မင်းဂံလူငယ် ဆက်ဆံရေးဆုံရပ်မှ (၄) ကြိမ်မြောက် ကွန်ပျူတာသင်တန်းပြုလုပ်

မင်းဂံလူငယ် ဆက်ဆံရေးဆုံရပ်မှ (၄) ကြိမ်မြောက် ကွန်ပျူတာသင်တန်းပြုလုပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံအကွက် (၁၀) အခြေစိုက် မင်းဂံလူငယ် ဆက်ဆံရေးဆုံရပ်မှ (၄) ကြိမ်မြောက် ကွန်ပျူတာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၎င်းရပ်ကွက်ရှိ ပညာမဂ္ဂင်ကျောင်းတိုက်တွင် အောက်တိုဘာလ ၄ ရက်နေ့က ပြုလုပ်ခဲ့သည်။

“ယနေ့ကမ္ဘာကြီးမှာ အသုံးလုံးဖြစ်တဲ့ အိုင်တီ၊ အင်တာနတ်၊ အင်္ဂလိပ်စာ မတတ်ရင် ကမ္ဘာကြီးနဲ့ အချိတ်အဆက်လုပ်လို့ မရဘဲ ဖြစ်နေပါတယ်။ ဒီအသုံးလုံးကို ခေတ်လူငယ်တွေ တတ်ဖို့ လိုအပ်လာပါတယ်။ ရခိုင်ပြည်နယ်ဟာ လူမှုရေး၊ စီးပွားရေး၊ ပညာရေးမှာ နိမ့်ကျနေတဲ့အတွက် ကလေးတွေ အဲ့ဒီလို ပညာမျိုးတတ်မြောက်ဖို့ အတွက် ဒီသင်တန်းကို ဖွင့်ရခြင်းဖြစ်ပါတယ်”ဟု ပညာမဂ္ဂင်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။

ဆရာတော်အနေဖြင့် မင်းဂံအကွက် (၁၀) မှ စိတ်ပါဝင်စားသူ လူငယ်များကို စုစည်းကာ မင်းဂံလူငယ် ဆက်ဆံရေးဆုံရပ်အဖွဲ့ကို ဖွဲ့စည်းပြီး ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်နိုင်စေရန် ကြိုးစားလုပ်ဆောင် နေခြင်းဖြစ်သည်ဟု သိရသည်။

“ရခိုင်ပြည်နယ်ပြန်လည် ထူထောင်ရေးမှာ တစ်ဘက်တစ်လမ်းက ကူညီနိုင်အောင်ဆိုပြီးတော့ ပညာရေးကဏ္ဍအတွက် ကြိုးစားလုပ်ဆောင်ခဲ့တာ ၈ နှစ်တာပြည့်မြောက်ခဲ့ပါပြီ။ ဝေဠုဝန်ကျောင်းနဲ့ ကျေးတောဘုန်းတော်ကြီးကျောင်းတွေမှာ ဘက သင်ကျောင်းထူထောင်နိုင်အောင် ကြိုးစားခဲ့ပါတယ်”ဟု ဆရာတော်က မိန့်ကြားသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်နေပြီး ပညာရေး၊ ကျန်းမာရေးကောင်းမှ တိုးတက်နိုင်မည်ဖြစ်၍ ကွန်ပျူတာအခမဲ့သင်တန်းများကို ပို့ချနေခြင်းဖြစ်သည်ဟု ကွန်ပျူတာသင်တန်းဆရာ ဦးစောထွန်းကပြောသည်။

“ဆရာတော်ပြောတဲ့ ခေတ်မီအသုံးလုံးကို တတ်မြောက်ရင် ဒီခေတ်မှာ အလုပ်ရဖို့ လွယ်ကူ ပါတယ်။ ပညာရပ် တစ်ခုဆိုတာ ဆည်းပူးရုံနဲ့မပြီးဘူး။ အမြဲတမ်းလေ့ကျင့်မှု ရှိမှတိုးတက်မှာ ဖြစ်ပါတယ်။ အဲ့ဒီပညာတွေကို တတ်မြောက်ထားရင် ကိုယ့်အတွက်အကျိုးရှိတယ်၊ ကိုယ့်မိသားစုအတွက် အကျိုးရှိတယ်၊ တိုင်းပြည်နဲ့လူမျိုးအတွက် အကျိုးရှိနိုင်မှာဖြစ်ပါတယ်”ဟု သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သူ ရခိုင်သမိုင်းသုတေသီ ဦးမောင်ဗသိန်းက ပြောသည်။

ယခုလက်ရှိတွင် မင်းဂံလူငယ်ဆက်ဆံရေးဆုံရပ်အဖွဲ့သည် ကွန်ပျူတာဆရာတစ်ဦး၊ ဆရာမတစ်ဦးနှင့် အကူ ဆရာမလေးဦးဖြင့် ကွန်ပျူတာသင်တန်းများကို ပညာမဂ္ဂင်ကျောင်းတိုက်တွင် သင်ပြလျက်ရှိသည်ဟု သိရသည်။

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...