စစ်တွေမြို့ ဘီလူးမတံတားကို ကျပ်သိန်း ၂၆၈၀ အကုန်အကျခံ တည်ဆောက်

စစ်တွေမြို့ ဘီလူးမတံတားကို ကျပ်သိန်း ၂၆၈၀ အကုန်အကျခံ တည်ဆောက်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့မှ အထင်ကရ တံတားတစ်စင်း ဖြစ်သော ဘီလူးမတံတားကို ကျပ်သိန်းပေါင်း ၂၆၈၀ အကုန်အကျခံကာ တည်ဆောက်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ဘီလူးမတံတားသည် စစ်တွေမြို့ လမ်းမကြီးတွင် တည်ရှိပြီး မြို့လယ်ချောင်းကို ဖြတ်သန်းတည်ဆောက်ထားသဖြင့် လူသွား လူလာများကာ စစ်တွေမြို့ သမိုင်းနှင့်အတူ တည်ရှိလာသည့်တံတား ဖြစ်သည်။

“တံတားအရှည် ပေ ၄၀ ရှိပါတယ်။ အကျယ်က လူသွား ပလက်ဖေါင်းနှစ်ခု အပါအဝင် ပေ ၅၀ ထိရှိမှာ ဖြစ်ပါတယ်။ ဆုထူးစံကုမ္ပဏီက တာဝန်ယူတည်ဆောက်မှာ ဖြစ်ပါတယ်”ဟု ဆုထူးစံကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးဆန်းဝင်းကပြောသည်။

တံတားတည်ဆောက်ရန် ခွင့်ပြုရန်ပုံငွေ ၂၆၈၀ သိန်းဖြစ်ပြီး ခံနိုင်ဝန် တန် ၆၀ ရှိသည်ဟု သူက ဆက်လက် ပြောဆိုသည်။

နှစ်ပေါင်း ၂၀ ကျော်ရှိပြီဖြစ်သည့်အပြင် ခိုင်ခန့်လှပမှု မရှိသဖြင့် ဘီလူးမတံတားကို အသစ်ပြန်လည် တည်ဆောက်ခြင်းဖြစ်သည်ဟု သိရသည်။

စစ်တွေမြို့ ဒေသခံတစ်ဦး ဖြစ်သူ ဦးကျော်ဇောလှကမူ တံတား အသစ်တည်ဆောက်သည့်အပေါ် ကြိုဆိုသော်လည်း လမ်းမကြီးကွန်ကရစ်ခင်းသလို မဖြစ်ဖို့ အရေးကြီးကြောင်း ပြောဆိုသည်။

“ကျွန်တော်တို့ စစ်တွေမြို့မှာ ဖွံ့ဖြိုးရေး စီမံကိန်ဆိုပြီး လုပ်နေတာတွေ အများအပြားရှိပါတယ်။ ဒီအပေါ်မှာ ကြိုဆိုပါတယ်။ ဒါပေမယ့် လမ်းမကြီးလို သိန်းသောင်းနဲ့ချီ အကုန်အကျခံပြီး ကွန်ကရစ်ခင်း အဆင့်မြင့်တင်သလို မဖြစ်ဖို့ လိုပါတယ်။ ကွန်ကရစ်ခင်းပြီး တနှစ်တောင် မပြည့်ဘူး။ လမ်းမကြီးမှာ ချိုင့်ခွက်တွေနဲ့ ဟိုကပေါက် ဒီကပေါက် မြင်မကောင်းအောင် ဖြစ်နေပါပြီ။ နေပူတာနဲ့ ကွန်ကရစ်လမ်းက ထွက်လာတဲ့ ဖုန်မှုန့်တွေကြောင့် စစ်တွေ တစ်မြို့လုံး ကျန်းမာရေးထိခိုက်ပြီး ဒုက္ခရောက်နေကြရပါပြီ”ဟု ဦးကျော်ဇောလှက ဆိုသည်။

စစ်တွေမြို့ ပွိုင့်ကမ်းခြေ သာယာလှပရေးအတွက် အဆင့်မြင့်တင်သဖြင့် ရှုခင်းသာလမ်းမှာ တိုးတက်ကောင်းမွန်လာသော်လည်း စစ်တွေဟိုတည်အနီးရှိ တံတားချဉ်းကပ်လမ်းမှာ ခိုင်ခန့်မှု မရှိသဖြင့် ယိုယွင်းပျက်စီးသွားပြီ်ဟု သိရသည်။

ဘီလူးမ တံတားနှင့် မြို့လယ်ချောင်းစီမံကိန်း အောက်ပိုင်းတို့သည် ၂၀၁၆ ခုနှစ် မတ်လအတွင်း ပြီးစီးမည်ဟု သိရသည်။

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...