ကလေးခရိုင်အတွင်း မသန်စွမ်းသူများ အလွယ်တကူမဲပေးနိုင်ရေး သီးခြား ဆောင်ရွက် ထားခြင်းမရှိ

ကလေးခရိုင်အတွင်း မသန်စွမ်းသူများ အလွယ်တကူမဲပေးနိုင်ရေး သီးခြား ဆောင်ရွက် ထားခြင်းမရှိ
by -
ကိုမိုးကျော်
စစ်ကိုင်းတိုင်း ဒေသကြီး ကလေးခရိုင်အတွင်း မသန်စွမ်းမဲပေးမည့်သူများအတွက် ရွေးကောက်ပွဲ ကော်မရှင်ဘက်မှ သီးခြားစီစဉ် ဆောင်ရွက်ထားခြင်းမရှိဟုု ကော်မရှင်ထံမှ သတင်းရရှိသည်။

ကလေးခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးဂင်ခန့်ပေါင် (Gin Khan Pau)က “ နိုင်ငံတကာတွေမှာလို မသန်စွမ်း တွေအတွက် သီးသန့်မဲ ထည့်နိုင်ရေးအတွက် စီစဉ်ထား တာတော့ မရှိဘူး။ အသုံးပြုမယ့် မဲပြားနဲ့ပဲ မဲပေးရမှာပါ။ ဒါပေမယ့် အလွယ်တကူ မဲထည့်လို့ ရနိုင်အောင် ရွေးကောက်ပွဲနေ့ မဲလာထည့်ကြတဲ့ အချိန်မှာ သူတို့ရဲ့ မိဘ ၊ ညီအကိုရင်း တဦးဦးကသော် လည်းကောင်း လုုိက်ပိုု့လုုိ့ ရပါတယ် ” ဟုပြောသည်။

ယခုု လာမည့်ရွေးကောက်ပွဲတွင် ကလေးခရုုိင်အတွင်း မသန်စွမ်း မဲပေးမည့် လူဦးရေမှာ ရ၀ ဦးရှိသည်ဟုု သတင်းရရှိသည်။
 
ကလေးမြို့ ချင်းအမျိုးသား ဒီမိုကရစ်တစ်ပါတီ ဥက္ကဌ ပူးဗန်ကင်းကတော့ မသန်စွမ်းသူများ အလွယ်တကူ မဲပေးနိုင် ရေးအတွက် ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင် အပါအဝင်၊ ရပ်မိရပ်ဖများ အနေဖြင့် အိမ်တိုင်ရာရောက် သွားရောက်ကာ မဲထည့်ခိုင်း သင့်သည်ဟု ပြောသည်။

“ဘာလို့လည်း ဆိုတော့ မသန်စွမ်းသူတွေကို ဒုက္ခမပေးတာ ကောင်းတယ်။ တကယ်လို့ ကော်မရှင်အနေနဲ့ လုပ်ချင်တယ်ဆိုရင်တော့ မသန်စွမ်းသူတွေရှိတဲ့ အိမ်တိုင်းကို ရပ်ကွက် ကော်မရှင် အပါအဝင်၊ ရပ်မိရပ်ဖနဲ့ အတူသွားရောက်ပြီး မဲပေးခိုင်းသင့်တယ်။ သူဘယ်ပါတီကို မဲပေးတယ် ဆိုတာလည်း ကြည့်စရာမလိုဘူး။ ဒါမှမဟုတ် မဲရုံအတွင်းထိ ဘယ်သူက ပဲခေါ်ခေါ် အထဲမှာက သူတို့ လူတွေပဲ ဖြစ်နေတဲ့အတွက် ကျွန်တော့ အနေနဲ့ မယုံတာဖြစ်တယ်” ဟု ဦးဗန်ကင်း ကပြောသည်။

ကလေးခရိုင်တွင် မဲပေးနိုင်သူ မသန်စွမ်းဦးရေ ကျား ၃၇၅၊ မ ၄၁၅ စုစုပေါင်း ရ၉၀ ဦးရေရှိသည်။ အလားတူ ကလေးဝနယ်တွင် မသန်စွမ်းဦးရေ ကျား ၅၇၊ မ ရ၉ စုစုပေါင်း ၁၃၆ ဦးရှိပြီး၊ မင်းကင်းနယ်တွင် မသန်စွမ်းဦးရေ

ကျား ၁၀၅ ဦး၊ မ ၁၃၇ ဦး စုစုပေါင်း ၂၄၂ ဦးရှိကြောင်း ကလေးမြို့ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သတင်းရရှိသည်။
နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ကလေးမြို့နယ်အတွင်း မဲရုံပေါင်း ၁၂၆ ရုံရှိပြီး၊ မဲပေးနိုင်သူဦးရေ ၃ သိန်းကျော်ခန့် ရှိသည်ဟု ကလေးခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦး ဂင်ခန့်ပေါင် ကပြောသည်။

January 15, 2016
“သင်တန်းတွေ တက်ရတဲ့အခါ ကိုယ်လိုချင်တာကို တောင်းဆိုဖို့နဲ့ ဌာနချုပ်က သဘောထားတွေကို တီးခေါက်...
December 18, 2015
အဆိုပါ သင်တန်းအား ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများကို အသုတ် (၅)သုတ်ခွဲ၍ သင်တန်းပေးခြင်း...
December 15, 2015
“ကိုယ်စားလှယ်လောင်း အားလုံးတင်ဖြစ်တယ် ပြသနာတော့ မရှိသေးဘူး သူတို့တွေရဲ့ တင်ပြချက်တွေ အပေါ်...
December 14, 2015
မေး။  ။ ၂၀၁၆မှာ နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာသုံး သပ်ပေးပါ။ဖြေ။...