“မနေ့ည အောက်တိုဘာ ၉ ရက်နေ့မှာ ကြက်စျီးခွဆုံမှာ စိုက်ထူထားတဲ့ ဗီနိုင်း ထွားထွားညက်ညက် ကြေအောင် ဖျက်ဆီးခံထားရပါတယ်။ လူတစ်ရပ်ကျော်အမြင့်မှာ ထောင်ထားတာပါ”ဟု အမျိုးသား လွှတ်တော်ကိုယ်စား ဦးဦးကျော်သိန်းက ပြောသည်။
အလားတူ မြောက်ဦးမြို့ အလယ်စျီးလမ်းဆုံတွင် စိုက်ထူထားသော ၄ ပေ၊ ၃ ပေရှိ ဆိုင်းဘုတ်တစ်ခု လည်း အောက်တိုဘာလ ရ ရက်နေ့၊ ညနေ ရ နာရီခွဲခန့် ဖျက်ဆီးခံခဲ့ရသည်ဟု သိရသည်။
“ကျွန်တော်နဲ့ ပြိုင်မယ့် ကိုယ်စားလှယ် ရ ဦး ရှိပါတယ်။ အဲဒီအထဲက အင်အားကြီးပါတီ တစ်ခုက ကိုယ်စားလှယ်တစ်ဦးရဲ့ သွေးထိုး လှုံ့ဆော်မှုလို့ ယူဆပါတယ်။ အခုတော့ မြောက်ဦးခရိုင် ရွေးကောက်ပွဲကော်မရှင်ကိုရော၊ ရဲစခန်းကိုရော တိုင်ကြားထားပါတယ်”ဟု ဦးကျော်သိန်းက ပြောသည်။
ဦးဦးကျော်သိန်း၏ တိုင်ကြားစာကို လက်ခံရရှိကြောင်းနှင့် ယင်းစာအား ခရိုင်ကော်မရှင် ဥက္ကဋ္ဌထံသို့ တင်ပြထားကြောင်း မြောက်ဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးရွှေသန်းက နိရဥ္စရာသို့ ပြောဆိုသည်။
“ဒီနေ့(အောက်တိုဘာ ၁၀ ရက်)မနက်ကပဲ တိုင်ကြားစာကို ရပါတယ်။ မဲရုံးမှူး သင်တန်းလုပ်နေတဲ့ ဒီနေ့မနက်ကပဲ ဦးဦးကျော်သိန်းဆီက တိုင်စာကို ရပါတယ်။ အခု ခရိုင် ဥက္ကဋ္ဌကော်မရှင် တင်ပြ လိုက်ပါပြီ။ ခရိုင်ကော်မရှင်ရဲ့ လမ်းညွှန်တဲ့အတိုင်း ဆက်လုပ်မှာပါ”ဟု ဆိုသည်။
ယင်းအပြင် ယခု လုပ်ရပ်မှာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် သက်ဆိုင်ရာ မဲဆန္ဒရှင်ပြည်သူများအကြား သဘောကွဲလွဲ၍ ဖြစ်ပုံရကြောင်း၊ ယခု လုပ်ရပ်ကြောင့် ရွေးကောက်ပွဲကို ထိခိုက်မည်ဟု မထင်ကြောင်း မြောက်ဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးရွှေသန်းက ပြောဆိုသည်။







