မြောက်ဦး ရှေးဟောင်းနယ်မြေတွင် နိုင်ငံခြား ဧည့်သည်များအတွက် အိမ်သာဆောက်လုပ်မှု ကန့်ကွက်ခံရ

မြောက်ဦး ရှေးဟောင်းနယ်မြေတွင် နိုင်ငံခြား ဧည့်သည်များအတွက် အိမ်သာဆောက်လုပ်မှု ကန့်ကွက်ခံရ
by -
နိရဥ္စရာ
မြောက်ဦးမြို့ ရှေးဟောင်းနယ်မြေ နန်းတော်ရာကုန်း တတိယတံတိုင်း အပြင်ဘက်ရှိ ရေတွင်း အနီးတွင် ရှေးဟောင်း သုတေသနဌာက နိုင်ငံခြား ဧည့်သည်များအတွက် အိမ်သာဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက်ထားသည်ဟု သတင်းရရှိသည်။

“ကျွန်တော်တို့က မဆောက်ခင်ကတည်းက ရှေးဟောင်းနယ်မြေ ဖြစ်တာရယ်။ ရေတွင်းနဲ့ နီးတဲ့ အတွက်ရယ် ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမယ့် ဆောက်လုပ်ခဲ့ပါတယ်။ အခုတော့ ကန့်ကွက်မှုတွေ များလာတော့ ဆောက်လုပ်ပြီးသွားပြီဖြစ်ပေမယ့် အသုံးမပြုဘဲ ပိတ်ထားရပါတယ်”ဟု ၎င်းအနီးရှိ ပတ်ဝန်းကျင်မှ မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ ကန့်ကွက်သဖြင့် ယခုအခါ  ယင်းအိမ်သာမှာ ပြီးစီးသွားြပြီဖြစ်သော်လည်း အသုံးမပြုရဘဲ ပိတ်ထားရသည်ဟု သတင်းရရှိသည်။

ဒေသခံများ ကန့်ကွက်ပြီးနောက် ၎င်းအိမ်သာအား ရွှေ့ပြောင်းရန်နှင့် နောက်ထပ် အသစ်တစ်လုံး ဆောက်လုပ်ရန် ညွှန်ကြားထားသည်ဟု မြောက်ဦး ရှေး/သု လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ပြောဆိုသည်။

“တတိယ တံတိုင်းအထဲမှာ မဟုတ်ပါဘူး။ အပြင်မှာပါ။ မြို့ခံ လူထုက ကန့်ကွက်တာ မဟုတ်ပါ။ အိမ်သာ ဆောက်လုပ် တာကို အနီးအနားကလူ သုံးယောက်က ကန့်ကွက်ထားပါ။ တစ်ယောက်က ကန့်ကွက်ရင်လည်း မဆောက်ပါဘူး။ အခု ကုမ္ပဏီ ကို စာထုတ်ထားပါတယ်။ ဆက်လက် မဆောက်ဖို့၊ မသုံးဖို့၊ နောက်ထပ် နေရာရွှေ့ပြောင်းပြီး တစ်လုံးဆောက်လုပ်ဖို့ ကုမ္ပဏီကို စာထုတ်ထားပါတယ်”ဟု သူက ပြောသည်။

မည်သည့် ရည်ရွယ်ချက်ကြောင့် ရှေးဟောင်းသုတေသန နယ်မြေထဲတွင် အိမ်သာ ဆောက်လုပ်ရ ပါသလဲဟု မေးမြန်းရာ ဦးဆန်းဝင်းက “မြောက်ဦးမြို့မှာ အိမ်သာရှားပါးတဲ့အတွက် နိုင်ငံခြား ခရီးသွားများ ဧည့်သည်များ သွားလာရေး လွယ်ကူချောမွေ့စေရေးအတွက် ရည်ရွယ်ဆောက်လုပ်တာ ပါ။ အိမ်သာက မြောက်ဦးမြို့ထဲမှာလည်း မရှိပါ။ နန်းရာကုန်း ထက်မှာလည်း မရှိပါ။ ဒီအတွက် တံတိုင်းထဲမှာ မဟုတ်ပါ။  တံတိုင်း အပြင်မှာပါ။  အဲဒီနေရာကို ရှေးဟောင်း သုတေသန အာဘော် အတိုင်း ရွေးတာ မဟုတ်ပါ။ ဟို ဌာနဆိုင်ရာတွေလည်း ပါပါတယ်။ စည်ပင်၊ ကျန်းမာရေး ဌာကို မေးပါတယ်။ ၁၅ ပေအကွာဆိုရင် ဆောက်လို့ရတယ်။ အဲဒီရေတွင်းက သောက်ရေ လည်း မဟုတ်ပါ။ သုံးရေအဆင့်ဘဲ ရှိပါတယ်။ အခု မြို့မှာလည်း ရေတွေ အများကြီး ပေးထားပါတယ်။ အဲဒီ ရေတွင်းကို မသုံးပါ”ဟု ပြန်လည် ဖြေကြားပြောဆိုသည်။

၎င်းအိမ်သာအား ဖြိုဖျက်ရန် အစီအစဉ်ရှိပါလား မေးမြန်းရာ သူက “ဖြိုဖို့ အစီအစဉ်ရှိပါတယ်။ အခု အဲဒီ အိမ်သာကို အသုံးမပြုဖို့ ညွှန်ကြားထားပါတယ်”ဟု သူက ပြောဆိုသည်။

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...