တစညပါတီ စစ်တွေမြို့နယ်တွင် စကားဝိုင်းလုပ်ပြီး မဲဆွယ်စည်းရုံး

တစညပါတီ စစ်တွေမြို့နယ်တွင် စကားဝိုင်းလုပ်ပြီး မဲဆွယ်စည်းရုံး
by -
နိရဥ္စရာ
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အနေဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၌ မဲဆွယ် စည်းရုံးရေးလုပ်ရာတွင် လူထုဟောပြောပွဲ ပုံစံမျိုးမဟုတ်ဘဲ စကားဝိုင်းလုပ်ကာ မဲဆွယ်စည်းရုံးလျှက်ရှိ သည်ဟု စစ်တွေမြို့နယ်တွင် ပြည်သူ့လွှတ်တော်နေရာ၌ ဝင်ရောက်အရွေးခံမည့် ရခိုင်ပြည်နယ် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်လှအေးက ပြောသည်။

“မဲဆွယ်စည်းရုံးရေးလုပ်တဲ့အခါမှာ လူထုဟောပြောပွဲ ပုံစံမျိုးမဟုတ်ဘဲ စကားဝိုင်းလုပ်ပြီးတော့ စည်းရုံးပါတယ်။ ရွေးကောက်ပွဲ ပညာပေးလည်း လုပ်ပေးပါတယ်။ ရွေးကောက်ပွဲပညာပေးနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ရဲ့ လက်ကမ်းစာစောင်မှာလည်း ဖေါ်ပြပေးထားပါတယ်”ဟု ဒေါ်လှအေးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေဖြင့် စစ်တွေမြို့နယ်၌ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို  အောက်တိုဘာ ၁ ရက်နေ့မှ စတင်လုပ်ဆောင်ခဲ့ပြီး ဂျောဘဂျာ၊ ကျက်တောပြင်၊ ရေချမ်းပြင်၊ ဝါဘိုနှင့် ကံ့ကော်ကျွန်းအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်တွင် မဲဆွယ်စည်းရုံးရေး ပြုလုပ်ပြီးပြီဟု သိရသည်။

ဒေါ်လှအေးအနေဖြင့် ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိနေပြီး သူမယှဉ်ပြိုင်မည့် ပြည်သူ့ လွှတ်တော်နေရာတွင် နိုင်နိုင်ခြေ ၈၀ ရာခိုင်နှုန်းရှိသည်ဟု ပြောသည်။

မဲဆွယ်စည်းရုံးရေးလုပ်ရာတွင် အခက်အခဲတစ်စုံတစ်ရာမရှိသော်လည်း ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်ပါမပါ မသိရှိသူများပြားနေသည်ဟု ဒေါ်လှအေးက ပြောသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေဖြင့် ရခိုင်ပြည်နယ်တွင် မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဂွ၊ မာန်အောင်၊ သံတွဲ၊ တောင်ကုတ် မြို့နယ်များတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂၄ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ရ ဦး ဝင်ရောက်အရွေးခံမည်ဟု သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...