တောင်ကုတ်ရွာမတွင် ဆိုင်ကယ်တိုက်၍ ကိုးတန်းကျောင်းသား တစ်ဦးသေဆုံး

တောင်ကုတ်ရွာမတွင် ဆိုင်ကယ်တိုက်၍ ကိုးတန်းကျောင်းသား တစ်ဦးသေဆုံး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ရွာမသွားလမ်းခွဲတွင် ယမန်နေ့က ဆိုင်ကယ်နှစ်စီး မျက်နာချင်း တိုက်ရာမှ ကိုးတန်းကျောင်သား တစ်ဦးသေဆုံးသွားသည်ဟု ရွာမ ဒေသခံ ဦးခင်မောင်ရီက နိရဥ္စရာသို့ ပြောသည်။

“သေဆုံးသွားသူ ကိုးတန်းကျောင်းသားမှာ ကြက်ကိုင်းရွာ ထွန်းထွန်းနိုင် (၁၆) နှစ် (ဘ)  ဦးကွမ်းတင် ဖြစ်ပါတယ်။ ကားလမ်းမကြီးကနေ ရွာမရွာကို ဝင်လာတဲ့ ၁၃ မိုင် သုံးဖာလုံ လမ်းမှာ နေ့လယ် တစ်နာရီမှာ တိုက်တာပါ။ ရွာမတိုက်နယ်ဆေးရုံကို ယူလာပြီး ညနေ ၁၀ နာရီမှာ အသက်ဆုံးသွားပါတယ်”ဟု ဦးခင်မောင်ရီက ပြောသည်။

ဆိုင်ကယ်နှစ်စီးမှာ မျက်နာချင်းဆိုင် တိုက်ခြင်း ဖြစ်ပြီး ထွန်းထွန်းနိုင်တွင် ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ပြီး ၎င်းဒဏ်ရာဖြင့် သေဆုံးသွားခြင်း ဖြစ်သည်။

တခြား ဆိုင်ကယ်မျက်နာချင်းဆိုင် တိုက်သူမှာ တောင်ကုတ်မြို့နယ် တန်းလွဲဒေသ လက်ပံကျွန်းရွာက မောင်မျိုးမင်းသူ (၂၄) နှစ် (ဘ) ဦးသိန်းမြင့် ဖြစ်ကြောင်း၊ မျိုးမင်းသူ အပေါ်သွားကျိုးပြီး နုတ်ခမ်းကွဲ သွားကာ ဘယ်ဘက် ပေါင်တွင်လည်း ဒဏ်ရာရရှိသွားသဖြင့် ဆေးရုံတင်ထားရသည်ဟု သိရသည်။

ယခုအခါ ယင်းအမှုအား ယာဉ် (ပ) ၃/၂၀၁၅ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇၊ ၃၃၈၊ ၃၀၄ (က) ဖြင့် စခန်းမှူး ဦးအောင်မြင့်ထွန်းက စစ်ဆေးလျက်ရှိကြောင်း ရွာမရဲစခန်းမှ ပြောကြားသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...