ ။ မျိုးဆက် ၄ ခုလောက်ပျောက်ခဲ့တယ်ဆိုတော့ အဲ့တာတွေကို ပြန်ဖော်ပေးစေချင်တာပေါ့ ။
မေး ။ ၂၀၁၀ တုန်းက ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ၀န်ကြီးတွေလည်း ဒီဒေသမှာ စာပေယဉ် ကျေးမှု တွေလုပ်သွားပေးမယ်ဆိုပြီး ကတိခံခဲ့ကြတယ် ။ ဒါပေမယ့် လက်တွေ့လုပ်တဲ့နေရာမှာ အဲ့ဒီအတိုင်းမဖြစ်လာဘူးအဲ့ဒီအပေါ်ရော ဘယ်လိုသုံးသပ်လဲ ။အဲ့လိုမဖြစ်အောင် ဘယ်လိုကတိတွေ ပြည်သူတွေကို ပေးချင်လဲ ။
ဖြေ။ ။ ဒါကတော့ ခုနက မူပေါ့နော် ။ ကျွန်တော်ကတော့ ကျားဖြူကနေပြိုင်တာပေါ့နော် ။ ကျွန်တော်တို့ မူဝါဒထဲမှာကို ကအဲ့တာတွေပါတယ်ပေါ့နော် ။ ပါပြီးတဲ့့အခါကျတော့ ကျွန်တော်နိုင်ရင် ကျွန်တော့်မူဝါဒအတိုင်း လုပ်ကို လုပ်မှာ ။ ကျွန်တော် နို်င်တယ်ဆိုရင်တော့ စာသင်ကျောင်းမှာ ရှမ်းစာသင်ကိုသင်ရမယ် ။ ရှမ်းစာဆိုတာ ဘယ်ရှမ်းစာမဆို ပေါ့နော် ။ သူတို့သင်ချင်တာတွေ စာသင်ကျောင်းမှာသင်လို့ရမှာ ။ နောက်တစ်ချက်က အဲ့လိုမျိုးတောင်းဆိုတဲ့့အခါမှာ ကျားဖြူပါတီက တခြားတိုင်းရင်းသားတွေနဲ့ သဘောတူထားပြီး လုပ်တာဖြစ်တဲ့ အခါကျတော့ တောင်းဆိုတဲ့အခါမှာ အားပိုရှိတာပေါ့ ။ အဲ့တာကြောင့် ကျွန်တော် အာမခံရဲတယ်ပေါ့လေ ။ ဖြစ်အောင်လုပ်ကိုလုပ်မယ် ။
မေး။ ။ မဲဆန္ဒနယ်က မဲဆန္ဒရှင်တွေနဲ့ ကျွန်တော်တို့ စာဖတ် ပရိတ်သတ်တွေကို ဘာတွေပြော ချင်သေးလဲဗျ
ဖြေ။ ။ ပြောချင်တာက ကိုယ်ထည့်လိုက်တဲ့ မဲက ကိုယ့်အနာဂတ်ကိုဖန်တီးပေးမယ့် သူဖြစ်ဖို့ သေသေချာချာရွေးဖို့လိုတယ် ။ သေသေချာချာလည်း သိဖို့လို်တယ် ကျွန်တော်တို့ စစ်ကိုင်းတိုင်းမှာ မဲပုံးက ၄ ပုံးပေါ့လေ ။ သုံးပုံးက လွတ်တော်သုံးရပ်အတွက်သွားတာပေါ့နော် ဒီတစ်ပုံးက တိုင်းရင်းသား တွေအတွက် ဆိုတော့ တိုင်းရင်းသားတွေအတွက် မူဝါဒထုတ်ထားတာခိုင်မာတယ် ။ ဘယ်ရဲ့ဟာက ဘယ်လို ဆက်နွယ် တယ်ဆိုတာကို တွေးတောပြီး မဲထည့်စေချင်ပါတယ်။





