AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားသူ ၁၈ ဦးထဲမှ ၈ ဦးကို ရုံးထုတ်

AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားသူ ၁၈ ဦးထဲမှ ၈ ဦးကို ရုံးထုတ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ရက္ခိုင့်တပ်မတော် (Arakan Amy–AA)နှင့် ဆက်သွယ်မှုဖြင့် စွပ်စွဲဖမ်းဆီးထားသော လူပေါင်း ၁၈ ဦးထဲမှ ၈ ဦးကို အောက်တိုဘာလ ၆ ရက်နေ့က ကျောက်တော် မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

“ဟုတ်ပါတယ်ဗျာ။ ရက္ခိုင့်တပ်မတော်နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ကျောက်တော်ရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ လူပေါင်း ၁၈ ဦး အထဲက ၈ ဦးကို ကျောက်တော်မြို့နယ် တရားရုံးမှာ မနေ့က ရုံးထုတ်ခဲ့ပါတယ်”ဟု ကျောက်တော်မြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ ဒုရဲအုပ် ဌေးဇော်က နိရဥ္စရာသို့ ပြောဆိုသည်။

ရုံးထုတ်သူရှစ်ဦးထဲတွင်  စောနိုင်၊ မောင်သန်းဝေ၊ ထွန်းဝင်း၊ ဦးဘမောင်နှင့် ထွန်းစိုးနိုင်တို့ ပါ၀င်သည်ဟု သိရသည်။

“သူတို့ကို မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)နဲ့ တရားစွဲဆိုတာ ဖြစ်ပါတယ်။ အောက်တို ဘာလ ရ ရက်နေ့မှာလည်း နောက်ထက် နှစ်ယောက်ကို ရုံးထုတ်မှာ ဖြစ်ပါတယ်”ဟု ဒုရဲအုပ် ဌေးဇော်က ပြောသည်။

ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်မှု စွဲချက်ဖြင့် ယခုနှစ် ဧပြီလ အတွင်းက လူပေါင်း (၃၀) ကျော်ကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အချို့ကို ပြန်လွှတ်ကာ ကျန် လူပေါင်း ၂၀ ခန့်ကို ကျောက်တော်ရဲစခန်းသို့ လွဲပြောင်းပေးခဲ့သည်။

ယင်းအထဲမှ မင်းပြားမြို့နယ် လဟာကျယ်ကျေးရွာအုပ်ချုပ်ရေးမှူးကို ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်သူများကို ကူညီထောက်ပံ့မှု ပုဒ်မ ၁၇ (၁)ဖြင့် လွန်ခဲ့သော စက်တင်ဘာလ ၂၈ ရက်နေ့က အလုပ်နှင့် ထောင်သုံးနှစ် ချမှတ်ခဲ့သည်။

၎င်းထောင်ချမှုမှာ သက်သေအထောက်အထား ခိုင်လုံမှု မရှိဟုဆိုကာ မြောက်ဦးခရိုင်တရားရုံးတွင် အယူခံ ဝင်သွားမည်ဖြစ်ကြောင်း သူအမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေမကြီး ဒေါ်အေးနုစိန်က နိရဥ္စရာသို့ ပြောဆိုသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...