ဘင်္ဂလားဒေ့ရှိ နိုင်ငံသား ၁၀၃ ဦးကို မြန်မာဘက်က လွှဲပြောင်း

ဘင်္ဂလားဒေ့ရှိ နိုင်ငံသား ၁၀၃ ဦးကို မြန်မာဘက်က လွှဲပြောင်း
by -
နိရဥ္စရာ
မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောခရိုင် တောင်ပြို လက်ဝဲမြို့နယ်ခွဲတွင် ထိန်းသိမ်းထား သော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၀၃ ဦးကို မြန်မာဘက်က အောက်တိုဘာ ၁၂ ရက်နေ့၊ နံနက် လွှဲပြောင်းပေးအပ်လိုက်သည်ဟု မောင်တောခရိုင် ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က နိရဥ္စရာသို့ ပြောသည်။

“ဒီကနေ့(အောက်တိုဘာ ၁၂ရက်) တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမမှာ မြန်မာစံတော်ချိန် ၁၁ နာရီ၊ ဘင်္ဂလီ စံတော်ချိန် ၁၀ နာရီခွဲ အချိန်မှာ ကျွန်တော် ဦးဆောင်တဲ့ အဖွဲ့နဲ့ ဘင်္ဂလားဒေရှ် ကော့စ်ဘဇား အခြေစိုက် အမှတ် (၁၇) နယ်ခြားစောင့်တပ်ရင်းက ယာယီ တပ်ရင်းမှူး  Additional Director ဗိုလ်မှူး MN အူလာအဖွဲ့တို့ နှစ်နိုင်ငံ အလံတင် အစည်းအဝေး ကျင်းပပြီးတော့ ချစ်ကြည်ရေးတံတားမှာပဲ ၁၀၃ ဦးကို လွဲပြောင်းလိုက်ပါတယ်”ဟု ပြောသည်။

ယခုလွဲပြောင်းခံရသူ အများစုမှာ ဇွန်လ ၃၀ ရက်နေ့နှင့် ဇူလိုင်လ ၁၀ ရက်အကြား မြန်မာ့ရေတပ်မှ တနင်္သာရီတိုင်းတွင် ဖမ်းဆီးမိသူများဖြစ်ကြသည်ဟု သိရသည်။ ဖမ်းဆီးခံရသူ စုစုပေါင်းမှာ ၁၀၂ ဦး ရှိပြီး တနင်္သာရီမှတဆင့် မောင်တောမြို့ နယ် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲသို့ ပို့ဆောင်ခံရသူများ ဖြစ်ကြသည်။

“သူတို့ကို အခုလို လွှဲပြောင်းပေးပြီးတဲ့နောက်မှာ နောက်ထပ်ထပ် ကျန်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လှေစီးဒုက္ခသည်က စုစုပေါင်း ရ၇ ဦး စခန်းမှာ ကျန်ရှိနေပါသေးတယ်။ သူတို့ကို ဘာကြောင့် ဒီလူတွေ အတူ မလွှဲပြောင်းတာလဲဆိုရင် ဘင်္ဂလားဒေ့ရှ်ဘက်မှာ လူနာမည်နဲ့ နေရပ်လိပ်စာနဲ့အတူ စစ်ဆေးနေတဲ့အတွက် ဖြစ်ပါတယ်”ဟု သူက ဆိုသည်။

ကျန်ရှိနေသူ ရ၇ ဦးအား လူသားချင်းစာနာမှုအရ မြန်မာအစိုးရနှင့် နိုင်ငံတကာ အန်ဂျီအိုများက ပူးပေါင်းကူညီစောင့်ရှောက်ထားသည်ဟု သိရသည်။

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...