ဒိုင်ကပင်နယ်တီပေးမှုက အသင်းကို နစ်နာစေ၍ ရခိုင်ယူနိုက်တက်အသင်း ကွင်းထဲမှထွက်

ဒိုင်ကပင်နယ်တီပေးမှုက အသင်းကို နစ်နာစေ၍ ရခိုင်ယူနိုက်တက်အသင်း ကွင်းထဲမှထွက်
by -
နိရဥ္စရာ
ယမန်နေ့က ရန်ကုန်ယူနိုက်တက် အသင်းနှင့် ရခိုင်ယူနိုက်တက် အသင်းတို့ ကစားရာတွင် ဒိုင်၏ ဆုံးဖြတ်ချက်က အသင်းကို နစ်နာစေ၍ ကွင်းထဲမှ ဆက်မကစားဘဲ ထွက်ခွာလားခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ယူနိုက်တက် အသင်း၏ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

၂၀၁၅ မြန်မာနေရှင်နယ်လိဂ် လူငယ်အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂၄) ကို  အောက်တိုဘာလ ၅ရက်နေ့က  ရန်ကုန်မြို့ ပဒုမ္မာကွင်း၌ ရန်ကုန် အသင်းနှင့် ရခိုင် အသင်း တို့ ယှဉ်ပြိုင်ကစားရာတွင် ကွင်းလယ်ဒိုင်မှ ရန်ကုန် အသင်းအတွက် ပင်နယ်တီသတ်မှတ်ပေးခဲ့သည့်အပေါ် ရခိုင်အသင်းမှ မကျေနပ်၍ ဆက်မကစားတော့ဘဲ ကွင်းထဲမှ ထွက်ခွာသွားခဲ့သည်။

“ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ဟာ အသင်းကို နစ်နာစေပါတယ်။ အတင်းအကျပ်ကြီး ပင်နယ်တီပေး
သလိုဖြစ်နေပါတယ်။ အစကတည်းက ရည်ရွယ်ပြီးပေးတဲ့ သဘောမျိုးဖြစ်နေပါတယ်။ ဒါကြောင့် ပွဲကို ဆက်မကစားဘဲ ထွက်လာခဲ့ကြတာပါ”ဟု အမည်မဖော်လိုသူ ရခိုင်အသင်း တာဝန်ရှိသူက ဆိုသည်။

၎င်းပြင်သူက “ကွင်းလယ်ဒိုင်ဟာ ပွဲကိုကိုင်တွယ်နိုင်လောက်အောင် အရည်အသွေး မပြည့်ဝသေးဘူး လို့ နည်းပြ တစ်ဖွဲ့လုံးက ယုံကြည်ထားပါတယ်။ ဒါကြောင်းပွဲဟာ အဓိပ္ပာယ်မရှိဘဲ ရသကင်းမဲ့ သွားခဲ့ရပါတယ်။ ပွဲကြည့်ပရိတ်သတ်တွေကိုတော့ အထူးတောင်းပန်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ထိုပွဲစဉ်တွင် နှစ်သင်းစလုံး ကစားပုံကြမ်းတမ်း၍ မိနစ် ၈၀တွင် ရခိုင်အသင်းမှ နှစ်ဝါတစ်နီဖြင့် ကစားသမားတစ်ဦး ထုတ်ပယ် ခံခဲ့ရသည်။ ပွဲချိန် ၈၅မိနစ် အရောက်တွင် ရန်ကုန်ကစားသမား  ရန်ခကို ရခိုင် ကစားသမားများ ဖျက်ထုတ်ပုံ ကြမ်း၍ဟုဆိုကာ  ဒိုင်က ပင်နယ်တီ ပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့သည်။

“ကိုယ့်ရန်ကုန်အသင်း  အချင်းချင်း ပြိုင်ပွဲတွေမှာ သိပ်ပြဿနာမရှိပေမယ့် နိုင်ငံတကာ ပြိုင်ပွဲတွေ ဆိုရင်တော့ မကောင်းပါဘူး။ ဒိုင်လုပ်မယ့်သူတွေကို မွမ်းမံ သင်တန်းတွေ ပေးသင့်ပါတယ်။ မနေ့က ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စည်းကမ်းထိန်းသိမ်းရေးကော်မတီကိုတော့ ဖြစ်စဉ် သုံးသပ်ချက်ကိုတော့ စာတင်ထားပါတယ်။ စည်းကမ်းထိန်း သိမ်းရေး ကော်မတီရဲ့ဆုံးဖြတ်ချက်အပေါ်မှာ ဆက်လက်ဆောင်ရွက်သွားမှာပါ”ဟု ရခိုင်အသင်း တာဝန်ရှိသူက ဆိုသည်။

ပြိုင်ပွဲနှင့်ပတ်သတ်၍ ရန်ကုန် အသင်းမှ တာဝန်ခံကိုကျော်ကိုဆင့်မှ ယခုလို ပြောဆိုကြောင်း  7 Day Daily တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

“ကျွန်တော်တို့ အသင်း အနေနဲ့ ပြိုင်ပွဲရဲ့ စည်းမျဉ်းအတိုင်းပဲ လိုက်နာခဲ့ပါတယ်။ ရခိုင်အသင်း ပြန်သွား ခဲ့ပေမယ့် ပွဲပြီအောင် နေခဲ့ ပါတယ်။ ဒီပွဲကို ဂိုးမရှိသရေလို့  သတ်မှတ်ခဲ့ပေမယ့် စည်းကမ်း ထိန်းသိမ်းရေးရဲ့ ဆုံးဖြတ်ချက်ထွက်လာရင် အဖြေပြောင်းသွားနိုင်ပါတယ်”ဟု ပြောသည်။

၂၀၁၅- မြန်မာလူငယ် နေရှင်နယ်လိဂ် အမှတ်ပေးပွဲစဉ်တွင်  ရတနာပုံအသင်းက ရမှတ် ၅၁မှတ် ဖြင့်  ဦးဆောင်နေပြီး ရန်ကုန် ယူနိုက်တက်အသင်းက ရမှတ် ၄၉ မှတ်ဖြင့် ဒုတိယဖြစ်ကာ ရခိုင်အသင်းမှာ ရမှတ် ၃၅ မှတ်ဖြင့် စတုတ္တနေရာတွင် ရပ်တည်နေကြောင်းလည်း သိရသည်။

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...