“မဲဆွယ်စည်းရုံးရေးလုပ်တဲ့အခါမှာ လူထုဟောပြောပွဲ ပုံစံမျိုးမဟုတ်ဘဲ စကားဝိုင်းလုပ်ပြီးတော့ စည်းရုံးပါတယ်။ ရွေးကောက်ပွဲ ပညာပေးလည်း လုပ်ပေးပါတယ်။ ရွေးကောက်ပွဲပညာပေးနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ရဲ့ လက်ကမ်းစာစောင်မှာလည်း ဖေါ်ပြပေးထားပါတယ်”ဟု ဒေါ်လှအေးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေဖြင့် စစ်တွေမြို့နယ်၌ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို အောက်တိုဘာ ၁ ရက်နေ့မှ စတင်လုပ်ဆောင်ခဲ့ပြီး ဂျောဘဂျာ၊ ကျက်တောပြင်၊ ရေချမ်းပြင်၊ ဝါဘိုနှင့် ကံ့ကော်ကျွန်းအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်တွင် မဲဆွယ်စည်းရုံးရေး ပြုလုပ်ပြီးပြီဟု သိရသည်။
ဒေါ်လှအေးအနေဖြင့် ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိနေပြီး သူမယှဉ်ပြိုင်မည့် ပြည်သူ့ လွှတ်တော်နေရာတွင် နိုင်နိုင်ခြေ ၈၀ ရာခိုင်နှုန်းရှိသည်ဟု ပြောသည်။
မဲဆွယ်စည်းရုံးရေးလုပ်ရာတွင် အခက်အခဲတစ်စုံတစ်ရာမရှိသော်လည်း ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်ပါမပါ မသိရှိသူများပြားနေသည်ဟု ဒေါ်လှအေးက ပြောသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေဖြင့် ရခိုင်ပြည်နယ်တွင် မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဂွ၊ မာန်အောင်၊ သံတွဲ၊ တောင်ကုတ် မြို့နယ်များတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂၄ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ရ ဦး ဝင်ရောက်အရွေးခံမည်ဟု သိရသည်။







