ဒေါက်တာ အေးမောင်နှင့် ဦးဇော်အေးမောင် တို့အား လေးဝတီကုလရက္ခိတအသင်းမှ အမျိုးသား ဂုဏ်ထူးဆောင်ဆု ချီးမြှင့်

ဒေါက်တာ အေးမောင်နှင့် ဦးဇော်အေးမောင် တို့အား လေးဝတီကုလရက္ခိတအသင်းမှ အမျိုးသား ဂုဏ်ထူးဆောင်ဆု ချီးမြှင့်
by -
နိရဥ္စရာ
လေးဝတီ ကုလရက္ခိတ ပရဟိတအသင်းမှ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြိံး ဦးဇော်အေးမောင်တို့အား အမျိုးသား ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်လိုက်ကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၃ရက်နေ့က ဒုတိယ အကြိိမ်မြောက် ကျင်းပသည့် ကလေးသူငယ်များ ပညာရေး ရံပုံငွေ ရခိုင်လူငယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲတွင် ၎င်းဆုများကို ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

“၂၀၁၀ မြန်မာ့အပြောင်းအလဲကနေ ဒီနေ့ထိ ရခိုင်လူမျိုးနဲ့ ရခိုင်ပြည်နယ် အကျိုးစီးပွားအတွက် ဆောင်ရွက်ခဲ့တဲ့ သူတွေပါ။ အားလုံးထဲမှာ ထင်ထင်ပေါ်ပေါ် နဲ့ လူအများက လက်ခံယုံကြည့်သူ တွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသား ဂုဏ်ထူးဆောင်ဆုကို ချီးမြှင့်ရတာပါ”ဟု လေးဝတီ ကုလရက္ခိတ ပရဟိတအသင်း (ဗဟို) ဥက္ကဋ္ဌ ကိုဗျာလက ဆိုသည်။

ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးဇော်အေးမောင်မှလည်း “အမျိုးသား ဂုဏ်ထူးဆောင်ဆု ချီးမြှင့် ခံရတယ်ဆိုတာ ဝမ်းသာဂုဏ်ယူစရာပါ။ ဒါကြောင့် ရခိုင်လူမျိုးနဲ့ ရခိုင်ပြည်နယ် အကျိုးစီးပွားအတွက် ပိုပြီးတော့ ဆောင်ရွက်ပေးရတော့မယ်လို့ ပြောချင်ပါတယ်။ ဒီအခမ်းအနားမှာ ဒီလို ဆုမျိုးချီးမြှင့် ခံရလိမ့်မယ်လို့ ကြို မသိခဲ့ပါဘူး။ တက်ရောက်လာတဲ့ ဧည့်ပရိတ်သတ်တွေရဲ့ ထောက်ခံမှုကြောင့်  ဒီဆုကို ရရှိတာဖြစ်တဲ့အတွက် ပိုပြီးတန်ဖိုးရှိပါတယ်”ဟု နိရဥ္စရာသို့  ပြောသည်။

ရခိုင်အမျိုးသားကွန်ရက်(ANN) ဥက္ကဋ္ဌ ကိုတင်ထူးအောင်ကလည်း ယခုကဲ့သို့ ရခိုင်ခေါင်းဆောင်နှစ်ဦး ဆုချီးမြှင့်ခံရသဖြင့် အမျိုးသားအကျိုးစီးပွားကို ပိုပြီးဆောင်ရွက်လာနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း  နိရဥ္စရာသို့  ပြောဆိုသည်။

“အမျိုးသား ပြန်လည်သင့်မြတ် ရေးနဲ့ အမျိုးသား အကျိုးစီးပွားကို ဆောင် ရွက်နိုင်လို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခံရတာပါ။နောက်ထပ်လည်း  အမျိုးသားအကျိုးစီးပွားကို ပိုပြီးဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု  ကိုတင်ထူးအောင်က ပြောသည်။

ဆုအား ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်မှာ ကိုယ်တိုင် လက်ခံရယူခဲ့သော်လည်း  ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည် ပါတီအောင်နိုင်ရေး မဲဆွယ်ဟောပြောပွဲ အတွက် ရခိုင်ပြည်နယ် တွင်ရောက်ရှိနေ၍ သူ့ကိုယ်စား ရမ်းဗြဲမြို့နယ်အသင်း(ရန်ကုန်)ဥက္ကဋ္ဌ  ဦးစိုးဝင်းက လက်ခံရယူခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့  အောက်တိုဘာ ၃ ရက်၊ မွန်းလွဲ ၂ နာရီတွင် ကျင်းပရာ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရခိုင်ယူနိုက်တက် ဘောလုံး အသင်းပိုင်ရှင် ဦးဇော်မြင့်သိန်း တက်ရောက်ပြီး ပွဲအတွက် အလှူငွေ ၁၅ သိန်းပေးအပ်ခဲ့သည်။

ရခိုင်လူမျိုး အဆိုတော်များဖြစ်သည့် မိုင်၊ ရတနာမိုင်၊ ဆုမြတ်ထက်၊ မိချောတို့ တက်ရောက်အားပေး တေးသီချင်းများဖြင့် သီဆို ဖြေဖျော်ခဲ့ကြောင်းလည်း သိရသည်။

ဘောလုံးပြိုင်ပွဲတွင် အသင်း ၂၄ သင်း ပါ၀င်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာတိုင်းအားကစားကွင်းတွင် အောက်တိုဘာလ ၂၅ ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...
December 8, 2025
ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ...